တရုတ်-လာအို ရထားလမ်းတွင် ခရီးသည်နှင့် ကုန်စည် ပို့ဆောင်မှုပမာဏသည် လျင်မြန်ပြင်းပြစွာ တိုးတက်လာ
2024-04-29 17:08|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဤနှစ်တွင် တရုတ်-လာအို ရထားလမ်းတွင် ခရီးသည်နှင့် ကုန်စည် ပို့ဆောင်မှုပမာဏသည် တိုးတက်လာသည်။ ဧပြီလ ၂၅ ရက်နေ့အထိ တရုတ်-လာအို ရထားလမ်းသည် စုစုပေါင်း သယ်ယူပို့ဆောင်ခဲ့သော ခရီးသည် အရေအတွက် ၇.၁၆ သန်းရှိရာ လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၂၁.၉ ရာခိုင်နှုန်း တိုးလာခဲ့၍ ကုန်စည် ပို့ဆောင်မှုပမာဏသည် တန်ချိန် ၆.၂၆ သန်း ကျော်လွန်ပြီး လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၁၃.၉ ရာခိုင်နှုန်း တိုးလာခဲ့၍ ၄င်းတို့သည် ရထားလမ်း စတင်ဖွင့်လှစ်ခဲ့သည့် ပထမရှစ်လ၏ စုစုပေါင်း သယ်ယူပို့ဆောင်ရေး ပမာဏထက် များစွာ ကျော်လွန်ခဲ့ပြီး မြိုင်ဆိုင်သော ဖွံ့ဖြိုးတိုးတက်မှု အလားအလာကို ပြသနေသည်။
ခရီးသွားများသော အချိန်ကာလ ရောက်ရှိလာသည် နှင့်အမျှ တရုတ်-လာအို ရထားလမ်းတွင် ခရီးသည်စီးဆင်းမှုသည် ခရီးသွား စီးဆင်းမှု၊ မိသားစုကို သွားရောက်ကြည့်ရှုတွေ့ဆုံရန် စီးဆင်းမှု၊ ကျောင်းသား စီးဆင်းမှု စသည်တို့ အထပ်ထပ်ရှိသည့် လက္ခဏာများ ပေါ်လာနေ၍ ခရီးသည် သွားလာမှု လိုအပ်ချက်မှာ ဆက်လက် အားကောင်းလျက်ရှိသည်။ တရုတ်-လာအို ရထားလမ်းတွင် နေစဉ်ပျမ်းမျှအားဖြင့် သယ်ယူပို့ဆောင်ခဲ့သည့် ခရီးသည် အရေအတွက် ၆.၂ သောင်း နီးပါး ရှိရာ လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၁၉.၁ ရာခိုင်နှုန်း တိုးလာခဲ့၍ စံချိန်သစ်တင် ခဲ့သည်။ အထူးသဖြင့် အားလပ်ရက်ကာလတွင် ရထားလမ်းတစ်ခုလုံးတွင် နေစဉ်ပျမ်းမျှအားဖြင့် သယ်ယူပို့ဆောင်ခဲ့သည့် ခရီးသည် အရေအတွက် ၁ သိန်းကျော် ၄ ရက်ဆက်တိုက် ရှိရာ ဆစ်ဆောင်ပန်းနား ဘူတာတွင် ခရီးသည် ဝင်ရောက်မှုနှင့် ထွက်ခွာမှု ၆ သောင်းကျော် ၃ ရက်ဆက်တိုက် ရှိခဲ့ကာ ၄င်းမှာ တရုတ်-လာအို ရထားလမ်း၏ လူများ သွားလာမှုကို မြှင့်တင်ရန်နှင့် ယဉ်ကျေးမှု ဖလှယ်ရေးကို အားကောင်းစေရန် ကြီးမားသော ကိန်းဝပ်စွမ်းအားများကို အပြည့်အဝ ပြသခဲ့သည်။
ခရီးသည် သယ်ယူပို့ဆောင်ရေးကို မအားမလပ် ဆောင်ရွက်ခဲ့သည့်အပြင် တရုတ်-လာအို ရထားလမ်းတွင် ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းများသည်လည်း သိသိသာသာ တိုးတက်လာခဲ့သည်။ တရုတ်နှင့် လာအို နှစ်နိုင်ငံ၏ မူဝါဒဆိုင်ရာ ထောက်ခံမှုစီးရီးကြောင့် တရုတ်-လာအို ရထားလမ်းတွင် နေ့စဉ်ပျမ်းမျှအားဖြင့် သယ်ယူပို့ဆောင်ခဲ့သည့် ကုန်စည်ပမာဏ တန်ချိန် ၅.၄ သောင်း နီးပါး ရှိရာ ပြေးဆွဲသည့် နယ်စပ်ဖြတ်ကျော် ကုန်စည်တင်ရထား အရေအတွက်သည် များပြားစွာ တိုးမြင့်လာခဲ့သည်။
今年以来,中老铁路客货两旺。截至4月25日,中老铁路今年累计发送旅客已突破716万人次,同比增长达21.9%;货物运输量突破626万吨,同比增长13.9%,远超铁路开通初期前8个月的运输总量,展现出蓬勃的发展势头。
随着旅游旺季的到来,中老铁路客流呈现出旅游流、探亲流、学生流等多重叠加的特点,旅客出行需求持续旺盛。中老铁路日均发送旅客近6.2万人次,同比增长达19.1%,创下历史新高。尤其是在节假日期间,全线连续4天单日发送旅客突破10万人次,西双版纳站更是连续3天到发旅客突破6万人次,充分展现了中老铁路在促进人员往来、加强文化交流方面的巨大潜力。
在客运繁忙的同时,中老铁路的货运业务增长显著。得益于中老两国的一系列政策支持,中老铁路日均发送货物近5.4万吨,跨境货物列车日均开行数量实现大幅增长。(记者李承韩 通讯员栗也茹)
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ