ယူနန်ပြည်နယ်၌ ကျောက်တုံးများမှ ထွက်လာသည့် အသံများကို နားထောင်

2024-10-15 15:44|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား ခင်ခင်ယူနန်ပြည်နယ် ချူကျင့်မြို့ လိုဖင်ခရိုင်ကို ရည်ညွှန်းသည့်အခါ ပထမဆုံး သတိရသည်မှာ လှပသော ဆီထွက်မုန်ညင်းစိမ်းပန်းများ ဖြစ်ရမှာပါ။ သို့ရာတွင် ရှေးအထက်ကျော်ကာလတွင် ဤနေရာသည် တကယ်တော့ ပင်လယ်သမုဒ္ဒရာ ဂေဟစနစ် အပြည့်အဝရှိသည့် သမုဒ္ဒရာတစ်ခု ဖြစ်ခဲ့ပြီး ဤအရာအားလုံးသည် ရုပ်ကြွင်းကျောက်ပုံစံဖြင့် ကျန်ရစ်ခဲ့ကြသည် ဖြစ်သည်။

1727054_2048x2048

၂၀၀၇ ခုနှစ်တွင် သိပ္ပံပညာရှင်များသည် လိုဖင်ခရိုင်၌ ငါးရုပ်ကြွင်းကျောက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ တူးဖော်မှုလုပ်ငန်းကို နက်ရှိုင်းစွာ ဆောင်ရွက်လာသည်နှင့်အမျှ ဖော်ထုတ်တွေ့ရှိရသည့် ရုပ်ကြွင်းကျောက်များ၏ အမျိုးအစားမှာလည်း ပိုမိုစုံလင်လာ၍ ကြီးမားသော ရှေးဟောင်းသတ္တဝါ အပေါင်းစုတစ်စုသည် ကမ္ဘာသူကမ္ဘာသားတို့၏ အရှေ့တွင် ပြသထားသည်။ ဤသတ္တဝါအပေါင်းစုကို "လိုဖင်သတ္တဝါအပေါင်းစု"ဟု အမည်ပေးထားပြီး ခေတ်ကာလမှာ နှစ်ပေါင်း ၂၄၀ သန်းရှိပြီ ဖြစ်သည့် Middle Triassic Anisian Age ဖြစ်သည်။

1727055_2048x2048

ဤနေရာ၌ ပင်လယ်နေ တွားသွားသတ္တဝါမျိုး၊ ငါးမျိုး၊ Conodont မျိုး၊ ကိမိလပိုးကောင်မျိုး၊ အရေပြားပေါ် ဆူးပေါက်သောအကောင်မျိုး၊ ကျောရိုးမဲ့ ကိုယ်ခန္ဓာ ပျော့နုသောအကောင်မျိုး၊ ရုက္ခပင်နှင့် ရှေးဟောင်းအကြွင်းအကျန်မှ ရုပ်ကြွင်းကျောက် စသည့် အဓိက ရုပ်ကြွင်းကျောက် အမျိုးအစားများ ရှိကြသည် ဖြစ်၍ ကမ္ဘာပေါ်တွင် အမျိုးမျိုးအစားစား အများဆုံးရှိသည့် Triassic ပင်လယ်နေ ရုပ်ကြွင်းကျောက်များ စုစည်းရာနေရာများထဲမှ တစ်ခုဖြစ်သည်။

1727056_2048x2048

ယူနန့်နဂါးငါး၊ ကိမိလပိုးကောင်ဖြစ် Yunnanaspis tuberculataနှင့် လိုဖင် Asiomorpha coarctata စသည့် "လိုဖင်သတ္တဝါအပေါင်းစု"ထဲတွင် မြှပ်နှံထားသော ရုပ်ကြွင်းကျောက်များကို တစ်ခုပြီးတစ်ခု တူးဖော်တွေ့ရှိပြီး အမည်ပေးထားသည်နှင့်အမျှ ဤနေရာတွင် လွန်ခဲ့သည့် နှစ်သန်းပေါင်း ၂၄၀ မှ ပိုင်ဆိုင်ထားသည့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ "မက်ခရိုပုံ"ကို ပေါင်းစပ်လာကြသည်။

1727057_2048x2048


提到曲靖市罗平县,首先想到的便是美丽的油菜花。但在远古时期,这里其实是一片海洋,拥有着完整的海洋生态系统,这一切都被以化石的形式保留了下来。

1727054_2048x2048

2007年,科学家在罗平发现了一个鱼化石。随着发掘工作的深入,出露的化石也更加多样化,一个庞大的古生物群落展现在世人面前,由此将其命名为“罗平生物群”,时代为中三叠世安尼期,距今2.4亿年。

1727055_2048x2048

这里的主要化石门类有海生爬行类、鱼类、牙形石类、节肢类、棘皮类、软体动物、植物以及遗迹化石等,为世界上多样性最丰富的三叠纪海生化石库之一。

1727056_2048x2048

云南龙鱼、节肢动物瘤点云南圆蟹、罗平中华千足虫……随着埋藏在罗平生物群的化石逐一被发掘、命名,这里拼凑出了一张属于2.4亿年前的生物多样性“宏图”。

1727057_2048x2048

အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်