ယူနန်ပြည်နယ်ရှိ ဟယ်ခုတ်ဆိပ်ကမ်း၌ နယ်စပ်နေပြည်သူများ အပြန်အလှန် ရောင်းဝယ်ရေးပြုခြင်းသည် သက်ဝင်အားသစ် ရှင်သန်လာ

2024-04-30 10:01|ရောင်စုံတိမ်တံတား

20240328ba12924f0de84eea9be7144c1173a09e_2024032822f6f1e137514d31a965731287a43b91

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့မကြာသေးမီက ဗီယက်နမ်မှ ဒူးရင်းသီးများ အပြည့်အဝ တင်ဆောင်ထားသော ကုန်တင်ကားတစ်စီးသည် ယူနန်ပြည်နယ်ရှိ ဟယ်ခုတ်ဆိပ်ကမ်းတွင် လျင်မြန်စွာ အကောက်ခွန်ရှင်းလင်းခဲ့၍ ဤအသုတ်ဒူးရင်းသီး စုစုပေါင်း ၁၆.၁ တန်ရှိပြီး ကုန်စည်တန်ဖိုးမှာ ယွမ် ၅၁.၃၉ သောင်း ရှိပြီး နယ်စပ်နေပြည်သူ ၆၅ ဦး ပါဝင်ဝယ်ယူခဲ့သည် ဖြစ်သည်။ ဟယ်ခုတ်ခရိုင် ဟယ်ခုတ်မြို့နယ် မန်ဇန်းရပ်ကွက်မှ ပါတီကော်မတီခွဲ အတွင်းရေးမှူး လီယုလုံသည် ဤသွင်းကုန်လုပ်ငန်းအတွက် အပြန်အလှန် ကူညီထောက်ပံ့ရေးအဖွဲ့၏ တာဝန်လွှဲအပ်ပေးသူ ဖြစ်၍ သူသည် နယ်စပ်နေပြည်သူများကို "边互通" ဟူသော App မှတစ်ဆင့် ပထမအဆင့် စျေးကွက်တွင် အရောင်းအဝယ်များကို ပြီးမြောက်အောင် ဆောင်ရွက်ရန် လမ်းညွှန်ပေး၍ သမရိုးကျ ကုန်သွယ်မှုအစီအစဉ် နှင့်ယှဉ်ပြိုင်လျှင် အွန်လိုင်း စာတမ်းတင်ပြခြင်းနှင့် နယ်စပ်ဖြတ်ကျော် စာရင်းရှင်းခြင်းတို့သည် ပိုမို အဆင်ပြေပြီး ထိရောက်မှုရှိသည်။

အခုနှစ်များတွင် ဟယ်ခုတ်မြို့နယ်သည် "အောက်ခြေ ပါတီအဖွဲ့အစည်း+ ကျေးရွာ(ရပ်ကွက်) စုပေါင်းစီးပွားရေးအဖွဲ့အစည်း+ အပြန်အလှန် ကူညီထောက်ပံ့ပေးအဖွဲ့+ နယ်စပ်နေပြည်သူ+ နိုင်ငံတော်ပိုင် ပလက်ဖောင်းနှင့် ကုမ္ပဏီများ+ စီးပွားရေးကတ္တားပိုင်း" ဟူသော ပူးပေါင်းဆောင်ရွက်မှုပုံစံသစ်ကို ဆန်းသစ်တီထွင်ပြီး စူးစမ်းရှာဖွေခဲ့သည်၊ ရပ်ကွက်ရှိ ကုန်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီများသည် နယ်စပ်နေပြည်သူများကို ပြည်ပ မူလကုန်ထွက်ရာနေရာစျေးကွက်သို့ ကုန်စည်ပင်ရင်း သွားရောက်ရှာဖွေရန်၊ ပြည်တွင်း ဝယ်ယူရသည့် ကုမ္ပဏီများနှင့် အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်၊ ပြည်ပကုမ္ပဏီများနှင့် ကုန်သွယ်မှုစာချုပ် ချုပ်ဆိုရန် လမ်းညွှန်ပေးခဲ့၍ နယ်စပ်နေပြည်သူများသည် ကားပေါင်းစပ်တင်ခြင်း၊ ကုန်ပစ္စည်းပမာဏ မှတ်သားထားခြင်း၊ စုစည်းစာတမ်းတင်ပြခြင်း စသည့် နေ့စဉ်အရေးကိစ္စများကို အစားထိုး ဆောင်ရွက်ရန် အပြန်အလှန် ရောင်းဝယ်ရေးပြုသည့် ခေတ္တတာဝန်ထမ်းဆောင်သူများကို တာဝန်လွှဲအပ်ပေးခဲ့ကြသည်။ နယ်စပ်နေပြည်သူများသည် ပထမအဆင့်စျေးကွက်တွင် ဝယ်ယူမှုများ၊ ဒုတိယအဆင့်စျေးကွက်တွင် ရောင်းချမှု၊ အကောက်ခွန် စာတမ်းတင်ပြခြင်း၊ အခွန်အကောက်ရေးရာ ဆောင်ရန် စာတမ်းတင်ပြခြင်း၊ စာရင်းရှင်းခြင်း စသည်တို့ကို "边互通" ဟူသော App မှတစ်ဆင့် အွန်လိုင်း ပြုလုပ်နိုင်သည်။ "အဲဒါက တည်ကြည်လေးနက်တဲ့ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံမှု ဖြစ်လာခဲ့ပြီ၊ နယ်စပ်နေပြည်သူတွေရဲ့ ဝယ်နိုင်အား အားနည်းခြင်း၊ ကုန်သွယ်မှု အချက်အလက် ပိတ်ဆို့ခြင်း၊ ဝယ်ယူရေးလမ်းကြောင်း တစ်မျိုးတည်းရှိခြင်း၊ အကောက်ခွန်ရှင်းလင်းဖို့ နှေးကွေးခြင်း စတဲ့ ပြဿနာတွေကို ထိရောက်စွာ ဖြေရှင်းပေးနိုင်ခဲ့ပြီ၊ ရပ်ကွက်တွင်း စုပေါင်းစီးပွားရေး ဝင်ငွေကို မြှင့်တင်ဖို့ နည်းလမ်းသစ်လဲ ပေးခဲ့တယ်" ဟု ဟယ်ခုတ်မြို့နယ် ပါတီကော်မတီ အတွင်းရေးမှူး လျူရှောင်ယန့်က ပြောဆိုခဲ့သည်။

20240328ba12924f0de84eea9be7144c1173a09e_20240328b2a0f67fbfdf43498db6af5f86bdb654

"ဒီလို အောက်ခြေပါတီအဖွဲ့အစည်းကို ခေါင်းဆောင်အဖြစ်၊ ကျေးရွာ(ရပ်ကွက်)ကို ယူနစ်အဖြစ်၊ နယ်စပ်နေပြည်သူကို ကတ္တားပိုင်းအဖြစ်၊ "边互通" App ကို ပံ့ပိုးကူညီမှုဖြစ်တဲ့ နယ်စပ်နေပြည်သူများ အပြန်အလှန် ရောင်းဝယ်ရေးပြုခြင်း ပုံစံသစ်ဟာ နယ်စပ်နေပြည်သူတွေရဲ့ ဝင်ငွေကို တိုးလာစေရုံသာမက လုပ်ငန်းတွေရဲ့ ကုန်ကျစရိတ်ကိုလဲ လျှော့ချပေးပြီး ဟယ်ခုတ်ဆိပ်ကမ်းရဲ့ နိုင်ငံခြားကုန်သွယ်မှု သက်ဝင်အားကို ပိုမိုအားကောင်းစေခဲ့တယ်" ဟု လီယုလုံက ပြောကြားခဲ့သည်။

ယခု ဟယ်ခုတ်ခရိုင်တွင် နယ်စပ်နေပြည်သူများ အပြန်အလှန် ရောင်းဝယ်ရေးပြုခြင်း အထွေထွေ ဝန်ဆောင်မှုပေးစင်တာ ၁၀ ခုကို တည်ထောင်နေပြီ ဖြစ်၍ နယ်စပ်ရှိ မြို့နယ် ၄ ခုမှ ကျေးရွာ(ရပ်ကွက်) ၂၇ ခု မှ နယ်စပ်နေပြည်သူ ၁၃၃၀၅ ဦးသည် သူတို့နေထိုင်သည့် ရပ်ကွက်ရှိ အပြန်အလှန် ကူညီထောက်ပံ့ရေးအဖွဲ့တွင် ပါဝင်ခဲ့ပြီ ဖြစ်၍ ပါတီအဖွဲ့အစည်း၏ အင်အားကို မှီခိုပြီး "边互通" App ဖြင့် "နိုင်ငံတကာ ကုန်သွယ်မှု" ကို ဆောင်ရွက်ခဲ့သည် ဖြစ်သည်။ လွန်ခဲ့သည် နှစ်တစ်ခုလုံးတွင် ဟယ်ခုတ်ဆိပ်ကမ်းတွင် နယ်စပ်နေပြည်သူများ အပြန်အလှန် ရောင်းဝယ်ရေးပြုခြင်းသည် ကုန်သွယ်မှုပမာဏ တန်ချိန် ၅၅.၀၉ သောင်း၊ ကုန်သွယ်မှုတန်းဖိုး ယွမ် ၁.၈၁၇ ဘီလီယံနှင့် ကုန်သွယ်မှုလူဦးရေ ၂၂.၄၅ သောင်းကို ပြီးမြောက်စွာ အကောင်အထည်ဖော်ခဲ့သည်။ နယ်စပ်နေပြည်သူများသည် ဗီယက်နမ်မှ နဂါးမောက်သီးနှင့် စုံကတတ်သီး စသည့် သစ်သီးဝလံ တန်ချိန်ပေါင်း ၆ ထောင်ကျော် ဝယ်ယူခဲ့ကြပြီး ကုန်စည်တန်းဖိုး ယွမ်ပေါင်း ၅၀ သန်းကျော် ရှိ၍ နယ်စပ်နေပြည်သူများသည် သိသိသာသာ အကျိုးစီးပွား ရရှိခဲ့သည်။

20240328ba12924f0de84eea9be7144c1173a09e_2024032822f6f1e137514d31a965731287a43b91

新华网昆明电 记者字强 近日,一辆满载越南榴莲的货车从云南河口口岸快速通关,这批榴莲共16.1吨,货值51.39万元,有65位边民参与采购。河口县河口镇曼章社区党总支书记李玉龙是此单进口业务的互助组委托人,他指导边民通过“边互通”App完成一级市场交易,相较传统贸易流程,线上申报、跨境结算更便捷高效。

据了解,近年来,河口镇创新探索“基层党组织+村(社区)集体经济组织+互助组+边民+国有平台公司+经营主体”的新型合作模式,由社区贸易服务公司指导边民到境外原产地市场寻找货源,与国内收购企业签订买卖合同,与境外企业签订贸易合同,边民委托互市代理人代为开展拼车、理货、集中申报等日常事务。边民通过“边互通”App可线上开展一级市场采购、二级市场销售、海关申报、税务申缴、线上结算等。“这形成了稳健的多方合作关系,有效解决了边民购买能力弱、贸易信息闭塞、采购渠道单一、通关时效慢等问题,也为社区集体经济增收提供了新路径。”河口镇党委书记刘小艳说。

20240328ba12924f0de84eea9be7144c1173a09e_20240328b2a0f67fbfdf43498db6af5f86bdb654

“这种以基层党组织为统领、村(社区)为单位、边民为主体、‘边互通’App为支撑的边民互市新模式既增加了边民收入,又降低了企业成本,让河口口岸对外贸易的活力更加强劲。”李玉龙说。

据了解,目前河口县已成立10个边民互市贸易综合服务中心,4个边境乡镇27个村(社区)的13305位边民加入了各自所在的社区互助组,依靠党组织的力量,运用“边互通”App做起了“国际生意”。过去一年,河口口岸边民互市完成贸易量35.09万吨,实现贸易额18.17亿元,完成交易人数22.45万人次。边民采购越南火龙果、菠萝蜜等水果累计6000余吨,货值5000余万元,边民获得了实实在在的收益。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်