ပိုင်မာဆီးနှင်းတောင်ပေါ်တွင် တောင်ဇလပ်နီပန်းများ ဝေဝေဆာဆာပွင်ဖူးနေ၍ အလွန်လှပ
2024-06-20 09:47|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဇွန်လထဲမှ ပိုင်မာဆီးနှင်းတောင်ပေါ်တွင် တောင်ဇလပ်နီပန်းပွဲတစ်ပွဲကို ကြိုဆိုနေသည်။ ဤနေရာမှ တောင်ထိပ်ပေါ်တွင် ဆီးနှင်းများ ရှိနေသော်လည်း တောင်ခါးပန်းပေါ်တော့ ပန်းပင်လယ် ဖြစ်နေသည်၊ ဆီးနှင်းများနှင့် တောင်ပန်းများသည် ရာသီနှစ်ခုကို ပိုင်မာဆီးနှင်းတောင်၌ မမျှော်လင့်ဘဲ ကြုံဆုံစေသည်။
အရောင်အမျိုးမျိုရှိသော တောင်ဇလပ်နီပန်းများသည် ယှဉ်ပြိုင်စွာ ပွင့်ဖူးနေ၍ မီးကဲ့သို့သော အနီရောင်၊ ဆည်းဆာကဲ့သို့သော ပန်းရောင်နှင့် ဆီးနှင်းကဲ့သို့သော အဖြူရောင်တို့ဖြင့် ထွန်းထောက်ရွှန်းတင့်သော ပန်းချီကားလိပ်တစ်ချပ်ကို ရေးဆွဲဖော်ပြလာ၍ တောတောင်တစ်ခုလုံးကို ကဗျာဆန်ဆန် မွန်းမံထားသည်။ ဤပန်းပင်လယ်ထဲတွင် နေလျှင် စိတ်ကူးယဉ် အိပ်မက်ကမ္ဘာထဲသို့ ဝင်ရောက်သကဲ့သို့ ခံစားမိပြီး ခြေလှမ်းတိုင်းမှာ အံ့သြစရာများနှင့် ချီးကျူးစရာများ ပြည့်နှက်နေသည်။
ဇွန်လထဲမှ တီချင့်ကုန်းပြင်မြင့်ပေါ်တွင် တောင်ဇလပ်နီပန်းများ နေရာအနှံ့ ပွင့်ဖူးနေ၍ ရှုခင်းသာယာလှပသည် ဖြစ်သည့်အပြင် ဆီးနှင်းတောင်၊ လျှိုမြောင်၊ ရေကန်နှင့် မြက်ခင်းပြင်များသည်လည်း နည်းနည်းမှမညံ့ဖျင်း ဖြစ်သည်။ သင်တို့ ရှန်ဂရီလာ၏ အလှပဆုံးသော ရာသီချိန်ကို ဘယ်တော့မှ လက်လွတ်မခံပါ။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို






















