ယူနန်ကိုယ်စားလှယ်အဖွဲ့သည် မလေးရှား၊ ထိုင်းနှင့် လာအို သုံးနိုင်ငံသို့ စီးပွားရေးနှင့် ကုန်သွယ်မှု ဆွေးနွေးဖလှယ်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့

2024-06-27 15:38|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား ခင်ခင်ယခုလောက ယူနန်ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနသည် ပြည်နယ်အတွင်းရှိ သစ်သီးဝလံ၊ ရေထွက်ကုန်၊ ပန်းမန်၊ ကုန်စည်ပို့ဆောင်ရေးနှင့် E-commerce စသည့် နယ်ပယ်များမှ ကုမ္ပဏီ (၉) ခုကို စီးပွားရေးနှင့် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ ဖြစ်ရန် ဖွဲ့စည်းခဲ့ပြီး မလေးရှား၊ ထိုင်းနှင့် လာအို သုံးနိုင်ငံသို့ စီးပွားရေးနှင့် ကုန်သွယ်မှု ဆွေးနွေးဖလှယ်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့၍ ကုမ္ပဏီများကို နိုင်ငံတကာ ဈေးကွက်အား ချဲ့ထွင်ရန် အထောက်အကူပြုခဲ့သည် ဖြစ်ကြောင်း သတင်းထောက်က ဇွန်လ ၁၄ ရက်နေ့တွင် ယူနန်ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ သတင်းရရှိခဲ့သည်။

၈ ရက်ကြာ များပြားထူထပ်လှသော ကွင်းဆင်းလေ့လာခြင်းနှင့် ကူးလူးဖလှယ်ခြင်းတို့ဖြင့် ယူနန်ပြည်နယ်မှ ကုမ္ပဏီများနှင့် သက်ဆိုင်ရာ နိုင်ငံများမှ ကုမ္ပဏီများအကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို ချုပ်ဆိုရန် သို့မဟုတ် ပူးပေါင်းဆောင်ရွက်ရေး ကမ်းလှမ်းမှု သဘောတူညီချက် ရရှိရန် တွန်းအားပေးပြီး တရုတ်-လာအို-ထိုင်း နယ်စပ်ဖြတ် ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်း၏ အခြေခံအခြေအနေများကို သိရှိနားလည်စေ၍ နိုင်ငံအသီးသီးမှ အစိုးရဌာန၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ပြည်ပဆိုင်ရာ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ရုံးတို့အကြားမှ ဆက်သွယ်ရေးနည်းလမ်းကို တစ်ဆင့်တိုးပြီး အဟန့်အတားမရှိ တောက်လျှောက်ပေါက်စေကာ အာဆီယံနိုင်ငံများနှင့် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်စေရန်လည်း ကောင်းမွန်သော အခြေအနေများ ဖန်တီးပေးခဲ့သည်။

记者6月14日从云南省商务厅获悉,省商务厅组织省内水果、水产品、花卉、物流、电商等行业的9家企业组成经贸代表团,近日赴马来西亚、泰国和老挝开展经贸交流活动,助力企业开拓国际市场。

8天的密集考察和交流,推动了我省企业与相关国家对口企业签订合作协议或达成合作意向,摸清了中老泰跨境运输物流线路基本情况,进一步畅通了与各国政府部门、商协会及我驻外使领馆的沟通渠道,也为推动与东盟国家经贸合作高质量发展创造了良好条件。(云南日报 记者韩成圆)

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်