တရုတ် လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန် ဒေတာကြီးလက်စွဲကို ကူမင်းမြို့၌ ထုတ်ပြန်ခဲ့
2024-04-27 16:20|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဧပြီလ ၂၆ ရက်နေ့တွင် တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်းမှ စနစ်ဆန်းသစ်တီထွင်မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် တရုတ် လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန် ဒေတာကြီး(Big Data) လက်စွဲကို တရားဝင် ထုတ်ပြန်ခဲ့သည်။ ဤလက်စွဲသည် လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန်ကို ပစ်မှတ်ထားပြီး အကြီးစား မိုက်ကရို ဒေတာဘေ့စ်ကို ဘက်ပေါင်းစုံ အသုံးပြုရန် အများဆုံးသော တရုတ်ပြည်တွင်း ပထမဆုံး သုတေသနရလဒ် ဖြစ်သည်။
ဤလက်စွဲသည် လက်ရှိဈေးကွက်တွင် လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန် ဧရိယာအပိုင်းအသီးသီးကို လွှမ်းခြုံထားသည့် အပြည့်စုံဆုံးသော သုတေသနရလဒ် ဖြစ်၍ ဘက်ပေါင်းစုံမှ မိုက်ကရို ဒေတာများကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် နှိုင်းယှဉ်ခြင်းဖြင့် လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန်၏ တည်ဆောက်ရေးဆိုင်ရာ တိုးတက်မှုနှင့် အကျိုးဖြစ်ထွန်းမှုများကို ပိုမိုတိကျစွာ ဖော်ပြနိုင်သည် ဖြစ်ကြောင်း၊ ဤဒေတာနှင့် အချက်အလက်များသည် အလုပ်သမားများအတွက် အကျိုးရှိသည့် အကိုးအကားပြုရန် အချက်အလက်များကို ပေးနိုင်၍ တရုတ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန်ကို အရည်အသွေးမြင့်မားစွာ ဆန်းသစ်တီထွင်စွာ ဖွံ့ဖြိုးတိုးတက်စေရန် ခွန်အားသစ်များကို ထောက်ပံ့ပေးနိုင်မည် ဖြစ်ကြောင်း ယူနန်တက္ကသိုလ် စီးပွားရေးကောလိပ် (ယူနန်တက္ကသိုလ် လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် သုတေသနကောလိပ်) မှ ဒုတိယဌာနမှူး၊ တွဲဖက်ပါမောက္ခ ဆွေးချင့်ဘိုးသည် ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ယီပင်း-ဖန်းကျီးဟွား အမြန်လမ်းမကြီး၏ ဆွေကျန်းလမ်းခွဲကို တည်ဆောက်ပြီးစီး၍ ယာဉ်များဖြတ်သန်းသွားလာနိုင်
- ယူနန်ပြည်နယ်ရှိ အမြန်လမ်းမကြီး ၄ လိုင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဖွင့်လှစ်မည်
- "ယူနန်ပြည်နယ် မြို့ပြဘောလုံးလိဂ်"နှင့်အတူ ဆောင်းရာသီတွင် နွေဦးမြို့တော်ကို လည်ပတ်ကြည့်ရှုမည်
- ကူမင်းမြို့၌ ဂျင်ဂိုအရွက်များ ရွှေဝါရောင် ဖြစ်လာနေ၍ ရှုစားရန် အကောင်းဆုံးချိန်သို့ ရောက်ရှိလာပါပြီ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ဟယ်ခုတ်ဆိပ်ကမ်းမှ ပြည်ဝင်ပြည်ထွက်လူဦးရေက ယူနန့်ဖွင့်လှစ်သောဆိပ်ကမ်း၏ ပထမနေရာတွင် သုံးနှစ်ဆက်ရပ်တည်
- ယူနန်ထောပတ်သီးများကို မလေးရှားနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့
- ယခုနှစ် ပထမ ၁၁ လအတွင်း ယူနန့် လတ်ဆတ်သောဖြတ်ပန်းပွင့် တင်ပို့မှုအတန်ဖိုးသည် တရုတ်ပထမနေရာတွင် ရပ်တည်ခဲ့
- ယူနန်ပြည်နယ် ပေါင်ဆန်းမြို့ ချန်နင်ခရိုင်ရှိ သစ်ကြားသီးများအား ဥဇဘက်ကစ္စတန်နိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့


