တာ့လီပြည်နယ်ခွဲ၌ စိမ်းညိုရောင်ဖြစ်သည့် တောင်ကြီးပဲစားပွဲတစ်ဝိုင်း မှတစ်ဆင့် "နွေဦး၏ အရသာ"ကို ခံစား
2024-03-31 17:37|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) မတ်လထဲသို့ ဝင်ရောက်ပြီးနောက် ယူနန်ပြည်နယ် တာ့လီ ပိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ အယ်ယွန်ခရိုင်ရှိ အမိုပေါင်း ၉ သောင်းကျော် ကျယ်ဝန်းသော တောင်ကြီးပဲများသည် ရိတ်သိမ်းချိန်သို့ ရှေ့စဉ်နောက်ဆက် ဝင်ရောက်နေကြ၍ ဒေသခံများမှာ အမှည့်စောသော တောင်ကြီးပဲများကို ပဲစိမ်း ဟုခေါ်လျက်ရှိသည် ဖြစ်ကာ ငယ်ငယ်သော ပဲစိမ်းများသည် လယ်သမားများကို ဝင်ငွေရှိစေ ရုံသာမက ထမင်းစားစားပွဲကို ထူထပ်များပြားသော "နွေဦး၏ အရသာ"လည်း တိုးဖြည့်ပေးသည်။ အယ်ယွန်ခရိုင် စီဘိဟူမြို့နယ် ကွမ်းယင်ရွာရှိ "ထောင်ဟွားယွန်" ဟူသော ပိုင်လူမျိုးအိမ်ဝင်းငယ်၌ ဉာဏ်ထက်ပြီး လက်ရည်ကောင်းသော ပိုင်လူမျိုးအမျိုးသမီး ယန်ယင်သည် အိမ်သူအိမ်သားများနှင့်အတူ လတ်လတ်ဆတ်ဆတ် ဆွတ်ခူးရသည့် တောင်ကြီးပဲများဖြင့် တောင်ကြီးပဲမုန့်ကင်၊ တောင်ကြီးပဲနှင့် ဝက်သားထုပ်၊ တောင်ကြီးပဲနှင့် ထမင်းရေခန်းချက်၊ တောင်ကြီးပဲနှင့် မုန့်လုံးရေပေါ်ပြုတ်၊ တောင်ကြီးပဲနှင့် ငါးကြင်းပြုတ်၊ တောင်ကြီးပဲနှင့် စမုန်စပါးကြော် စသည့် ဟင်းလျာများကို ချက်ပြုတ်ရပြီ ဖြစ်ကာ စိမ်းညိုရောင်ဖြစ်သည့် တောင်ကြီးပဲစားပွဲတစ်ဝိုင်းသည် "နွေဦး၏ အရသာ"နှင့် ပြည့်နှက်ကာ ကြည့်၍လှပပြီး စား၍ အရသာလည်း အရမ်းရှိသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို














