ကူမင်းရှိ ချယ်ရီသီး ပထမအသုတ်ကို စျေးတွင် စတင်ရောင်းချနေပြီး ချင်မင်ပွဲတော် အားလပ်ရက်အတွင်း ခွတ်ခူးမြည်းကြည့်ရန် အချိန်တန်
2024-04-02 16:01|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယခုတလော ကူမင်းရှိ ချယ်ရီသီး အမျိုးဟောင်း ပထမအသုတ်ကို စျေးတွင် တိတ်တိတ်ဆိတ်ဆိတ်နှင့် စတင်ရောင်းချနေပြီ ဖြစ်၍ ၄င်း၏ စျေးနှုန်းသည် တစ်ကီလိုဂရမ် အယွမ် ၅၀ ခန့် ဖြစ်ပြီး မြည်းစမ်းချင်သော ဖောက်သည်များစွာကို ယှဉ်ပြိုင်ဝယ်ယူရန် ဆွဲဆောင်နေပြီ ဖြစ်သည်။
ကူမင်းမြို့ ဖုမင်ခရိုင် ချိကျုပ်မြို့နယ်၌ အမှည့်စောသော ချယ်ရီသီးများသည် စတင် ရင့်မှည့်လာသည် ရှိနေပြီ ဖြစ်၍ အခြားနေရာများမှ ချယ်ရီသီး အများအားဖြင့် ဧပြီလ ၁၀ ရက်နေ့ သွားပြီးမှ တဖြည်းဖြည်း ရင့်မှည့်သွားပြီး စျေးတွင် စတင်ရောင်းချသွားမည် ဖြစ်ကြောင်း၊ ချိကျုပ်မြို့နယ်၌ ချယ်ရီပင် ဧရိယာပေါင်း အမို ၄ ထောင်ကျော် စိုက်ပျိုးနေပြီး နှစ်စဉ်ထွက်ကုန်အရေအတွက် တန်ချိန် ၁ ထောင်ကျော် ရှိ၍ ယခု နှစ်ပေါင်း ၃၀ နီးပါးရှိသည့် စိုက်ပျိုးရေးသမိုင်းကြောင့် ချိကျုပ်မြို့နယ်သည် အနီးအဝေးတွင် နာမည်ကျော်ကြားသည့် "ချယ်ရီသီး၏ မြို့နယ်"ကို ဖြစ်လာခဲ့ပြီ ဖြစ်ကြောင်း သတင်းထောက်က သတင်းရရှိခဲ့သည်။
ချင်မင်ပွဲတော် အားလပ်ရက် ကတည်းက ချိကျုပ်မြို့နယ်ရှိ ချယ်ရီသီးများသည် တဖြည်းဖြည်း ရင့်မှည့်သွားမည် ဖြစ်၍ မေဒေးနေ့ အားလပ်ရက်နောက်အထိ ဆက်တိုက် ဆွတ်ခူးသွားနိုင်မည် ဖြစ်၍ ဤနေရာရှိ ချယ်ရီသီး၏ အမျိုးအစား အများစုမှာ "တာ့ဟုံဖောင်" ဖြစ်ပြီး ၄င်း၏ အသီးကြီး၊ အရောင် ရွှန်းတင့်တောက်ပ၊ အရည်များပြီး အရသာချို၊ အရသာများပြားထူထပ် သောကြောင့် နာမည်ကြီးလာသည် ဖြစ်သည်။ ချိကျုပ်မြို့နယ်သည် ဖုမင်ခရိုင်မြို့နှင့် ၁၉ ကီလိုမီတာ ကွာဝေးပြီး ကူမင်းအဓိကမြို့တွင်းရပ်ကွက်နှင့် ကီလိုမီတာ ၄၀ သာ ကွာဝေး၍ ကူမင်းမြို့၏ အနီးဆင်ခြေဖုံးတွင် အစုစည်းဆုံးသော ချယ်ရီပင်စိုက်ပျိုးရေးဒေသ ဖြစ်ပြီး အိမ်သူအိမ်သားများနှင့်အတူ ခူးဆွတ်ရန်၊ ကစားရန်၊ လည်ပတ်ရန် နေရာကောင်း ဖြစ်သည်။
近日,昆明市第一批老品种樱桃已经悄然上市,价格在50元左右一公斤,已经吸引了不少尝鲜的顾客争相购买。
记者了解到,昆明富民赤鹫镇已经有早熟樱桃开始成熟,其余一些地方的樱桃大多要等到4月10日以后才会逐渐成熟上市。赤鹫镇共种植樱桃面积4000余亩,年产量1000余吨,近30年的种植历史,让赤鹫镇成为远近闻名的“樱桃之乡”。
从清明小长假开始,赤鹫镇樱桃将陆续成熟,可持续采摘到五一假期后,大部分樱桃品种为“大红袍”,以其鲜果粒大、颜色艳丽、汁多味甜、口感浓郁而出名。赤鹫镇距富民县城19公里,至昆明主城区仅40公里,是昆明市近郊的最为集中的樱桃种植区,是携家人采摘、游玩、踏青的好去处。(云南网 记者何宣颖 摄影报道)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ