ကူမင်း အထွေထွေအခွန်ကင်းလွတ်ခွင့်ဇုန်တွင် နယ်စပ်ဖြတ်ကျော် E-commerce ကုန်ပစ္စည်းများ ရောင်းကောင်းနေ
2024-06-26 14:51|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မေလ ၂၀ ရက်နေ့မှ ဇွန်လ ၁၇ ရက်နေ့အထိ၊ ကူမင်း အထွေထွေအခွန်ကင်းလွတ်ခွင့်ဇုန်တွင် နယ်စပ်ဖြတ်ကျော် E-commerce ကုန်ပစ္စည်း၏ ပို့ဆောင်မှုပမာဏသည် အော်ဒါပေါင်း ၁၈.၇၅ သောင်း ခန့်ရှိပြီး ရောင်းဝယ်ရေးပမာဏသည် ယွမ်ပေါင်း ၁၁ သန်းကျော် ရှိ၍ လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၇ ဆနှင့် ၅.၅ ဆ အသီးသီး တိုးတက်လာကြသည်။
ဤနှစ် "ဇွန်လ ၁၈ ရက်နေ့" E-commerce ပရိုမိုးရှင်းလှုပ်ရှားမှု၏ စတင်ချိန် ပိုစောပြီး ဆက်လက်ချိန်လည်း ပိုကြာသောကြောင့် E-commerce ပလက်ဖောင်းအသီးသီး၏ ပရိုမိုးရှင်းနည်းလမ်း အမျိုးမျိုးရှိပြီး ကူမင်း အထွေထွေအခွန်ကင်းလွတ်ခွင့်ဇုန်ထဲမှ E-commerce ကုမ္ပဏီများသည် ကုန်ပစ္စည်းများကို နှစ်လကြိုတင် သိုလှောင်ထားကြသည်။ "ဒီနှစ်အစပိုင်းမှာ Cainiao (Yunnan) Bonded Central Warehouse က ကူမင်း အထွေထွေအခွန်ကင်းလွတ်ခွင့်ဇုန်ထဲကို ဝင်ရောက်ခဲ့ပြီးတော့ ဇွန်ထဲက လုပ်ငန်းကုမ္ပဏီတွေရဲ့ အရောင်းလမ်းကြောင်းတွေကို ပိုမိုချဲ့ထွင်စေပြီး အခွန်ကင်းလွတ်ခွင့် E-commerceရဲ့ လုပ်ငန်းပမာဏကို ထိရောက်စွာ မြှင့်တင်စေတယ်။ ဒီနှစ် ဇွန်လ ၁၈ ရက်နေ့ E-commerce ပရိုမိုးရှင်းလှုပ်ရှားမှု ပြုလုပ်ချိန်မှာ ဇွန်ထဲက လုပ်ငန်းကုမ္ပဏီများရဲ့ နေ့စဉ်ပျမ်းမျှ ကုန်စည်ပို့ဆောင်မှု ပမာဏဟာ အော်ဒါ ၆ ထောင်အထိ ရောက်ရှိနိုင်ပြီး တစ်နေ့အများဆုံးဟာ ၇၂၃၅ အော်ဒါ အထိ ရောက်ရှိနိုင်ပေမဲ့ ၂၀၂၃ ခုနှစ်မှာ တစ်နေ့အများဆုံးဟာ ၂၆၆၅ အော်ဒါပဲ ရှိတယ်။" ဟု ကူမင်းစီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးရေးဇုန် (လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း)၏ လည်ပတ်ရေးကုမ္ပဏီဖြစ်သည့် ယူနန် လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု (အုပ်စု) လီမိတက် ကုမ္ပဏီ၏ တာဝန်ခံသူ ဝမ်ဝေက မိတ်ဆက်ပေးခဲ့သည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ


