ဒုတိယအကြိမ် တရုတ်နိုင်ငံ ရိုးရာအားကစားလှုပ်ရှားမှုဆိုင်ရာ နိုင်ငံတကာ ဖလှယ်ပြိုင်ပွဲကို ကူမင်းမြို့၌ ကျင်းပရမည်
2024-10-17 10:55|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) အောက်တိုဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဒုတိယအကြိမ် ရိုးရာအားကစားလှုပ်ရှားမှုဆိုင်ရာ နိုင်ငံတကာ ဖလှယ်ပြိုင်ပွဲကို ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပရမည် ဖြစ်သည်။ ၎င်းသည် တရုတ်နိုင်ငံလုံးဆိုင်ရာ အားကစားအဖွဲ့ချုပ်မှ ဦးစီးကျင်းပ၍ နိုင်ငံတော် အားကစားဝန်းကြီးဌာနအောက်ရှိ ပြင်ပအားကစား ဖလှယ်ရေးစင်တာ၊ ယူနန်ပြည်နယ် အားကစားဦးစီးဌာနနှင့် ကူမင်းမြို့ ပြည်သူ့အစိုးရတို့မှ ပူးတွဲပြီး တာဝန်ခံကျင်းပကြသည့် နိုင်ငံတကာ အကြီးစား ပြည်သူလူထုအားကစားဆိုင်ရာ ဖလှယ်ရေးပြိုင်ပွဲ ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် ဝူရှူးသိုင်းပညာ၊ ကိုယ်လက်ကြံ့ခိုင်ရေး ချိကုန်းသိုင်း၊ ဝိုင်းပိတ်ကျားနှင့် နဂါးခြင်္သေ့အကကခြင်း ဟူသော အားကစားလှုပ်ရှားမှု ၄ ခုကို စီစဉ်ကြပြီး နိုင်ငံနှင့်ဒေသများ အခုပေါင်း ၂၇ မှ အားကစားအဖွဲ့များ၊ ပြိုင်ပွဲဝင်လူဦးရေ စုစုပေါင် ၇၂၃ ဦး ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်၍ တရုတ်ပြည်ပမှ ပြိုင်ပွဲဝင်မှာ ၃၅၃ ဦး၊ ပြည်တွင်းမှာ ၃၇၀ ဦး ရှိကြသည်။
ပြိုင်ပွဲ ကျင်းပပြုလုပ်သည့် အဆင့်ကို ပိုမိုမြှင့်တင်စေရန် ဤပြိုင်ပွဲကျင်းပကာလအတွင်း ဖွင့်ပွဲ (ပိတ်ပွဲ) အခမ်းအနား၊ တိုင်းရင်းသား အားကစား တင်ဆက်ပြသပွဲနှင့် တရုတ်ရိုးရာ အားကစားလှုပ်ရှားမှုဆိုင်ရာ ယဉ်ကျေးမှုပြပွဲစသည့် ယဉ်ကျေးမှုဖလှယ်ရေး လှုပ်ရှားမှုများကို ကျင်းပရမည် ဖြစ်၍ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ပရိသတ်များကို အားကစားယှဉ်ပြိုင်မှုအား ကြည့်ရှုခံစားရင်း တရုတ်ရိုးရာ အားကစား ယဉ်ကျေးမှုများ၏ နက်ဝှမ်းကြွယ်ဝမှုအား နက်ရှိုင်းစွာ သရှိနားလည်စေနိုင်သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
- ကမ္ဘာ့ ပထမဆုံး မြင်ကွင်းကျယ် တောတောင် ရှုခင်းကြည့်ရထားသည် လိကျန်းမြို့တွင် စတင်ပြေးဆွဲ
- ကမ္ဘာ့"ရှန်ဂရီလာ"မှ ပန်းခရီးစဉ် နွေဦးပန်းပြပွဲကို ကျင်းပနေ
- ကူမင်းမြို့ ဘတ်စ်ကားကုမ္ပဏီသည် နွေဦးရာသီခရီးစဉ်အတွက် ဘတ်စ်ကားလိုင်း ၂၆ လိုင်းကို စတင်ပြေးဆွဲ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကူမင်းမြို့ ကျင့်နင်ရပ်ကွက်တွင် Truffle ကို စိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးပွားစေ
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု