တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန်ရှိ နိုင်ငံတကာ ကုန်သွယ်ရေးလုပ်ငန်းများ စုစည်းဇုန်ထဲမှ ဗီယက်နမ်ပြတိုက် ဖွင့်လှစ်ခဲ့

2024-04-30 17:44|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်) ဧပြီလ ၂၃ ရက်နေ့တွင် တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန်ရှိ နိုင်ငံတကာ ကုန်သွယ်ရေးလုပ်ငန်းများ စုစည်းဇုန်ထဲမှ ဗီယက်နမ်ပြတိုက် ဖွင့်လှစ်ခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။

ဗီယက်နမ်ပြတိုက်သည် ဇုန်၏ ပထမထပ်တွင် တည်ရှိ၍ ပြတိုက်ထဲတွင် ငါးငန်ပြာရည်၊ ကော်ဖီနှင့် ငှက်သိုက်များ စသည့် ရွှန်းရွှန်းတင့်တင့် ဝေဝေဆာဆာရှိသော ဗီယက်နမ် အထူးထုတ်ကုန်ပစ္စည်းများကို ခင်းကျင်းပြသထားသည်၊ ဤကုန်ပစ္စည်းများသည် အရည်အသွေးမြင့်ရုံသာမက ဗီယက်နမ်စတိုင်လ် များစွာပါရှိသည်။

နိုင်ငံတကာ ကုန်သွယ်ရေးလုပ်ငန်းများ စုစည်းဇုန်၌ ဗီယက်နမ်ပြတိုက်၏ တရားဝင်ဖွင့်လှစ်ခြင်းသည် ကူမင်းမြို့သူမြို့သားများအတွက် ပိုများသော အရည်အသွေးမြင့် ဗီယက်နမ်ကုန်ပစ္စည်းများကို ယူဆောင်လာရုံသာမက တရုတ်နှင့် ဗီယက်နမ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှု၊ ယဉ်ကျေးမှု စသည့် နယ်ပယ်များတွင် နက်ရှိုင်းလေးနက်သော ဖလှယ်မှုများကိုလည်း တစ်ဆင့်တိုး၍ တိုးမြှင့်ပေးသည် ဖြစ်သည်။ ဤပလက်ဖောင်း မှတစ်ဆင့် အရည်အသွေးမြင့် ဗီယက်နမ်ကုန်ပစ္စည်းများအတွက် ပြည်ပသို့ ပြသသည့် ပြတင်းပေါက်တစ်ခုကို ပံ့ပိုးပေးနိုင်ရုံသာမက ယူနန်ပြည်နယ်နှင့် ဗီယက်နမ် စီးပွားရေးလုပ်ငန်းများအတွက် ကူးလူးဆက်ဆံရေး တံတားတစ်ခုလည်း တည်ဆောက်ပေးပြီး မျက်နှာချင်းဆိုင် ဆက်သွယ်သည့် အခွင့်အလမ်းများကို ပံ့ပိုးပေးနိုင်ကာ ယူနန်ပြည်နယ်နှင့် ဗီယက်နမ်တို့အကြား ကုန်စည်ရောင်းဝယ်ရေး၊ ယဉ်ကျေးမှုဖလှယ်ရေး စသည့် နယ်ပယ်များမှ ဘက်စုံပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးပြီး နှစ်ဦးနှစ်ဖက်တို့အကြား ကုန်သွယ်မှုကို တိုးမြှင့်နိုင်မည် ဖြစ်သည်။


昆明信息港讯(昆明日报 记者邓磊)4月23日,中国(云南)自由贸易试验区国际贸易企业聚集园区越南馆开馆仪式举行。

据介绍,越南馆位于园区一楼,馆内陈列了琳琅满目的越南特色商品,包括鱼露、咖啡、燕窝等,这些商品不仅品质上乘,而且充满了浓郁的越南风情。

越南馆在国际贸易企业聚集园区的正式落地,不仅为昆明市民带来了更多优质的越南商品,也进一步推动了中越两国在贸易、文化等领域的深入交流。通过这一平台,为优质越南产品提供对外展示窗口,也为云南与越南地方企业搭建沟通桥梁,提供面对面交流的机会,推动云南与越南在商品贸易、文化交流等领域全面合作,促进双边贸易增长。

အယ်ဒီတာ: ကိုကိမောင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်