တရုတ် လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန် ဒေတာကြီးလက်စွဲကို ကူမင်းမြို့၌ ထုတ်ပြန်ခဲ့
2024-04-27 16:20|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဧပြီလ ၂၆ ရက်နေ့တွင် တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်းမှ စနစ်ဆန်းသစ်တီထွင်မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် တရုတ် လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန် ဒေတာကြီး(Big Data) လက်စွဲကို တရားဝင် ထုတ်ပြန်ခဲ့သည်။ ဤလက်စွဲသည် လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန်ကို ပစ်မှတ်ထားပြီး အကြီးစား မိုက်ကရို ဒေတာဘေ့စ်ကို ဘက်ပေါင်းစုံ အသုံးပြုရန် အများဆုံးသော တရုတ်ပြည်တွင်း ပထမဆုံး သုတေသနရလဒ် ဖြစ်သည်။
ဤလက်စွဲသည် လက်ရှိဈေးကွက်တွင် လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန် ဧရိယာအပိုင်းအသီးသီးကို လွှမ်းခြုံထားသည့် အပြည့်စုံဆုံးသော သုတေသနရလဒ် ဖြစ်၍ ဘက်ပေါင်းစုံမှ မိုက်ကရို ဒေတာများကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် နှိုင်းယှဉ်ခြင်းဖြင့် လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန်၏ တည်ဆောက်ရေးဆိုင်ရာ တိုးတက်မှုနှင့် အကျိုးဖြစ်ထွန်းမှုများကို ပိုမိုတိကျစွာ ဖော်ပြနိုင်သည် ဖြစ်ကြောင်း၊ ဤဒေတာနှင့် အချက်အလက်များသည် အလုပ်သမားများအတွက် အကျိုးရှိသည့် အကိုးအကားပြုရန် အချက်အလက်များကို ပေးနိုင်၍ တရုတ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန်ကို အရည်အသွေးမြင့်မားစွာ ဆန်းသစ်တီထွင်စွာ ဖွံ့ဖြိုးတိုးတက်စေရန် ခွန်အားသစ်များကို ထောက်ပံ့ပေးနိုင်မည် ဖြစ်ကြောင်း ယူနန်တက္ကသိုလ် စီးပွားရေးကောလိပ် (ယူနန်တက္ကသိုလ် လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် သုတေသနကောလိပ်) မှ ဒုတိယဌာနမှူး၊ တွဲဖက်ပါမောက္ခ ဆွေးချင့်ဘိုးသည် ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ


