၂၀၂၄ ခုနှစ် ရှန်ဂရီလာ Tricholoma matsutake အစားအသောက်ပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပနေ

2024-08-28 15:11|ရောင်စုံတိမ်တံတား

00306417482_862cb59a

(ရောင်စုံတိမ်တံတား ခင်ခင်ဆောင်းဦးရာသီတွင် ရာသီဥတု အေးမြလာသည်နှင့်အမျှ "လူ့လောကမှနတ်ပြည်"ဟူသော နာမည်ကောင်း ရှိပြီး လျှို့ဝှက်နက်နဲသော နေရာတစ်ခုဖြစ်သည့် ယူနန်ပြည်နယ် တီချင့် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ရှန်ဂရီလာမြို့သည် ၎င်း၏ အကောင်းဆုံးသော ရာသီချိန်ထဲသို့ ဝင်ရောက်နေပြီ ဖြစ်သည်။ ဩဂုတ်လ ၁၈ ရက်နေ့တွင် ရှန်ဂရီလာ Tricholoma matsutake အစားအသောက်ပွဲကို တူခယ်ဇုံရှေးဟောင်းမြို့ထဲတွင် စတင်ကျင်းပခဲ့သည်။ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ အစားအသောက် ယဉ်ကျေးမှုနှင့် နွေရာသီ ကျောင်းပိတ်ရက်ကာလထဲတွင် ခရီးထွက်ခြင်းတို့ကို စုစည်းထားသည့် ဤလှုပ်ရှားမှုကို စက်တင်ဘာလ ၁ ရက်နေ့အထိ ဆက်လက်ကျင်းပမည် ဖြစ်ပြီး ပြည်တွင်းပြည်ပမှ ခရီးသည်များကို ပိုမိုဆွဲဆောင်နိုင်ပြီး ဆောင်းဦးရာသီ ခရီးသွားလုပ်ငန်းအတွက် တောက်ပသော အရောင်များ တိုးဖြည့်ပေးနိုင်မည် ဖြစ်သည်။

00306417481_4fb2c627

ယခုနှစ် အစားအသောက်ပွဲသည် တီချင့်ပြည်နယ်ခွဲ ကူးသန်းရောင်းဝယ်ရေးဌာန၊ တီချင့်ပြည်နယ်ခွဲ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဌာနတို့မှ ဦးစီးကျင်းပပေးသည် ဖြစ်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသော လှုပ်ရှားမှုများကို ကျင်းပခြင်းဖြင့် ရှန်ဂရီလာရှိ Tricholoma matsutake နှင့် ၎င်း၏ နောက်ကွယ်ရှိ အစားအသောက်ယဉ်ကျေးမှုအား ပိုများသောလူကို သိရှိစေပြီးနှင့် နှစ်သက်စေရန်၊ ရှန်ဂရီလာရှိ Tricholoma matsutake အမှတ်တံဆိပ်၏ နိုင်ငံတကာ ကျော်ကြားမှုကို ပိုမိုမြှင့်တင်စေရန်နှင့် တီချင့်ပြည်နယ်ခွဲ၏ စားသောက်ရေးလုပ်ငန်းကို အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထားသည်။

00306417483_14f79fa1

ဤအကြိမ် အစားအသောက်ပွဲ၏ ဝိညာဉ်အဖြစ် ရှန်ဂရီလာရှိ Tricholoma matsutake ဆိုင်ရာ အရသာကောင်း အစားအစာများသည် ထူးခြားသော မွှေးရနံ့၊ ချိုမြသော အရသာနှင့် မြင့်မားသော အာဟာရတန်ဖိုးများ ရှိသောကြောင့် လူများမှာ အာရုံစိုက်၍ ကြည့်ရသည့် ဖို့ကပ်(စ) ဖြစ်လာနေသည်။ ၄င်းသည် အစားအသောက်ပွဲ ဖြစ်ရုံသာမက ယဉ်ကျေးမှုဖလှယ်ပွဲ တစ်ခုလည်း ဖြစ်၍ ပါဝင်သူတိုင်းကို အစားအစာများ ဇိမ်ခံရင်း တီချင့်၏ ထူးခြားသော ညှို့နိုင်စွမ်းအား ခံစားစေနိုင်သည်။

00306417484_6231b25f

အစားအသောက်များအပြင်၊ လှုပ်ရှားမှုများကျင်းပရာတွင် ပိုများသော ခရီးသည်များကို ဆွဲဆောင်နိုင်ရန် တီချင့်ပြည်နယ်ခွဲ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဌာနသည် ခရီးသွားလုပ်ငန်းဆိုင်ရာ ဦးစားပေးမူဝါဒများကို ထုတ်ပြန်ခဲ့ကြသည်။ ဥပမာအားဖြင့်၊ စက်တင်ဘာလ ၁ ရက်နေ့မှ လာမည့်နှစ် မတ်လ ၈ ရက်နေ့အထိ ဘာလာကယ်ဇုံ ရှုခင်းသာရပ်ကွက်အတွင်းရှိ ဟိုတယ်တွင် တည်းခိုပါက ရှုခင်းသာရပ်ကွက်ထဲသို့ အခမဲ့ဝင်နိုင်မည်၊ အောက်တိုဘာလ ၈ ရက်နေ့မှ လာမည့်နှစ် မတ်လ ၈ ရက်နေ့အထိ ဆုံဇန်လင်ရှုခင်းသာရပ်ကွက်နှင့် ဖူတာချိုအမျိုးသားဥယျာဉ်တို့သည် ရှန်ဟိုင်းမှ ခရီးသည်များအတွက် အခမဲ့လက်မှတ် ချပ်ပေါင်း ၅၀၀၀ ပြင်ဆင်ပေးကြမည်၊ ဆီခါဆီးနှင်းတောင် ရှုခင်းသာရပ်ကွက်သည်လည်း စမ်းသပ်လည်ပတ်မှုကာလအတွင်း အဝင်လက်မှတ် လျှော့ချခြင်းစသည့် ဦးစားပေးမူဝါဒများကို ကြေညာခဲ့သည်။

00306417485_42d7a7bb

00306417486_69f10b92

00306417482_862cb59a

跟着秋季天气凉爽的脚步,迪庆藏族自治州香格里拉市,这片被誉为“人间仙境”的神秘之地,又迎来它最美好的季节。8月18日,“中华美食荟·好味云南——香格里拉松茸美食节”在独克宗古城内举办。这一汇聚商务合作,美食文化与暑期旅游的活动将持续到9月1日,将吸引更多国内外游客的目光,为秋日旅游再添亮色。

00306417481_4fb2c627

今年的美食节由迪庆州商务局、迪庆州文化和旅游局主办,将通过一系列精彩纷呈的活动,让更多人了解和喜爱香格里拉松茸及其背后的美食文化,进一步提升香格里拉松茸品牌的国际知名度,推动迪庆餐饮业的高质量发展。

00306417483_14f79fa1

香格里拉松茸美食,作为本次美食节的灵魂,以其独特的香气、鲜美的口感及极高的营养价值,成为了万众瞩目的焦点,不仅仅是一场美食的聚会,更是一次文化的交流。它让每一位参与者都能在味蕾的享受中感受到迪庆这片土地的独特魅力。

00306417484_6231b25f

除了美食之外,活动期间迪庆州文化和旅游局还推出了一系列旅游优惠政策,以吸引更多游客前来体验。比如,巴拉格宗景区从9月1日至来年3月8日,入住景区酒店即可享受免景区门票优惠;松赞林景区、普达措国家公园从10月8日至来年3月8日,针对上海籍游客推出了5000张免费门票;石卡雪山景区在试营业期间也推出了门票减免等多项优惠政策。

00306417485_42d7a7bb

00306417486_69f10b92

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Song Janbo

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်