ယူနန်ပြည်နယ် ဖူအော်မြို့ ကျင်ဂူခရိုင်ရှိ ပထမဆုံးအကြိမ် သင်္ကြန်ပွဲကို မိုင်းနိုင်မြစ်ဘေး၌ ကျင်းပနေ
2024-04-10 15:55|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယခုတလော ယူနန်ပြည်နယ် ဖူအော်မြို့ ကျင်ဂူ တိုင်လူမျိုး ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ဇိမ့်ရှင်းမြို့နယ် မိုင်းနိုင်ရွာ၌ သင်္ကြန်ပွဲကို ကျင်းပနေ၍ မိုင်းနိုင်မြစ်ဘေးနေရာသည် ဝမ်းသာရွှင်လမ်းသော နေရာတစ်ခု ဖြစ်လာနေကာ လူများသည် ချမ်းမြေ့သာယာသော၊ ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ရေများကို အားရပါးရ ပက်ဖြန်းခြင်းအားဖြင့် အချင်းချင်း ဆုတောင်းနေကြသည်။
ဇိမ့်ရှင်းမြို့နယ် မိုင်းနိုင်ရွာသည် ကျီကော်တိုင်းရင်းသား (ပေါ်ဦးခေတ်လူ့အဖွဲ့အစည်းနှင့် ကျေးပိုင်ကျွန်ပိုင်လူ့အဖွဲ့အစည်းမှ ဆိုရှယ်လစ်စနစ် လူ့အဖွဲ့အစည်းသို့ တိုက်ရိုက်ကူးပြောင်းသည့် တိုင်းရင်းသား) ကျေးရွာတစ်ခု ဖြစ်၍ စီရင်အုပ်ချုပ်သောဒေသအတွင်း ပန်းလိုဏ်ဂူအုပ်စုများ၊ သဘာဝကန့်ပါရေပူစမ်း စသည့် ပေါများကြွယ်ဝသော ခရီးသွားအရင်းအမြစ်များ ရှိသည်။ ဤအကြိမ် လှုပ်ရှားမှုတွင် အမျိုးသားယဉ်ကျေးမှုများ တွေ့ကြုံခံစားခြင်း၊ ရိုးရာအဆိုအကများ ကြည့်ရှုခြင်း၊ ထူးခြားချက်ရှိသည့် အစားအစာများ မြည်းကြည့်ခြင်း၊ ကျေးလက်ရှုခင်းများ ရှုစားခြင်း၊ ကျေးလက်ခရီးသွားလာရေး မိတ်ဆက်ခြင်း စသည်တို့ကို တစ်ပေါင်းတစ်စည်းတည်း ဖြစ်အောင် စုစည်း၍ ၎င်းသည် ကျင်ဂူခရိုင်ရှိ ၂၀၂၄ ပန်းခူးခြင်းနှင့် သင်္ကြန်ပွဲဆိုင်ရာ လှုပ်ရှားမှုစီးရီးထဲမှ ပထမဆုံးအကြိမ် လှုပ်ရှားမှု ဖြစ်သည်။ ဤလှုပ်ရှားမှုများကို မေလကုန်အထိ ဆက်တိုက် ကျင်းပသွားမည် ဖြစ်၍ နှစ်လကြာရှည်သော သင်္ကြန်ပွဲလှုပ်ရှားမှုထဲတွင် ခရီးသည်များသည် ထူးခြားချက်ရှိသော အစားအစာများကို မြည်းစမ်းနိုင်ကြပြီး တိုင်လူမျိုး၏ ယဉ်ကျေးမှုများကို ခံစားနိုင်ကြ ရုံသာမက "ဆုမာ" နှစ်သစ်ကူးနှုတ်ခွန်းဆက် ဆုမွန်ကောင်းတောင်ခြင်း၊ သောင်းနှင့်ချီသော လူများ ကန်ဘိုင်ပွဲတွင် ပါဝင်ဆင်နွှဲခြင်း၊ တိုင်းရင်းသား၀တ်စုံ ဒီဇိုင်းဆွဲပြိုင်ပွဲ စသည့် ထွေပြားစုံလင်သော လှုပ်ရှားမှုများကိုလည်း ခံစားနိုင်သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို
















