ဖူအော်မြို့ လန်ချန်းခရိုင်ရောက်လျှင် လက်လွတ်မခံနိုင်သော ကျင်မိုက်တောင်ခရီးစဉ်

2024-02-19 17:54|ရောင်စုံတိမ်တံတား

00305992348_08046ca1

(ရောင်စုံတိမ်တံတား ခင်ခင်၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် "ဖူအော်ကျင်မိုက်တောင် ရှေးဟောင်းလက်ဖက်သစ်တော ယဉ်ကျေးမှု ရှုခင်းသာနေရာ"သည် ကမ္ဘာ့အမွေအနှစ် အမည်စာရင်းထဲတွင် တင်သွင်းခံခဲ့၍ ယနေ့ထိတိုင် ကမ္ဘာပေါ်မှ ပထမဆုံးသော လက်ဖက် ယဉ်ကျေးမှု အမွေအနှစ် ဖြစ်သည်။ ကျင်မိုက်တောင်သည် လက်ဖက်ကြောင့် နာမည်ကျော်ကြားပြီး လက်ဖက်ကြောင့် ကြွယ်ဝချမ်းသာလာသည်၊ ဤလက်ဖက်တောင်ပေါ်တွင် မည်သည့် ထူးကဲသာလွန်ချက်များ ရှိသနည်း။

00305992350_11874979

ကျင်မိုက်တောင်ရောက်လျှင် တာ့ဖျင်ကျန်  ရှေးဟောင်း လက်ဖက်သစ်တောသည် မသွားမဖြစ်သည့်နေရာ ဖြစ်သည်။ ဤနေရာတွင် တရုတ်နိုင်ငံမှ ရှေးဟောင်းပြီး ပြီးပြည့်စုံသော လက်ဖက်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းထား၍ အသက်စွမ်းအားရှိပြီး နေထိုင်မှုဘဝကျသော သမိုင်းနှင့် လူမှုရေး အရင်းအမြစ်များ စုဆောင်းထားကာ ၂၀၂၁ ခုနှစ်တွင် ကျင်မိုက်တောင်သည် အမေရိကန် National Geographic မဂ္ဂဇင်း၏ "အကောင်းဆုံးသော ခရီးသွားနေရာများစာရင်း" ထဲတွင် အရွေးခံခဲ့သည်။

00305992361_dd3d7b97

ကျင်မိုက်တောင်ပေါ်တွင် နို့ကမ်၊ ဝမ်ကျီနှင့် မန်ဟုံ စသည့် ကျေးရွာ ၉ ခုသည် "ဖူအော်ကျင်မိုက်တောင် ရှေးဟောင်းလက်ဖက်သစ်တော ယဉ်ကျေးမှု ရှုခင်းသာနေရာ" ထဲသို့ ထည့်သွင်းခံခဲ့သည်။ ၎င်းအနက် နို့ကမ်ရှေးဟောင်းရွာထဲတွင် ပိုမိုပြည့်စုံသော တိုင်လူမျိုးယဉ်ကျေးမှုနှင့် အစကနဦးရှေးဟောင်းကျေးရွာ၏ မူလရုပ်သွင်ကို ထိန်းသိမ်းထားသည်။ ဤနေရာတွင် သစ်တော ပေါများပြီး မြစ်ရေ ကြည်လင် သောကြောင့် သမင်တစ်အုပ်သည် ရေသောက်ရန် ဤနေရာသို့ ခဏခဏ လာခဲ့ဖူးသည်ဟု ပြောစမှတ်ပြုဘွယ်အချက် ရှိသည်၊ နို့ကမ်၏ အဓိပ္ပာယ်မှာ သမင်များ ရေသောက်ရာနေရာ ဖြစ်သည်။

00305992364_3fa993ab

"နှစ်ထောင်ချီ ပူလန်လူမျိုး ရှေးဟောင်းရွာ"ဟု တင်စားခေါ်ဝေါ်သည့် ဝမ်ကျီသည်လည်း ကျင်မိုက်တောင်သို့ ခရီးသွားရန် နေရာကောင်းတစ်ခု ဖြစ်သည်၊ ဤကျေးရွာတွင် ပူလန်တိုင်းရင်းသားလူမျိုး၏ မူလဇီဝယဉ်ကျေးမှုများကို အပြည့်အဝ ထိန်းသိမ်းပြီး ဆက်ခံထားသည်။ ဝမ်ကျီရှေးဟောင်းကျေးရွာတွင် မျက်စိဖြင့် မြင်နိုင်သည့် နေရာအနှံ့တွင် စိမ်းလန်းစိုပြေခြင်း ဖြစ်ပြီး အရပ်သားနေအိမ်၊ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ကော်ဖီဆိုင် ပေါများလှ၍ ၄င်းသည် ကျင်မိုက်တောင်ပေါ်ရှိ ကျေးရွာများထဲတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ တွဲဖက်အဆောက်အအုံ ပိုမိုပြည့်စုံသော ကျေးရွာ တစ်ထုဖြစ်သည်။

00305992366_3c251281

ကျင်မိုက်ရွာကြီးသည် ကျင်မိုက်တောင်ပေါ်ရှိ အကြီးဆုံးသော တိုင်လူမျိုးကျေးရွာ ဖြစ်သည့်အပြင် ကျင်မိုက်တောင်ပေါ်ရှိ ရှေးဟောင်းလက်ဖက်ခြောက်၏ အဓိကထွက်ကုန်နေရာလည်း ဖြစ်သည်၊ ဤကျေးရွာ၏ အပေါ်ဘက်တွင် မိုပေါင်း သောင်းနှင့်ချီသော နှစ်ထောင်ချီ ရှေးဟောင်းလက်ဖက်သစ်တော ရှိသည်။ ကျေးရွာထဲမှ အဆောက်အအုံများ၏ စတိုင်သည် တောင်ပေါ်ရှိ ခြားကျေးရွာနှင့် နှိုင်းယှဉ်လျှင် ပိုမိုသစ်လွင်ခေတ်မီသည် ဖြစ်ပြီး ဤနေရာတွင် ပိုမိုစုစည်းသည့် အရပ်သားနေအိမ် စသည်တို့ကို ရှိ၍ ကျေးရွာထဲရှိ ကျင်မိုက်ရွာကြီး ဇုံဇွမ်ကျန့် (ဝန်ဆောင်မှုပေးစင်တာ) နှင့် စိန်စုကော်ဖီခန်းတို့တွင် မွှေးကြိုင်သော ကော်ဖီကို မြည်းနိုင်၍ လက်ဝဲကော်ဖီ လက်ယာလက်ဖက်ရည် ဖြစ်သည့် ရိုမန်တစ်ဘဝကို ခံစားစေနိုင်သည်။

00305992368_d4c763c0

လက်ဖက်သစ်တော ယဉ်ကျေးမှုများနှင့် ရှေးဟောင်းကျေးရွာ၏ လှပရှုခင်းများအပြင် ကျင်မိုက်တောင်ပေါ်တွင် နေဝင်နေထွက်ရှုခင်း၊ ကြယ်များဖြင့် တန်းဆာဆင်ထားသော ကောင်းကင်ယံနှင့် တိမ်ပင်လယ်များကိုလည်း ရှုစားနိုင်သည်။ အထူးသဖြင့် ဆောင်းဦးရာသီနှင့် ဆောင်းရာသီအတွင်း ရေးရေးရိပ်ရိပ်သော တိမ်ပင်လယ်သည် လျှို့ဝှက်နက်နဲသော မျက်နှာဖုံးပုဝါပါးကဲ့သို့ ကျင်မိုက်တောင်ပေါ်ရှိ လက်ဖက်သစ်တောကို ပုန်းအောင်းထားသည်၊ တိမ်ပင်လယ်ထဲတွင် တောင်တန်းများနှင့် ရှေးဟောင်းကျေးရွာများ၏ ပုံကြမ်းများသည် ပေါ်လိုက်မြုပ်လိုက်နှင့် ဖြစ်ပြီး ထူးခြားဆန်းကြယ်လှ၍ အလွန်ခမ်းနားထည်ဝါလှသည်။ သင်သည် လန်ချန်းခရိုင်ရောက်လျှင် ကျင်မိုက်တောင်ခရီးစဉ်ကို လက်လွတ်မခံနိုင်ပါ။

00305992370_55032ee5

00305992371_724ae391

00305992372_744b3727

00305992373_0cb641e3

00305992374_ef7cf93b

00305992375_b6ea9c50

00305992376_b3af8e72

00305992348_08046ca1

2023年9月17日,“普洱景迈山古茶林文化景观”列入《世界遗产名录》,是迄今为止全球首个茶文化主题的世界遗产。景迈山“以茶闻名、因茶致富”,这座茶山究竟有何独到之处?

00305992350_11874979

来到景迈山,大平掌古茶林是非去不可的。这里保存着中国古老而完整的茶文化民俗,积淀着鲜活、接地气的历史人文资源,2021年,景迈山入选美国《国家地理》杂志“最佳旅游目的地”。

00305992361_dd3d7b97

景迈山上,糯岗、翁基、芒洪等9个村寨被纳入“普洱景迈山古茶林文化景观”。其中糯岗古寨保留有较为完整的傣族文化和原始古村落原貌。传说这里林多溪清,曾有一大群鹿经常来这里饮水,“糯岗”一词就是“鹿饮水的地方”。

00305992364_3fa993ab

被誉为“千年布朗族古寨”的翁基也是景迈山之旅的一个好去处,这里完整地保留和传承了布朗族原生态文化。在翁基古寨,目之所及四野常青,民宿、饭店、茶室甚至咖啡店比比皆是,是景迈山几个村落中旅游配套设施相对完善的村寨之一。

00305992366_3c251281

景迈大寨是景迈山上最大的傣族村寨,也是景迈山古树茶的核心产区,寨子顶上就是千年万亩古茶林。村寨建筑风格比山上其他村寨更新、更现代,有相对集中的农家乐、民宿等,坐落其中的景迈大寨中转站和神树咖啡屋,能一品醇香的咖啡,让你实现左手咖啡右手茶的浪漫生活。

00305992368_d4c763c0

除了茶林文化和古寨美景,在景迈山还可以欣赏日出日落、星空云海。特别是秋冬时节的云海,缥缈的云海宛若一层神秘的面纱,将景迈山的茶林隐藏在其中,云海之中,山峦和古寨的轮廓若隐若现、奇幻多变,甚是壮观。来澜沧的你一定不能错过景迈山之旅。

00305992370_55032ee5

00305992371_724ae391

00305992372_744b3727

00305992373_0cb641e3

00305992374_ef7cf93b

00305992375_b6ea9c50

00305992376_b3af8e72

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်