ကူမင်းမြေအောက်ရထားလိုင်း အမှတ်(၄) မှ တုပ်နန်လတ်ဆတ်ပန်း အထူးရထားသည် စတင်ပြေးဆွဲ
2024-08-08 17:26|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဩဂုတ်လ ၉ ရက်နေ့မှစ၍ ကူမင်းမြေအောက်ရထားလိုင်း အမှတ်(၄) သည် တုပ်နန်လတ်ဆတ်ပန်း အထူးရထားကို စတင်စီစဉ်ရမည် ဖြစ်၍ မြို့သူမြို့သားများနှင့် ခရီးသည်များကို တုပ်နန်ပန်းမန်များ၏ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာ ညို့နိုင်စွမ်းကို နှစ်မြှုပ်ခံစားရန် ဖိတ်ခေါ်ကြသည်။
ယခုတစ်ကြိမ် စတင်ပြေးဆွဲလည်ပတ်သည့် ရထားအသစ်များအနက် ချီးရှီးပွဲတော် တရုတ်ချစ်သူများနေ့၊ လမုန့်ပွဲတော်၊ နိုင်ငံတော်နေ့နှင့် နှစ်ဆန်းတစ်ရက်နေ့ စသည့်အချိန်များတွင် လတ်ဆတ်ပန်း အထူးရထား တစ်စင်း( ရထားတွဲ ၆ တွဲ)ကို ထုလုပ်ရမည် ဖြစ်ပြီး အချိန်တိုင်းတွင် လတ်ဆတ်ပန်းတစ်မျိုး ရွေးချယ်ပြီး အဓိက အကြောင်းအချက်အဖြစ် ရထားတွဲအတွင်းပိုင်းနေရာကို အလှဆင်ရမည်။ ခရီးသည်များသည် မြေအောက်ရထားပေါ်တွင် လတ်ဆတ်ပန်းများ သယ်ဆောင်လာသည့် အမြင်အာရုံပွဲကို ကြည့်ရှုခံစားနိုင်ကြသည်။
ထို့ပြင် ကူမင်းမြေအောက်ရထားလိုင်း အမှတ်(၄) ရှိ ကျင်ကွေကျေမှတ်တိုင်မှ ထွက်ခွာလျှင် တုပ်နန်ပန်းမန်စျေးကွက်သို့ ရောက်ရှိနိုင်သည်။ ခရီးသည်များကို ကူမင်းမြို့ ချန်ကုန်ရပ်ကွက်၏ နွေဦးပန်းမြို့တော် ပြသရာနေရာရှိသည့် ထူထပ်သော ရိုမန်တစ်အား တိုက်ရိုက်ခံစားစေရန် ကျင်ကွေကျေမှတ်တိုင်မှ ပလက်ဖောင်းနှင့် B ထွက်ပေါက်တို့တွင် ပန်းများဖြင့် မွန်းမံရမည် ဖြစ်သည်။
ကူမင်းမြေအောက်ရထားလိုင်း အမှတ်(၄) မှ တုပ်နန်လတ်ဆတ်ပန်း အထူးရထားနှင့် လတ်ဆတ်ပန်းဆောင်ပုဒ် ဖြစ်သည့် ကျင်ကွေကျေမှတ်တိုင်တို့၏ အမှတ်စဉ်(၁) ခြူးပန်းထိရောက်မှုသည် တရုတ်ချစ်သူများနေ့မတိုင်မီ တစ်ရက်အလိုတွင် ပြသမည် ဖြစ်၍ သြဂုတ်လ ၉ ရက်နေ့၌ ကျင်ကွေကျေမှတ်တိုင်ထဲတွင် ဖွင့်ပွဲအခမ်းအနားကို ကျင်းပမည် ဖြစ်သည်။ ဩဂုတ်လ ၁၀ ရက်နေ့ တရုတ်ချစ်သူများနေ့တွင် တုပ်နန်မှတ်တိုင်၊ ကူမင်းတောင်ပိုင်း မီးရထားဘူတာရုံမှတ်တိုင်၊ ကျူဟွာမှတ်တိုင်၊ ဟိုချယ်ပေမှတ်တိုင်၊ တာ့ဆုယင်မှတ်တိုင်နှင့် ကျင်ကွေကျေမှတ်တိုင်တို့၌ သောင်းနှင့်ချီသော လတ်ဆတ်ပန်းအခိုင်များကို ကြိုက်သလို ခွဲဝေပေးသည့်အပြင် ကျင်ကွေကျေမှတ်တိုင်တွင် ဝင်ရောက်ထွက်ခွာသည့် ခရီးသည်များအတွက် လက်ရာမြောက်ပြီး လှပသော တရုတ်ချစ်သူများနေ့ လက်ဆောင်များကိုလည်း ပြင်ဆင်ရမည်၊ တရုတ်ချစ်သူများနေ့တွင် လက်ထပ်စာချုပ် ရရှိသည့် မင်္ဂလာဦး လင်မယား အတွဲ ၂၀ အတွက်လည်း လက်ရာမြောက်ပြီး လှပသောလက်ဆောင်အထုပ်ကို ဖြန့်ဝေရမည် ဖြစ်သည်။
昆明信息港讯 记者段佳琪 8月9日起,昆明地铁4号线将新上线“斗南鲜花主题列车”,邀市民游客沉浸式感受斗南花卉的文旅魅力。
据介绍,本次上新的列车中,将结合七夕、中秋、国庆、元旦等时间节点,打造1列(6节车厢)鲜花主题列车,每个时刻节点会选择一种鲜花作为主元素在车厢内布景装饰。乘客可以在地铁列车上,感受花漾绽放和鲜花带来的视觉盛宴。
同时,昆明地铁4号线“金桂街站”出站后就能直达斗南花卉市场。为了让乘客更加直观感受到呈贡区“春城花都展示区”浓烈的浪漫,还将在金桂街站的站厅、B通道、B出口门头以花为主元素布景美陈。
昆明地铁4号线“斗南鲜花专列”和金桂街鲜花主题站的第一期主题花艺装置效果将于七夕节前一天呈现,8月9日将于金桂街站举办揭幕仪式。而在8月10日七夕节当天,将会在斗南站、昆明南火车站、菊华站、火车北站、大树营站、金桂街站随机派送万枝鲜花,还会为金桂街站进出站乘客准备精美七夕小礼品,为20对七夕领取结婚证的新人发放精美礼包。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ