နွေရာသီတွင် လောင်ကျွင်းတောင်ရှိ တောင်ဇလပ်နီပန်းများသည် ဝေဝေဆာဆာ ပွင့်ဖူးနေကြ
2024-05-31 15:31|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) နွေရာသီတွင် ယုလုံ နာရှီးလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်မှ လောင်ကျွင်းတောင်ခြေ ဘေးနားရှိ ကျူစီကျူလုံထန်ရေကန် ရှုခင်းသာသာရပ်ကွက်၌ တောင်ဇလပ်နီပန်းများသည် တစ်ပွင့်ပြီးတစ်ပွင့် ပွင့်ဖူးနေကြသည်။ အဖြူရောင်၊ ပန်းရောင်၊ အနီရောင်နှင့် ခရမ်းရောင် ဖြစ်သည့် တောင်ဇလပ်နီပန်း တစ်စည်းစည်းသည် တောတောင်အနှံ့ ဖြန့်ဖြူးနေကြ၍ ပုံသဏ္ဍာန် အမျိုးမျိုးအဖုံဖုံရှိပြီး ရောင်စုံရွှန်းတင့်သည်။
ကျူစီကျူလုံထန်ရေကန် ရှုခင်းသာသာရပ်ကွက်သည် ကမ္ဘာ့သဘာဝအမွေအနှစ် "မြစ်သုံးသွယ် ပြိုင်တူစီးဆင်းရာ"၏ ဗဟိုချက်မဒေသ၌ တည်ရှိပြီး ဤနေရာရှိ သဘာဝပေါက်ပင်များသည် ပေါများကြွယ်ဝသော အမျိုးအစားရှိပြီး ပြီးပြည့်စုံသော ကာကွယ်ထိန်းသိမ်းမှု ရရှိ၍ ၎င်းအနက် အထူးခြားဆုံးသည်မှာ ပင်ရင်းတောင်ဇလပ်နီတော ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ဧပြီလမှ ဇူလိုင်လအထိ၊ တောင်ဇလပ်နီပန်းများသည် ပင်လယ်ရေမျက်နှာပြင်ထက် ပိုနိမ့်သော မြစ်ချိုင့်ဝှမ်းမှ ပထဝီအနေအထား မြင့်မားပြီး ရာသီဥတု အေးမြေသော ရပ်ဝန်းသို့ တစ်ပွင့်ပြီးတစ်ပွင့် ပွင့်ဖူးလာလျက်၊ အဆက်မပြတ် ပွင့်ဖူးသည့် ပန်းပင်လယ်ရှုခင်းကို ဖြစ်ပေါ်လာလျက်၊ ရေခဲကန်စု၊ ထင်းရှူးဖြူသစ်တောများနှင့်အတူ ဘူမိအခြေအနေ အမျိုးမျိုးရှိသော၊ ဇီဝမျိုးစုံမျိုးကွဲ များသော ဇီဝပန်းချီကားလိပ်ကို ဖွဲ့စည်းဖြစ်လာလျက်ရှိသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ




