ပြင်သစ်နှင့် ထိုင်းနိုင်ငံမှ Two star နာမည်ကျော်စားဖိုမှူး နှစ်ဦးသည် ကူမင်းမြို့၌ Michelin မှိုစားပွဲကို ချက်ပြုတ်ခဲ့
2024-08-21 15:11|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ပြီးဆုံးခဲ့သည့် တျန်းချီအရှေ့ဘက်ကမ်း နိုင်ငံတကာ ကော်ဖီယဉ်ကျေးမှုပွဲတွင် ပြင်သစ်နိုင်ငံမှ လာသည့် နာမည်ကျော်စားဖိုမှူး Davidနှင့် ထိုင်းနိုင်ငံမှ လာသည့် နာမည်ကျော်စားဖိုမှူး Nooror တို့သည် တျန်းချီရေကန်နှင့် ရှီးဆန်းတောင်၏ နေဝင်ဆည်းဆာထဲတွင် ထိပ်တန်း Michelin မှိုစားပွဲတစ်ပွဲကို ဖန်တီးခဲ့ကြသည်။
ဤလှုပ်ရှားမှု၏ ဆောင်ပုဒ်မှာ မှို ဖြစ်ပြီး ဟင်းလျာစီစဉ်ခြင်း၊ စားပွဲအလှဆင်ခြင်းနှင့် ရောက်ကြောင်းလက်မှတ်ရေးထိုးခြင်း စသည့် အစီအစဉ်များသည် ယူနန်၏ မှိုယဉ်ကျေးမှုအား ပိုများသောလူကို သိရှိစေရန် ရည်ရွယ်ထားသည်။ ကူမင်းမြို့အခြေစိုက် ထိုင်းနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး၊ ထိုင်းနိုင်ငံ အမျိုးသား ခရီးသွားလာရေး ဦးစီးဌာနမှ ကူမင်းမြို့ရှိ စီမံခန့်ခွဲရေးဌာန၊ ထိုင်းနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကူးသန်းရောင်းဝယ်ရေးရုံး၊ ယူနန်ပြည်နယ် ခရီးသွားလာရေးနှင့် ဟိုတယ်လုပ်ငန်းအသင်း၊ ယူနန်ပြည်နယ် စားသောက်ရေးလုပ်ငန်းအသင်း၊ ထိုင်းနိုင်ငံ Blue Elephant စားသောက်ရေးလုပ်ငန်းအုပ်စု၊ Centara ဟိုတယ်လုပ်ငန်းအုပ်စု၊ ကူမင်း Sofitel ဟိုတယ်တို့မှ ကိုယ်စားလှယ်များနှင့် အစားအသောက်ဘလော့ဂါများ၊ နာမည်ကျော်ပုဂ္ဂိုလ်များ စုစုပေါင်း ၁၂ ဦးတို့သည် ကူမင်းမြို့ရှိ ပထမအကြိမ် Two star Michelin ညစာစားပွဲကို တွေ့ကြုံခံစားခဲ့ကြ၍ နိုင်ငံတကာ အစားအစာယဉ်ကျေးမှုနှင့် မြို့ပြ ပူးပေါင်းဆောင်ရွက်မှုအပေါ် နက်နက်ရှိုင်းရှိုင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
ကူမင်းမြို့အခြေစိုက် ထိုင်းနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဖါဝေဝမ်
ကူမင်းမြို့အခြေစိုက် ထိုင်းနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဖါဝေဝမ် ပြောကြားခဲ့သည်မှာ ယခုနှစ်သည် ကူမင်းမြို့အခြေစိုက် ထိုင်းနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး တည်ထောင်ခြင်း နှစ် (၃၀) ပြည့် ဖြစ်ပြီး လာမည့်နှစ်သည် တရုတ်နှင့် ထိုင်းနိုင်ငံ သံတမန်ဆက်ဆံရေး တရားဝင် ထူထောင်ခြင်း နှစ် (၅၀) ပြည့် ဖြစ်ကာ ယခုနှစ်ဖြစ်စေ လာမည့်နှစ်ဖြစ်စေ တရုတ်နှင့် ထိုင်းနိုင်ငံအကြား၊ ထိုင်းနှင့် ယူနန်ပြည်နယ်အကြား အခမ်းအနား အများအပြားကို ကျင်းပမည် ဖြစ်၍ တရုတ်-ထိုင်း ဆက်ဆံရေး၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် စီးပွားရေး၊ ကျန်းမာရေးလုပ်ငန်း၊ ဟိုတယ်နှင့် စားသောက်ရေးလုပ်ငန်း၊ အပြန်အလှန်ချိတ်ဆက်မှုနှင့် လုပ်သားပြည်သူများအကြား ပေါင်းသင်းဆက်ဆံမှု စသည့် နယ်ပယ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သည့် အားကောင်းသော အလားအလာကို ဆက်လက်ထိန်းသိမ်းနိုင်ရန် မျှော်လင့်ထားသည် ဖြစ်သည်။
ထိုင်းနိုင်ငံ အမျိုးသားခရီးသွားလာရေး ဦးစီးဌာန ကူမင်းမြို့ရှိ စီမံခန့်ခွဲရေးဌာနမှ ဌာနမှူး ချူဝေ
ထိုင်းနိုင်ငံ အမျိုးသားခရီးသွားလာရေး ဦးစီးဌာန ကူမင်းမြို့ရှိ စီမံခန့်ခွဲရေးဌာနမှ ဌာနမှူး ချူဝေ ပြောကြားခဲ့သည်မှာ တရုတ်နှင့် ထိုင်းနိုင်ငံအကြား အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ပေးမှုကြောင့် နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းနှင့် ခရီးသည်များအတွက် အဆင်ပြေမှု ပိုမိုရရှိခဲ့သည်၊ အနာဂတ်တွင် တရုတ်ခရီးသည်များကို ထိုင်းနိုင်ငံသို့ အရသာရှိသော အစားအစာများကို မြည်းစမ်းရန်၊ လှုပ်ရှားမှုအမျိုးမျိုးကို ခံစားရန်၊ အထူးထုတ်ကုန်များကို ဝယ်ယူရန်နှင့် မတူကွဲပြားသော ထိုင်းနိုင်ငံကို ရှာဖွေရန် ဖိတ်ကြားမည် ဖြစ်သည်။
Blue Elephant စားသောက်ရေးလုပ်ငန်းအုပ်စုမှ တည်ထောင်သူနှင့် ထိပ်တန်းစားဖိုမှူးချုပ် Nooror
Blue Elephant စားသောက်ရေးလုပ်ငန်းအုပ်စုမှ တည်ထောင်သူနှင့် ထိပ်တန်းစားဖိုမှူးချုပ် Nooror သည် ယူနန်ရှိ အရသာရှိသော ပါဝင်ပစ္စည်းများ အထူးသဖြင့် အမျိုးမျိုးအစုံစုံ ရှိသည့် တောရိုင်းမှိုများကို အလွန်နှစ်သက်သည်။ ၎င်းသည် Nooror တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်သည်၊ သူမသည် ထိုင်းနိုင်ငံထွက် ဟင်းခတ်အမွှေးအကြိုင်များနှင့် ဆော့များကို ယူလာပြီး ယူနန်ပြည်နယ်ရှိ ဒေသခံပါဝင်ပစ္စည်းများနှင့် ပေါင်းစပ်စေ၍ တရုတ်-ထိုင်းအကြား အစားအစာယဉ်ကျေးမှု ဖလှယ်ရေးကို ဆောင်ရွက်ခဲ့သည်။
ပြင်သစ်နိုင်ငံမှ နာမည်ကျော်စားဖိုမှူး David
ယူနန်ပြည်နယ်ရှိ ဒေသခံပါဝင်ပစ္စည်းများကို ပြင်သစ်ယဉ်ကျေးမှု၊ ပြင်သစ်မီနူးတို့နှင့် ပေါင်းစပ်ခြင်းသည် အံ့ဖွယ်ကောင်းသော အကြံဉာဏ်တစ်ခု ဖြစ်သည်ဟု ပြင်သစ်နိုင်ငံမှ နာမည်ကျော်စားဖိုမှူး David သည် ယူဆသည်။ "ပြင်သစ်ဟင်းလျာက ပါဝင်ပစ္စည်းတွေရဲ့ လတ်ဆတ်မှုနဲ့ ရာသီအလိုက်ကို အရမ်းအလေးထားပါတယ်၊ ယူနန်ပြည်နယ်မှာတော့ ကြွယ်ဝတဲ့ ပါဝင်ပစ္စည်းတွေ အများကြီးရှိလို့ အရမ်းကောင်းပါတယ်၊ အဲဒါကြောင့် ကူမင်းရှိ ဒေသခံပါဝင်ပစ္စည်းတွေကို ပေါင်းစပ်ပြီး ပြင်သစ်ဟင်းလျာ ချက်ဖို့ ထင်မြင်ချက်ရှိပါတယ်၊ ဒီအကြိမ်လှုပ်ရှားမှုက ယူနန် အစားအစာယဉ်ကျေးမှုကို ပိုများတဲ့လူသိအောင် အရမ်းကောင်းတဲ့ ဦးတည်ချက်တစ်ခု ဖြစ်ပါတယ်"ဟု David ပြောဆိုခဲ့သည်။
ယူနန်ပြည်နယ် စားသောက်ရေးလုပ်ငန်းအသင်းမှ ဒုတိယဥက္ကဋ္ဌ တုန်ဆောင်ယူ(ညာ)နှင့် ကူမင်းမြို့ နာမည်ကျော်စားဖိုမှူး ကော်မတီမှ ဥက္ကဋ္ဌ ရှီခမ်လင်(ဘယ်)
"အစားအသောက်ကတော့ နိုင်ငံမခွဲခြားပါ။ အခုတစ်ကြိမ် စားဖိုမှူးနှစ်ဦးတို့က သူတို့ရဲ့ လက်သုံးနည်း၊ အယူအဆ၊ အဆန်းထွင်မှုနဲ့ လက်မှုပညာတို့ဖြင့် ယူနန်ရဲ့ ပါဝင်ပစ္စည်းတွေကို ချက်ပြုတ်ပြီး ကျွန်တော်တို့အတွက် ကြီးကျယ်ခမ်းနားတဲ့ ထမင်းစားပွဲတစ်ပွဲကို ဖန်တီးပေးပါတယ်၊ စားသောက်ရေးလုပ်ငန်းမှာ နှစ်ပေါင်း (၃၀) ကျော် ပါဝင်လုပ်ကိုင်ခဲ့သူ တစ်ဦးအနေနဲ့ ကျွန်တော်ဟာ အရမ်းကြိုဆိုပါတယ်၊ အရမ်းပျော်ရွှင်ပါတယ်"ဟု တရုတ်နိုင်ငံမှ ထိပ်တန်းကျော်ကြားသော စားဖိုမှူး ၁၀ ဦးထဲမှ တစ်ဦးဖြစ်သူ၊ ယူနန်ပြည်နယ် စားသောက်ရေးလုပ်ငန်းအသင်းမှ ဒုတိယဥက္ကဋ္ဌ တုန်ဆောင်ယူသည် ပြောဆိုခဲ့သည်။ ယူနန်ပြည်နယ်သည် "တောရိုင်းမှိုအများဆုံးနေရာ" ဟူသော အခေါ်အဝေါ် ရှိပြီး ၎င်း၏ ကြွယ်ဝသော ဇီဝမျိုးစုံမျိုးကွဲများသည် ကြွယ်ဝသော ထုတ်ကုန်များ ကိန်းအောင်းတည်ရှိသည်၊ ပိုများသော လူများကို ကော်ဖီယဉ်ကျေးမှုပွဲ မှတစ်ဆင့် ယူနန်ပြည်နယ်၏ ဂေဟစနစ်အလှကို ချီးမွမ်းအားပေးနိုင်ရန် မျှော်လင့်ကြောင်း တုန်ဆောင်ယူ ပြောဆိုခဲ့သည်။
ကူမင်းမြို့ နာမည်ကျော်စားဖိုမှူး ကော်မတီမှ ဥက္ကဋ္ဌ ရှီခမ်လင်သည် ညစာစားပွဲကို မြည်းစမ်းပြီးနောက် "ဒီဟင်းလျာတွေက ယူနန်ဒေသထွက် ထူးခြားမှုရှိတဲ့ ပါဝင်ပစ္စည်းတွေကို အများကြီး အသုံးပြုပြီး ကြည့်ရတာ အရမ်းသေသပ်ချောမွေ့တယ်၊ ဒီအကြိမ်က အရမ်းကောင်းတဲ့ စူးစမ်းရှာဖွေမှုနဲ့ စမ်းသပ်မှုတစ်ခု ဖြစ်ပြီး တရုတ်၊ ပြင်သစ်နဲ့ ထိုင်း သုံနိုင်ငံတို့ရဲ့ အစားအသောက်ယဉ်ကျေးမှုအပေါ် ကောင်းမွန်တဲ့ ဖလှယ်မှုတစ်ကြိမ် ဖြစ်ပါတယ်"ဟု ပြောဆိုခဲ့သည်။ ဤအကြိမ် Michelin စားဖိုမှူးများနှင့် ဖလှယ်မှုမှတစ်ဆင့် ယူနန်ပြည်နယ်ရှိ ကောင်းသော အရာများကို ပြည်ပသို့ ရောက်ရှိနိုင်ရန် ရှီခမ်လင်လည်း မျှော်လင့်သည်။
在刚刚结束的滇池东岸国际咖啡文化嘉年华上,来自法国的名厨David和来自泰国的名厨Nooror在滇池西山的落日余晖中带来了一场顶级的米其林“菌食盛宴”。
活动以“菌”为主题,从菜品设计、餐桌装饰到签到仪式等都以推广云南的菌文化为目的。来自泰王国驻昆明总领事馆、泰国国家旅游局昆明办事处、泰领馆商务处、云南省旅游饭店行业协会、云南省餐饮及美食行业协会、泰国蓝象餐饮集团、盛泰乐酒店集团、昆明索菲特酒店、美食博主、社会名人等的12位嘉宾体验了昆明首次双星米其林晚宴,就国际美食文化及城市合作进行了深入的交流和探讨。
泰王国驻昆明总领事馆总领事帕薇婉。
泰王国驻昆明总领事馆总领事帕薇婉表示,今年是泰国驻昆总领事馆设馆30周年,明年将迎来中泰正式建交50周年。无论是今年还是明年,中泰两国、泰国与云南之间都将举办很多庆祝活动,希望能促进中泰关系的双向发展,继续保持双方在经济领域、健康产业、酒店和餐饮业、互联互通及民间交往等领域合作的强劲势头。
泰国国家旅游局昆明办事处处长邱惟。
泰国国家旅游局昆明办事处处长邱惟表示,中国与泰国互免签证,给两国旅游业及游客带来了很多便利。未来,将邀请中国游客到泰国品尝美食、感受各种体验活动、购买泰国特色产品、寻找多样化的泰国。
蓝象餐饮集团创始人、首席总厨Nooror。
蓝象餐饮集团创始人、首席总厨Nooror非常喜欢云南美味的食材,尤其是种类繁多的野生菌。这是Nooror第一次来中国,她带来了泰国的香料、酱料,并把这些与云南的本地食材做了融合,进行中泰美食文化的交流。
法国名厨David。
法国名厨David认为,将云南本地食材与法国文化和法式菜单结合起来是一个绝妙的主意。David表示:“法餐最注重食材的新鲜度、季节性。云南有非常丰富的食材,这是非常棒的,所以我才有了结合昆明当地食材来做法餐的想法,此次活动对传播云南美食文化是一个很好的方向。”
云南省餐饮与美食行业协会副会长董超宇(右)和昆明市名厨委主席石康林(左)。
“美食是无国界的。这次两位大厨用他们的手法、理念、创意和工艺把云南的食材展现出来,给我们带来一场视觉和味觉的饕餮盛宴,作为从事餐饮行业30多年的人来说,我非常欢迎,也很开心。”“中国十大名厨”中国烹饪大师、法国国际厨皇美食会“蓝带勋章”、国家级餐饮业一级评委、云南省餐饮与美食行业协会副会长董超宇表示,云南素有“野生菌王国”之称,其丰富的生物多样性,孕育了丰富的物产,希望更多人借咖啡嘉年华的契机宣扬云南的生态之美。
“菜品很精致,用到很多云南特色食材,这是很好的探索和尝试,是对中、法、泰三国美食文化的一次很好交流。”中国注册烹饪大师、注册滇菜烹饪大师、中国注册裁判员、昆明市名厨委主席石康林在品尝晚宴菜品后表示。他也希望,通过此次与米其林大厨的交流,可以把云南好的东西“带出去”。(昆明信息港 记者文丽荣 实习记者胡馨允)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Song Janbo
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ