တရုတ်-လာအို ရထားလမ်းတွင် လတ်ဆတ်သော သွင်းကုန်ပို့ကုန် သယ်ယူပို့ဆောင်ရေး အားကောင်း၍ နေ့စဉ်ပျမ်းမျှ တန်ချိန် ၁၅၀၀ ကျော်လွန်ခဲ့

2024-05-16 17:58|ရောင်စုံတိမ်တံတား

1615144_2048x2048

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စျေးကွက်များကို ဆက်သွယ်သည့် အရေးကြီးသော သယ်ယူပို့ဆောင်ရေး လမ်းကြောင်း ဖြစ်သည်။ ယခုနှစ်တွင် တရုတ်-လာအို ရထားလမ်းတွင် လတ်ဆတ်သော သွင်းကုန်ပို့ကုန် သယ်ယူပို့ဆောင်ရေးပမာဏသည် တန်ချိန် ၆.၄ သောင်းအထိ ရှိရောက်ခဲ့ပြီ ဖြစ်ပြီး လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် နှစ်ဆကျော် တိုးလာခဲ့၍ ၎င်းအနက် သစ်သီးဝလံ တန်ချိန် ၅.၈ သောင်းကို သွင်းယူခဲ့သည် ဖြစ်ကြောင်း သတင်းထောက်က China Railway Kunming Group Co.,Ltd. မှ သိရှိရခဲ့ပါသည်။

1615145_2048x2048

ကိန်းဂဏန်းအချက်အလက်များအရ မေလတွင် အရှေ့တောင်အာရှရှိ သစ်သီးဝလံကို စျေးတွင် အများအပြား စတင်ရောင်းချ ပြီးနောက် ယူနန်ပြည်နယ်ရှိ မိုဟန်ရထားလမ်းဆိပ်ကမ်းတွင် တင်သွင်းတင်ပို့သည့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် သယ်ယူပို့ဆောင်ရေးပမာဏသည်လည်း အများဆုံးသော အချိန်ကာလကို ကြိုဆိုလာခဲ့၍ နေ့စဉ်ပျမ်းမျှ သယ်ယူပို့ဆောင်ရေးပမာဏသည် တန်ချိန် ၁၅၀၀ အထက်တွင် ရှိနေသည် ဖြစ်ကြောင်း သိရှိရခဲ့သည်။ ရထားလမ်းဌာနသည် "လန်ချန်း-မဲခေါင် အမြန်ရထားလမ်းကြောင်း" အအေးထိန်းရထားကို ပိုများစွာ ပြေးဆွဲစေခဲ့သည်။ နေ့စဉ်ပျမ်းမျှ ပြေးဆွဲသည့် ရထားကို မူလ ၁.၅ စီးမှ ၃ စီးအထိ တိုးလာစေခဲ့ပြီး အများဆုံးသောအချိန်တွင် ၄ စီးအထိ ရှိရောက်စေခဲ့ သည့်အပြင် အကောက်ခွန်ဌန၊ နယ်စပ်စစ်ဆေးရေးဌန စသည့်ဌနတို့နှင့် ပူးပေါင်းဆောင်ရွက်မှုစနစ်ကို ကောင်းမွန်လာအောင် ဆက်လက်လုပ်ဆောင်ခဲ့ရာ စစ်ဆေးရေး အစီအစဉ်များကို တစ်ဆင့်တိုး၍ အတိုချုံစေပြီး အကောက်ခွန်ရှင်းလင်းရေး စွမ်းဆောင်ရည်ကို တိုးမြှင့်စေခဲ့သည်။

1615146_2048x2048

ဤနှစ် ဇန်နဝါရီလမှ ဧပြီလအထိ တရုတ်-လာအို ရထားလမ်းတွင် သယ်ယူပို့ဆောင်ခဲ့သည့် ကုန်စည်ပမာဏသည် တန်ပေါင်း ၆.၅၅ သန်းရှိပြီး လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၁၄.၉ ရာခိုင်နှုန်း တိုးလာခဲ့ကာ ၎င်းအနက် နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ခဲ့သည့် ကုန်စည်ပမာဏသည် တန်ချိန် ၁.၈ သန်း ကျော်လွန်ခဲ့ပြီး လွန်ခဲ့သည့်နှစ် အချိန်တူကာလထက်  ၂၄.၁ ရာခိုင်နှုန်း တိုးလာခဲ့သည်။ တရုတ်-လာအို ရထားလမ်းတွင် သယ်ယူပို့ဆောင်ခဲ့သည့် နယ်စပ်ဖြတ်ကျော်ကုန်စည် အမျိုးအစားသည်လည်း ဖွင့်လှစ်ခဲ့သည့် အစောပိုင်းတွင် ရော်ဘာ၊ ဓာတ်မြေသြဇာနှင့် ကုန်မျိုးစုံ စသည့် ၁၀ မျိုးကေျာမှ အီလက်ထရွန်၊ photovoltaic၊ မော်တော်ကား စသည့် အမျိုး ၂၉၀၀ ကျော်အထိ တိုးချဲ့လာခဲ့သည်။

1615144_2048x2048

昆明信息港讯 记者上官艳君 中老铁路是连接中国与东南亚果蔬市场的重要运输通道。记者从中国铁路昆明局集团有限公司(下称“国铁昆明局”)了解到,今年以来,中老铁路进出口鲜活货物运输量已达6.4万吨,同比增长两倍以上,其中进口水果5.8万吨。

1615145_2048x2048

数据显示,5月份东南亚水果的大量上市后,云南磨憨铁路口岸的进出口果蔬运输量也迎来高峰,日均运输量保持在1500吨以上。铁路部门加大“澜湄快线”冷链班列的开行力度。日均列数由原先的1.5列增至3列,高峰时期达到了4列,同时,持续优化与海关、边检等部门的合作机制,进一步缩短查验流程、提升通关效率。

1615146_2048x2048

今年1至4月,中老铁路累计运输货物655万吨,同比增长14.9%,其中跨境货物突破180万吨,同比增长24.1%。中老铁路跨境货物品类也由开通初期的橡胶、化肥、百货等10多种扩展至电子、光伏、汽车等2900多种。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်