ကူမင်း အထွေထွေအခွန်ကင်းလွတ်ခွင့်ဇုန်ထဲတွင် ပထမဆုံး လာအိုနိုင်ငံ ရင်းနှီးမြှုပ်နှံသော ကုမ္ပဏီသည် မှတ်ပုံတင်ခဲ့
2024-06-20 09:40|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ယခုလောက ကူမင်း အထွေထွေအခွန်ကင်းလွတ်ခွင့်ဇုန် ( စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်) ထဲတွင် ပထမဆုံး လာအိုနိုင်ငံ ရင်းနှီးမြှုပ်နှံသော ကုမ္ပဏီ ဖြစ်သည့် ယူနန် ဇိမ့်လစ်ထိုက် ထောက်ပံ့ရေးကွင်းဆက် လီမိတက်ကုမ္ပဏီသည် မှတ်ပုံတင်ခဲ့ပြီး ဇုန်ထဲသို့ တရားဝင် ဝင်ရောက်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် Cainiao (Yunnan) Bonded Central Warehouse ကို တည်ထောင်ခဲ့သောကြောင့် ဤကုမ္ပဏီသည် ကူမင်း အထွေထွေအခွန်ကင်းလွတ်ခွင့်ဇုန်ထဲတွင် မှတ်ပုံတင်ရန် ရွေးချယ်ခဲ့သည်၊ ကုန်စည်များကို Cainiao (Yunnan) Bonded Central Warehouse ၌ တင်ပြီးသည်နှင့် ၎င်းတို့ကို "ဂိုဒေါင်တစ်ခုသာဖြင့် ကွန်ရက်တစ်ခုလုံးသို့ ပို့ဆောင်ခြင်း၊ ပြောင်းရွှေ့ခြင်းနှင့် ဖြန့်ဝေခြင်း" အား အကောင်အထည်ဖော်နိုင်ကာ စျေးကွက်ကို မြန်မြန်ဆန်ဆန် ချဲ့ထွင်နိုင်ရန် ကူညီပေးသည်။
အဆိုပါကုမ္ပဏီသည် လာအိုကုန်သည်၏ ငွေရင်းဖြင့်သာ လုပ်ကိုင်သည် ဖြစ်၍ နယ်စပ်ဖြတ် E-commerce လက်လီသွင်းကုန်လုပ်ငန်းကို ဆောင်ရွက်ရန် စီစဉ်ကာ အရှေ့တောင်အာရှ နိုင်ငံများမှ နယ်စပ်ဖြတ် E-commerce အခွန်လွတ် (၁၂၁၀) ကုန်စည်များကို အဓိက ဆောင်ရွက်သည့်အပြင် နိုင်ငံခြား နယ်စပ်ဖြတ် E-commerce ကုမ္ပဏီများအား နယ်စပ်ဖြတ် E-commerce အခွန်လွတ် (၁၂၁၀) ကုန်စည်များ၏ သွင်းကုန်ပို့ကုန် ထောက်ပံ့ရေး၊ အကောက်ခွန်ရုံးထံ အစီရင်ခံခြင်း၊ နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေး အေဂျင်စီဝန်ဆောင်မှုများ ပေးမည် ဖြစ်သည်။
ဤကုမ္ပဏီ၏ ဝင်ရောက်မှုမှာ ယူနန်ပြညနယ်နှင့် လာအိုနိုင်ငံအကြားမှ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ ကူးလူးဖလှယ်မှုများကို မြှင့်တင်ရန် အထောက်အကူရှိပြီး ကူမင်းမြို့ရှိ နယ်စပ်ဖြတ် E-commerce ၏ ဖွံ့ဖြိုးတိုးတက်ရေးကို တိုးမြှင့်ရန် ကူညီပေးနိုင်၍ ကူမင်းမြို့သည် တောင်အာရှ အရှေ့တောင်အာရှအား မျက်နှာမူသည့် ဒေသတွင်း နယ်စပ်ဖြတ် E-commerce စင်တာကို တည်ဆောက်ရန် တစ်ဆင့်တိုးပြီး တွန်းအားပေးနိုင်မည် ဟု ကူမင်းစီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးရေးဇုန် (လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း)မှ ကုန်သွယ်ရေးနှင့် ငွေရေးကြေးရေးဌာနသည် မိတ်ဆက်ပေးခဲ့သည်။
近日,昆明综保区(经开片区)首家老挝投资企业云南正丽泰供应链有限公司注册成立,并正式入区。得益于2024年1月菜鸟(云南)保税中心仓的落地,该企业选择落地昆明综保区(经开片区),商品一旦上架菜鸟保税中心仓,即可实现“一仓发全网、一仓调全网、一仓播全网”,有助于快速铺开市场。
该企业为老挝外商独资,拟开展跨境电商零售进口业务。公司主营东南亚各国的跨境电商保税(1210)商品,同时为境外跨境电商企业提供跨境电商保税(1210)货物的进出口供应、报关、国际物流、国际货运代理服务。
昆明经开区(自贸试验区昆明片区)商务金融局介绍,该企业的入驻有助于促进云南和老挝的经济、文化、人员交流,助力昆明市跨境电子商务的发展,进一步促进昆明市建设面向南亚东南亚的区域性跨境电子商务中心。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ