တရုတ်-ဗီယက်နမ် နယ်စပ်ရှိ ဟယ်ခုတ်ဆိပ်ကမ်းမှတစ်ဆင့် ပြည်၀င်ပြည်ထွက်သည့် လူဦးရေမှာ အယောက်ပေါင်း ၄ သန်းကျော်ရှိ
2024-10-18 10:41|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ဟယ်ခုတ်ဆိပ်ကမ်းသည် တရုတ်-ဗီယက်နမ် နယ်စပ်ရှိ ယူနန်ဒေသမှ အကြီးဆုံးသော ကုန်းကြောင်းဆိပ်ကမ်း ဖြစ်ပြီး ဗီယက်နမ်နိုင်ငံ လာကိုင်မြို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်ထား၍ ၎င်း၏ လွယ်ကူသော အမြန်လမ်းနှင့် မီးရထားလမ်း သယ်ယူပို့ဆောင်ရေး အခြေအနေများကြောင့် ပိုများသော တရုတ်နှင့် နိုင်ငံခြား ခရီးသည်များအတွက် နယ်စပ်ခရီးသွားရန်နှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားရန် ဦးစားပေးရွေးချယ်သည့် ဆိပ်ကမ်း ဖြစ်လာသည်။
ဟယ်ခုတ် နယ်စပ်စစ်ဆေးရေးဂိတ်မှ စာရင်းကောက်ခြင်းအရ ယခုနှစ်မှစတင်၍ အောက်တိုဘာလ ၄ ရက်နေ့ ၂၃ နာရီအထိ ဟယ်ခုတ်ဆိပ်ကမ်းတွင် ပြည်ဝင်ပြည်ထွက်သည့် ခရီးသည် လူဦးရေမှာ အယောက်ပေါင်း ၄ သန်း ကျော်လွန်ခဲ့ပြီး ၄.၀၄၂ သန်းအထိ ရှိခဲ့ကာ မနှစ်က အချိန်တူကာလထက် ၅၂ ရာခိုင်နှုန်း တိုးလာခဲ့၍ တရုတ်-ဗီယက်နမ် နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းမှာ အဆက်မပြတ် ဖြာထွက်လာသည့် ရှင်သန်သောစွမ်းအားကို ပြသခဲ့သည်။
河口口岸是中越边境云南段最大的陆路口岸,与越南老街隔河相望,因其具有便捷的高速公路和铁路运输条件,成为越来越多中外旅客边境游、跨境游的首选口岸。
据河口边检站统计,今年以来,截至10月4日23时,河口口岸出入境人数突破400万人次,达到404.2万人次,同比增长52%,展现中越边境跨境旅游不断迸发的活力。(记者熊轩昂)
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- ပထမ ၄ လအတွင်း ဟယ်ခုတ်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ဝင်ပြည်ထွက် ခရီးသည်ပမာဏ အကြိမ်ရေ ၂ သန်းကျော်ရှိလာခဲ့
- ယူနန်၏ နိုင်ငံခြားကုန်သွယ်မှုသည် သုံးလပတ် ၅ ခုဆက်တိုက် တိုးတက်လာခဲ့
- တရုတ်-လာအို-ထိုင်း ပထမဆုံး ရထားလမ်းတစ်လျှောက် အအေးခန်း သစ်သီးတင်သီးသန့်ရထား ကူမင်းသို့ ရောက်ရှိလာခဲ့
