ကျေးဇူးပြုပြီး ကူမင်းမြို့ရှိ တောရိုင်းမှို ဆွတ်ခူးနိုင်တဲ့ နေရာတွေကို အကြံပြုပေးပါ

2024-06-27 16:16|ရောင်စုံတိမ်တံတား

QQ截图20240627161402

User ဆွေဆွေ၏ မေးခွန်း။ ။ မင်္ဂလာပါ၊ ကျွန်မနဲ့ သူငယ်ချင်းတွေက တောရိုင်းမှို ဆွတ်ခူးသွားချင်လို့ ကူမင်းမြို့ရှိ ဆွတ်ခူးနိုင်တဲ့ နေရာတွေကို အကြံပြုပေး နိုင်ပါသလား။

အယ်ဒီတာ၏ အဖြေ။ ။ မင်္ဂလာပါ၊ သင့်အတွက် နေရာ သုံးလေးငါးခုလောက် ထောက်ခံ အကြံပေးပါမယ်။ သင်က ဒီထဲက ရွေးချယ်နိုင်ပါမယ်။

၁။ ဖန်လုံရပ်ကွက် စုံလုံလမ်းနှင့် အာဇေယင်ရွာ

စုံလုံလမ်းရှိ တောင်တွေထဲမှာ တောရိုင်းမှို အမျိုးအစား များစွာရှိပြီး ဒီထဲမှာ Boletus ရဲ့ အရေအတွက် အများဆုံး ရှိပါတယ်။ အာဇေယင်ရွာမှာ ပေါများကြွယ်ဝတဲ့ သစ်တောအရင်းအမြစ် ရှိပြီး သစ်တောလွှမ်းခြုံမှုနှုန်း ၆၃ ရာခိုင်နှုန်းအထိ ရှောက်ရှိနိုင်ပြီး သဘာဝကျတဲ့ အောက်ဆီဂျင်ဘားကြီးတစ်ခု ဖြစ်ပါတယ်။ တောင်ပေါ်မှာ တောရိုင်းမှို မျိုးစုံရှိပြီး တွေ့မြင်များတဲ့ Russula virescens၊ Agaricus deliciosus၊ Cantharellus cibarius Fr. စတာတွေစလုံး ရှိပါတယ်။

၂။ ချမ်ကုမ်ရပ်ကွက် ဝမ့်ရှီးချုံးရွာ

ချမ်ကုမ်ရပ်ကွက်မှာ ပေါများကြွယ်ဝတဲ့ မြေဆီလွှာအရင်းအမြစ်နဲ့ မိုးရေချိန် ရှိပါတယ်။ လျံဝမ်တောင်၊ ဆုံမောက်ရေလှောင်ကန်၊ လျောက်ကျားတောင်၊ ဝမ့်ရှီးချုံး စတဲ့ နေရာတွေမှာ တောရိုင်းမှို ရှိပြီး တွေ့မြင်များတဲ့ Boletus၊  Russula virescens၊ lurid bolete စတာတွေစလုံး ရှိပါတယ်။

၃။ ရွှင်တျန့်ခရိုင်ရှိ ချီရှင်းမြို့နယ်နဲ့ ဟယ်ခုတ်မြို့နယ်

ရွှင်တျန့်ခရိုင်ရှိ ချီရှင်းမြို့နယ်၊ ဟယ်ခုတ်မြို့နယ်နဲ့ ဇင်တယ်မြို့နယ် စတာတွေဟာ တောတောင်က ထွက်ရှိတဲ့ အဖိုးတန် ရှားပါးတဲ့ အစားအစာအမျိုးမျိုးရဲ့ အဓိကထွက်ရှိရာနေရာတွေ ဖြစ်ကြပြီး ဒီနေရာတွေမှာ Thelephora ganbajun Zang၊ Boletus၊ Russula virescens စတာတွေကို အဓိကပါဝင်ပြီး နှစ်စဉ် ဇူလိုင်လထဲကို ဝင်ရောက်ပြီးတော့ အဖိုးတန် ရှားပါးတဲ့ စားကောင်းသောက်ဖွယ် အများအပြားကို စျေးကွက်မှာ စတင်ရောင်းချလေ့ရှိတယ်။

၄။ ယီလျံခရိုင် ရှောင်ဆောက်ရွာ

ယီလျံခရိုင် ကုတ်ကျေမြို့နယ် ရှောင်ဆောက်ရွာက ကူမင်းမြို့ အရှေ့ဘက် ၅၆ ကီလိုမီတာ အကွာမှာ တည်ရှိပြီး နှစ်စဉ် ဇွန်လ ဒုတိယနဲ့ တတိယ ဆယ်ရက်ပိုင်းက နိုဝင်ဘာလ ဒုတိယဆယ်ရက်ပိုင်းအထိ ရှောင်ဆောက်ရွာရှိ သစ်တောမှာ တောရိုင်းမှို အမျိုးမျိုး ထွက်ရှိပြီး အမျိုးအစား ၃၀၀ က ၅၀၀ အထိ ရှောက်ရှိပြီး Thelephora ganbajun Zang၊ Boletus၊ Russula virescens၊ Agaricus deliciosus စတာတွေ ရှိပြီး ဒီထဲမှာ Thelephora ganbajun Zang အများဆုံးရှိပြီး ယူနန်ပြည်နယ်အတွင်း အကြီးဆုံးတဲ့ Thelephora ganbajun Zang ထွက်ရှိရာဒေသ ဖြစ်တယ်။

၅။ ကျင့်နင်ခရိုင် လျူကျေမြို့နယ် 

ကျင့်နင်ခရိုင်မှာ နာမည်အကြီးဆုံးတာက လျူကျေမြို့နယ်ရဲ့ တောရိုင်းမှိုလမ်းဖြစ်ပြီး Thelephora ganbajun Zang၊ Macrolepiota albuminosa၊ Tricholoma matsutake နဲ့ Boletus စတဲ့ အရည်အသွေး ကောင်းမွန်တဲ့ တောရိုင်းမှို အမျိုး ၂၀ ကျော်ကို အများကြီးထွက်နိုင်ပါတယ်။

၆။ ဆုံမင်ခရိုင် ချန်စုံယွန်သစ်တောကွင်း

ဆုံမင်ခရိုင်မြို့တွင်းရပ်ကွက်နဲ့ ၅ ကီလိုမီတာခန့် ကွာဝေးတဲ့ ချန်စုံယွန်သစ်တောကွင်းမှာ Thelephora ganbajun Zang၊ Russula virescens စတဲ့ တောရိုင်းမှိုတွေကို အများကြီးထွက်နိုင်ပါတယ်။

သတိပေးချက်။ ။ ကျန်းမာရေးနဲ့ လုံခြုံမှုကို အကာအကွယ်ပေးဖို့ ခူးဆွတ်ရတဲ့ တောရိုင်းမှိုတွေကို ကြိုက်သလို စားလို့မရဘူး။

QQ截图20240627161402

网友穗穗提问:您好,我和朋友想去捡菌子,能不能推荐几个昆明的采菌地?

小编解答:您好,我给您推荐几个地方,以供参考。

1.盘龙区-双龙街道、阿子营村

在双龙街道的山里,有许多品种的野生菌,其中牛肝菌数量最为丰富。阿子营拥有丰富的森林资源,森林覆盖率高达63%,是一个天然的“大氧吧”。山上野生菌品种繁多,常见的青头菌、谷熟菌、鸡油菌等应有尽有。

2.呈贡-万溪冲村

呈贡拥有丰富的土壤资源和降水量。梁王山、松茂水库、廖家山、万溪冲片区等地都生长着野生菌,常见品种如牛肝菌、青头菌、见手青等都有。

3.寻甸-七星、河口镇

寻甸各种山珍的主产区在七星、河口和仁德等地,主要有干巴菌、牛肝菌、青头菌等,每年进入7月,各类珍稀美味便大量上市。

4.宜良-小哨

宜良狗街镇小哨野生菌生态旅游村位于昆明市东部56公里处,每年的6月中下旬到11月中旬,小哨生态村森林盛产各类野生菌,品种达300种到500种,有干巴菌、牛肝菌、青头菌、谷熟菌等,尤以干巴菌为盛,是全省最大的干巴菌产地。

5.晋宁-六街镇

晋宁最有名的就是六街镇的菌子街,盛产干巴菌、鸡枞、松茸和牛肝菌等20余种优质野生菌。

6.嵩明-长松园林场

距离嵩明县城约5公里的长松园林场,盛产干巴菌、青头菌等野生菌。

温馨提示:为了健康安全,请勿随意食用采摘到的菌类。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်