ယူနန်ပြည်နယ် ကျောက်ထုံးမြို့ရှိ လျန်ဖုန်ထိုင်တွင် တောင်ဇလပ်နီပန်းများ ဝေဝေဆာဆာပွင်ဖူးနေ
2024-06-21 08:54|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) လက်ရှိအချိန်တွင် ယူနန်ပြည်နယ် ကျောက်ထုံးမြို့၏ အရှေ့မြောက်ဘက် ဆင်ခြေဖုံးတွင် တည်ရှိသည့် လျန်ဖုန်ထိုင်(တောင်)တွင် မြက်ခင်းမှာ မွေ့ရာလို နူးညံ့ပျော့ပျောင်းပြီး တောင်ဇလပ်နီပန်းများ ပွင့်ဖူးနေပြီး လေထုအေးမြပြီး ရှုခင်းသာယာလှပကာ လူများအတွက် ပန်းကို ကြည့်ရှုဆွတ်ခူးခြင်း၊ တောင်တက်ပြီး အဝေးနေရာကို မျှော်ကြည့်ခြင်း၊ တောစခန်းတွင် ထမင်းဟင်းချက်ပြုတ်ခြင်းနှင့် စခန်းချခြင်း၊ ကျန်းမာသော နေထိုင်မှုဘဝကို ဇိမ်ခံခြင်း ဆောင်ရွက်ရန် သွားသည့် နေရာကို ဖြစ်လာသည်။
လျန်ဖုန်ထိုင်သည် ပင်လယ်ရေမျက်နှာပြင်ထက် ၃၁၅၂ မီတာရှိပြီး ကျောက်ထုံးမြို့ရှိ တတိယအမြင့်ဆုံးသော တောင်ထိပ် ဖြစ်သည်၊ ဤနေရာသည် တစ်နှစ်ပတ်လုံး လှပရှုခင်းများကို အမြဲတမ်းရှိသောကြောင့် နွေဦးရာသီတွင် ပန်းကြည့်ရှုရန်၊ နွေရာသီတွင် အပူဒဏ်ရှောင်ရန်၊ ဆောင်းဦးရာသီတွင် သစ်ရွက်ကြည့်ရှုရန်၊ ဆောင်းရာသီတွင် ဆီးနှင်းခြေချလည်ပတ်ရန် နေရာကောင်းတစ်ခု ဖြစ်သည်။
ပန်းပင်လယ်၊ ထူးဆန်းသောကျောက်တုံး၊ Karst cave နှင့် လေအေးများအပြင်၊ ဤနေရာရှိ ကောင်းကင်ပြာ၊ တိမ်ပင်လယ်၊ မြက်ခင်းပြင်နှင့် နွားသိုးများသည်လည်း လက်လွတ်မခံသင့်သော ရှုခင်းဖြစ်၍ လူများကို စိတ်နှလုံးနှင့် ကိုယ်ခန္ဓာ ပေါ့ပေါ့လျော့လျော့ ဖြစ်စေနိုင်ပြီး ပျော်ရွှင်မှုများ ခံစားနိုင်စေပြီး ကြည်နူးစရာကောင်းလှစေသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ
















