"လန်ချန်း-မဲခေါင် သစ်သီးဝလံ ဝယ်ယူပွဲမှ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုသီးသန့်ပွဲ" လှုပ်ရှားမှုကို ကူမင်းမြို့၌ ကျင်းပခဲ့
2024-10-17 10:50|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ယူနန်ပြည်နယ် ကုန်သွယ်ရေးဦးစီးဌာနမှ ဦးစီးကျင်းပပြီး လန်ချန်း-မဲခေါင် နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တရုတ်ဘက် အတွင်းရေးမှူးရုံးမှ တာဝန်ခံကျင်းပသည့် "လန်ချန်း-မဲခေါင် သစ်သီးဝလံ ဝယ်ယူပွဲမှ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုသီးသန့်ပွဲ" လှုပ်ရှားမှုကို ကူမင်းမြို့ ထွန်တယ်ရင်ပြင်၌ ကျင်းပခဲ့သည်။
ကူမင်းမြို့အခြေစိုက် ကမ္ဘောဒီးယား ကောင်စစ်ဝန်ချုပ်၊ လာအိုကောင်စစ်ဝန်ချုပ်နှင့် ဗီယက်နမ် ကုန်သွယ်ရေးကောင်စစ်ဝန်တို့သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ကြသည်။ သုံးနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ အရာရှိများသည် ပြောကြားခဲ့သည်မှာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး စနစ်၏ ဦးဆောင်မှုဖြင့် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် သုံးနိုင်ငံတို့နှင့် တရုတ်နိုင်ငံအကြားတွင် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာကြောင်း၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဘက်တွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း၊ အနာဂတ်တွင် အဖက်ဖက်တို့သည် အရည်အသွေးမြင့် လယ်ယာထွက်ကုန်များ အရောင်းမြှင့်တင်စေရေးနှင့် လုံခြုံရေးစံချိန်စံညွှန်း သတ်မှတ်ရေး စသည့် နယ်ပယ်များတွင် ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းလာစေရန် အကြံပေးကြောင်း ဖြစ်ကြသည်။
ဝယ်ယူပွဲတွင် ဗီယက်နမ်နိုင်ငံမှ သရက်သီး၊ နဂါးမောက်သီး၊ ဒူးရင်းသီး၊ ကမ္ဘောဒီးယားနိုင်ငံမှ အုန်းသီး၊ နဂါးမျက်လုံးသီးနှင့် လာအိုနိုင်ငံမှ ငှက်ပျောသီး စသည့် သုံးနိုင်ငံတို့မှ အရည်အသွေးမြင့် သစ်သီးဝလံများနှင့် ယူနန်ဒေသထွက် ထူးခြားသော ထုတ်ကုန်များသည် စားသုံးသူ အများအပြားကို လာရောက်မြည်းစမ်း၊ ဝယ်ယူရန် ဆွဲဆောင်ထားကြသည်။
ဖွင့်ပွဲအခမ်းအနားနေ့တွင် ယူနန်ပြည်နယ် ကုန်သွယ်ရေးဦးစီးဌာနသည် ပြည်နယ်အတွင်းမှ လယ်ယာထွက်ကုန်များ ရွေးချယ်ဝယ်ယူရေးနှင့် ရောင်းချရေး ကုန်သည်များကို သုံးနိုင်ငံမှ ကုမ္ပဏီများနှင့်အတူ ဝယ်ယူပွဲ ကြည့်ရှုလည်ပတ်ခြင်းနှင့် ညှိနှိုင်းဆွေးနွေးခြင်း ဆောင်ရွက်စေရန် ဖွဲ့စည်းခဲ့သည်။ ထို့ပြင် ဝယ်ယူပွဲ ကျင်းပကာလအတွင်း သုံးနိုင်ငံမှ ကုန်သည်များကို ကူမင်းမြို့ရှိ လယ်ယာထွက်ကုန်ဈေးကွက်သို့ သွားရောက်လေ့လာရန် စီစဉ်ပေးပြီး အဖက်ဖက်မှ ကုမ္ပဏီကိုယ်စားလှယ်များမှာ ဤအကြိမ် သစ်သီးဝလံဝယ်ယူပွဲနှင့် လန်ချန်း-မဲခေါင် နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းမှတစ်ဆင့် ပိုမိုများပြားသော စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ရရှိနိုင်ရန်၊ ယူနန်ပြည်နယ်နှင့် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် သုံးနိုင်ငံအကြားမှ လယ်ယာထွက်ကုန်ဆိုင်ရာ ကုန်သွယ်ရေးပမာဏကို အဆက်မပြတ် တိုးချဲ့နိုင်ရန် မျှော်လင့်ထားကြသည်။
昆明信息港讯(昆明日报 记者缪亚平)10月11日至16日,由云南省商务厅主办,澜湄跨境经济合作中方秘书处承办的“澜湄水果采购节·越南专场、柬埔寨老挝专场”活动在昆明同德广场举行。
柬埔寨驻昆总领事华索帕拉、老挝驻昆总领事邦当·巴萨帕迪、越南驻昆商务领事阮俊英出席启动仪式并致辞。3国领事馆官员均表示,在澜湄合作机制的引领下,柬埔寨、老挝、越南与中国的经贸合作日益深化,希望能与中国云南在促进贸易和投资方面进行合作,建议未来各方在推广优质农产品、制定安全标准等领域加强交流合作。
活动现场,越南的芒果、火龙果、榴莲,柬埔寨的椰子、龙眼,老挝的香蕉等来自越南、柬埔寨、老挝的优质水果以及云南本土的特色产品吸引了广大消费者驻足品尝、购买。
活动当天,省商务厅组织省内农产品采购商、贸易商与3国参展企业进行观展洽商,在活动间隙组织3国客商前往昆明有关农产品市场考察,希望各方企业代表通过本次水果采购节、澜湄跨境经济合作平台达成更多的经贸合作,不断扩大滇柬、滇老、滇越农产品贸易规模。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ