ရွှေဆောင်းဦးရာသီတွင် ယူနန်ပြည်နယ် ပင်ချွမ်ခရိုင်ထဲ၌ စိုက်ပျိုးထားသည့် သစ်ချသီးများသည် အဝါရောင်ဖြစ်လာပြီး စားလျှင် မွှေးရနံ့အရသာ အပြည့်ခံစားရ
2024-09-23 15:47|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) စက်တင်ဘာလ ဒုတိယဆယ်ရက်ပတ်အတွင်း ယူနန်ပြည်နယ် ပင်ချွမ်ခရိုင်ထဲ၌ စိုက်ပျိုးထားသည့် သစ်ချသီးများသည် ရင့်မှည့်လာပြီး ဒေသခံများမှာ သစ်ချသီးအစားအစာများကို ချက်ပြုတ်သည့် အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကျီးဇူတောင်မြို့နယ် ဆာဇီရွာမှ အိမ်ရှေ့အိမ်နောက်တွင် သစ်ချပင် အများအပြားရှိပြီး သစ်ချသစ်တောကို ဖြစ်လာသည်။ ဤနေရာတွင် သစ်ချသီး စားသုံးနည်း အမျိုးမျိုးရှိကာ အစိမ်းလိုက်စားခြင်း၊ သကြားလှော်ခြင်း၊ ပြုတ်ခြင်း စသည်တို့ ပါဝင်ကြသည်။ ဒေသခံများသည် သစ်ချာသီးနှင့် မတူသော အစားအစာပစ္စည်းများကို ပေါင်းစပ်ပြီး အရသာကောင်းသည့် ဟင်းလျာများကို ချက်ပြုတ်ရန် နှစ်သက်ကြသည်။ သစ်ချသီးများဖြင့် ဟင်းလျာများကို ချက်ပြုတ်ခြင်းသည် လူများအား ရသာရုံ၏ ခံစားမှုကို ရရှိစေရုံသာမက ရာသီ၏ မျက်မြင်သက်သေလည်း ဖြစ်ကာ သဘာဝ၏ နွေးထွေးမှုနှင့် ပြည့်စုံကုံလုံမှုကို ကမ်းလှမ်းပေးထားသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့






