ယူနန်ကျင်မိုင်တောင်ပေါ်တွင် တိမ်ပင်လယ်ရှုခင်းများကို ကြည့်ရှုရန် အကောင်းဆုံးသောအချိန် ရောက်ရှိနေ
2024-10-18 15:31|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ကျင်မိုင်တောင်သည် ယူနန်ပြည်နယ်၏ အနောက်တောင်ပိုင်းဒေသတွင် တည်ရှိ၍ မြေအနေအထားမှာ မိုးမိုးမတ်မတ် ဖြစ်ပြီး ရေငွေ့များ ပြည့်နှက်ထားသည်။ ဤရက်များအတွင်း အပူချိန်ကျဆင်းလာပြီး စိုထိုင်းဆ မြင့်မားလာသောကြောင့် တောင်တန်းများအကြားရှိ ရေငွေ့များသည် ငွေ့ရည်ဖွဲ့လာပြီး အိပ်မက်ကဲ့သို့သော တိမ်ပင်လယ်ရှုခင်းများကို ပေါ်လွင်လာ၍ ကျင်မိုင်တောင်ပေါ်တွင် တိမ်ပင်လယ်ရှုခင်းများကို ကြည့်ရှုရန် အကောင်းဆုံးသောအချိန် ရောက်ရှိနေသည်။
ကျင်မိုင်တောင်ပေါ်မှ တိမ်ပင်လယ်များသည် တောင်တန်းများ၊ ကျေးရွာများ၊ လက်ဖက်တောများနှင့် ကောင်းကင်တို့ကို ကောင်းမွန်စွာ ရောနှောပေါင်းစပ်စေကြ၍ လူများကို ကြည်နူးဆွတ်မောစေသည့် လှပပန်းချီကားလိပ် တစ်ချပ်ချပ်ကို ဖန်တီးပေးထားကြသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ






