ဤလျန်ချန်းခရိုင်ရှိ တိုင်းရင်းသားအစားအစာများထဲတွင် မည်သည့်အမျိုးကို သင်နှစ်သက်သနည်း
2024-04-12 17:00|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ငှက်ပျောဖူးများ၊ တောင်ဇလပ်ဖြူပန်းများ၊ Acanthopanax senticosus (Rupr. Maxim.) Harms များ၊ ပုရွက်ဆိတ်ဥချဉ်များ စသည့် ဤစားသောက်ကုန်ပစ္စည်းများကို သင်ကြားဖူးသလော၊ ယူနန်ပြည်နယ် ဖူအော်မြို့ လျန်ချန်း လားဟူလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်၌ ၄င်းတို့ကို အရသာရှိသည့် ဟင်းလျာတစ်မျိုးမျိုးဖြစ်အောင် ချက်ပြုတ်ပြီး စားပွဲပေါ်တွင် တည်ခင်းထားပြီးနောက် လူများကို သဘာဝလောကကြီး၏ ပေးကမ်းစွန့်ကြဲမှုများနှင့် နွေဦးရာသီ၏ လက်ဆောင်ပါးခြင်းများအား အားရပါးရ ခံစားစေကြသည်။
ယခုတလော၊ လျန်ချန်း လားဟူလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်၌ တိုင်းရင်းသားထူးခြားချက် များစွာရှိသည့် ၂၀၂၄ ခုနှစ် အာဖုံအာလုံနီပွဲတော် (ဗူးသီးပွဲတော်)ကို ကျင်းပခဲ့၍ ဒေသခံလူထုများသည် တခမ်းတနား ဝတ်ကောင်းစားလှများကို ဝတ်ဆင်ထား၍ သီချင်းဆိုကာ အကကကြပြီး နေရာတကာတွင် ပွဲတော်၏ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံခဲ့သည်။ ပွဲတော်တွင် ဒေသခံနေရာ၌ ထူးခြားချက်ရှိသော အစားအသောက် ချက်ပြုတ်ပြိုင်ပွဲကို ကျင်းပခဲ့သည်။ လားဟူလူမျိုး၊ ဝလူမျိုး၊ ဟားနီလူမျိုး၊ ယီလူမျိုး၊ ဟွေလူမျိုး၊ တိုင်လူမျိုး၊ ပုလန်လူမျိုးနှင့် ဂျိန်ဖော့လူမျိုး စသည့် တိုင်းရင်းသားလူမျိုးများ၏ အစားအသောက်များသည် လူများကို စားရကံများစွာ ရရှိစေ၍ ထုပ်ပြီးကင်ခြင်း၊ လောင်ကင်ခြင်း၊ ပေါင်းခြင်း၊ ပြုတ်ခြင်း၊ ထောင်းခြင်း စသည့် ချက်ပြုတ်နည်း များစွာကို အသုံးပြုခဲ့ကြသည်။ ဤတိုင်းရင်းသားအစားအစာများတွင် မည်သည့်အမျိုးကို သင်နှစ်သက်သနည်းဟူလျှင် လျင်လျင်မြန်မြန် လာကြည့်ပါ။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့




























