ယူနန်ပြည်နယ် ရုံဆန့်ခရိုင်ရှိ ၂၀၂၄ ခုနှစ် ယီလူမျိုး မီးရှူးတိုင်ပွဲတော်ကို စတင်ကျင်းပခဲ့
2024-07-31 14:36|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဇူလိုင်လ ၂၇ ရက်နေ့တွင် ယူနန်ပြည်နယ် ကျောက်ထုံမြို့ ရုံဆန့်ခရိုင်ရှိ ဝူကြိုက်ရင်ပြင်တွင် ကောင်းကင်ထဲမှ မီးရှူးမီးပန်းများသည် ထွန်းလင်းတောက်ပပြီး အနှစ်သာရနှင့် ပြည့်စုံသော အနုပညာပူးတွဲပဒေသာကပွဲသည် လူများကို ဆွဲဆောင်၍ ယူနန်ပြည်နယ် ရုံဆန့်ခရိုင်ရှိ ၂၀၂၄ ခုနှစ် ယီလူမျိုး မီးရှူးတိုင်ပွဲတော်ကို တရားဝင် စတင်ကျင်းပခဲ့သည်။
ဤနှစ် ယူနန်ပြည်နယ် ရုံဆန့်ခရိုင်ရှိ ၂၀၂၄ ခုနှစ် ယီလူမျိုး မီးရှူးတိုင်ပွဲတော်တွင် တာထီအက (ယီလူမျိုး၏ ရိုးရာအကတစ်မျိုး)၊ မီးပုံပွဲ၊ ဘတ်စကက်ဘောဂိမ်း၊ တောင်သူလယ်သမားအားကစားပွဲ စသည့် လှုပ်ရှားမှုများကို ကျင်းပပြီး၍ နွေအပူဒဏ်ရှောင်ရန် ခရီးထွက်ခြင်း၊ ကြည့်ရှုလည်ပတ်ခြင်း ဆိုင်ရာ လမ်းကြောင်းများကို ထောက်ခံအကြံပေးခဲ့သည်။ ထို့ပြင်၊ ဤအကြိမ် မီးရှူးတိုင်ပွဲတော်ကို ဒေသပေါင်းစုံဖြင့် ပူးတွဲကျင်းပ၍ မီးပူဖော်ပွဲအခမ်းအနား၊ ယီလူမျိုး၏ ရိုးရာဓလေ့ထုံစံ၊ ရိုးရာအဝတ်တန်ဆာပြသမှု၊ "ဆိုမာဟွာ" ဟုခေါ်သည့် ယီလူမျိုးအလှမယ် အကဲဖြတ်ရွေးချယ်ခြင်း၊ အနုပညာပဒေသာကပွဲ စသည်တို့ အပါအဝင် ဖြစ်သည်။
မီးရှူးတိုင်ပွဲတော်အတွင်း နပန်းပြိုင်ပွဲ၊ ထမ်းပိုးလိမ်ခြင်း၊ ဂျင်ကစားခြင်း၊ ဆီတိုင်တက်ခြင်း၊ မြင်းပြိုင်ပွဲ စသည့် ယီလူမျိုး ရိုးရာပြိုင်ပွဲများကိုလည်း ကျင်းပမည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ



