ကူမင်းမြို့မှာ ဆောင်းချယ်ရီပန်းတွေ ကြည့်ရှုဖို့ နေရာသုံးလေးငါးခုလောက် ထောက်ခံအကြံပေးပါ

2024-01-31 14:30|ရောင်စုံတိမ်တံတား

1544661_700x393

User မောင်ဇော်၏ မေးခွန်း။ ။ မင်္ဂလာပါ အယ်ဒီတာ၊ ကျွန်တော်နဲ့ သူငယ်ချင်းတွေက ဆောင်းချယ်ရီပန်းတွေကို သွားကြည့်ဖို့ စီစဉ်ပါတယ်၊ ကူမင်းမြို့မှာ ဆောင်းချယ်ရီပန်းတွေ ကြည့်ရှုဖို့ နေရာသုံးလေးငါးခုလောက် ထောက်ခံ အကြံပေးနိုင်ပါသလား။

အယ်ဒီတာ၏ အဖြေ။ ။ မင်္ဂလာပါ၊ ကူမင်းမြို့မှာ ဆောင်းချယ်ရီပန်းတွေ ကြည့်ရှုဖို့ နေရာများများရှိတယ်၊ အောက်မှာ သင့်အတွက် သုံးလေးငါးခုလောက် ထောက်ခံ အကြံပေးပါမယ်။

၁။ယူနန်တက္ကသိုလ် (ချမ်ကုမ်ကျောင်းဝင်း)

ကျောင်းဝင်းထဲမှာ ရှုခင်း သာယာလှပတယ်၊ သတင်းပညာကောလိပ်နဲ့ ကျုံးဆန်းဘန်းဟန့် အဆောက်အဦရှေ့က ဆောင်းချယ်ရီပန်းတွေ ကြည့်ရှုဖို့ ကောင်းတဲ့နေရာတွေ ဖြစ်တယ်။ သတိပြုသင့်တာက ကျောင်းဝင်ရင် "ဖျင်အန်းယူတာ့ (平安云大)" ဟူသော WeChat အကောင့်မှာ ချမ်ကုမ်ကျောင်းဝင်းကို ရွေးချယ်ပြီးတော့ ကြိုတင်ချိန်းထားရမှာပါ၊ ကြိုတင်ချိန်းထားတဲ့ အချိန်ကာလအတွင်း (၉ နာရီက ၁၅ နာရီအထိ) မျက်နှာစကင်ဖတ်ခြင်း ဒါမှမဟုတ် ကိုယ်ပိုင်ကတ်ပြားပြခြင်းဖြင့် ဝင်ရောက်နိုင်ပါတယ်။

လမ်းညွှန်။ ။ မြေအောက်ရထားလမ်း အမှတ် ၁ ကို စီးပြီး University Town ဘူတာက ဆင်းပါ။

1544663_700x393

၂။ဟုံထာအနောက်လမ်း

ဟုံထာအနောက်လမ်း နှစ်ဖက်မှာ ဆောင်းချယ်ရီပင် အများအပြား စိုက်ပျိုးထားလို့ လှပတဲ့ ဆောင်းချယ်ရီပန်းလမ်းမကြီး တစ်လိုင်းကို ဖြစ်လာပါတယ်။ ဟုံထာအနောက်လမ်းပေါ်မှာ ဖြည်းညှင်းသက်သာစွာ လမ်းလျှောက်ရင် ပန်းရောင်ကမ္ဘာထဲကို ဝင်ရောက်သလို ခံစားနိုင်ပါတယ်။ ပန်းတွေ ရှုစားပြီးတော့ အနီးနားရှိ ဟိုင်ကင်ရေကာတာကို သွားပြီး ခေါင်းနီစင်ရော်တွေ ကျွေးနိုင်ပါတယ်။

လမ်းညွှန်။ ။ ဘတ်စ်ကားနံပါတ် ၉၄၊ ၁၃၅ ကို စီးပြီး ဟုံထာအနောက်လမ်း မှတ်တိုင်ကို တိုက်ရိုက် ရောက်နိုင်ပါတယ်၊ ဒါမှမဟုတ် ဘတ်စ်ကားနံပါတ် ၇၃၊ ၄၄၊ ၁၈၃၊ ၂၄ ကို စီးပြီး ဟုံထာအရှေ့လမ်းဆုံ (တျန်းချီလမ်း) မှတ်တိုင်က ဆင်းပြီးတော့ ဟုံထာအနောက်လမ်းကို ခြေလျင်လျှောက်သွား ရပါတယ်။

1544664_700x393

၃။ရှီးဆန်းဥယျာဉ်

ရှီးဆန်းဥယျာဉ်ရဲ့ ကောင်းယောင်ရပ်ကွက်ရဲ့ အဝင်ဝမှာ ရှိတဲ့ လမ်းပေါ်ရှိ ဆောင်းချယ်ရီပန်းတွေကိုလဲ ကြည့်ရှု ထိုက်သင့်ပါတယ်။ အဲဒီနေရာရှိ ချယ်ရီပင်တွေဟာ ဘေးနားက ရှုခင်းတွေနဲ့ အပြန်အလှန် ရောင်ပြန်ဟပ်ပြီး လှပတဲ့ မြင်ကွင်း တစ်ချပ်ကို ဖွဲ့စည်ဖြစ်လာပါတယ်။ နေသာတဲ့နေ့တွေမှာ ခရီးထွက်ဖို့ ရွေးချယ်ပါက ပိုမိုလှပတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးရနိုင်ပါတယ်။

လမ်းညွှန်။ ။ မြေအောက်ရထားလမ်း အမှတ် ၃ ကို စီးပြီး ရှီးဆန်းဥယျာဉ်ဘူတာကနေ ဆင်းပြီးတော့ ကူမင်းခရီးသွားကေဘယ်လမ်း လက်မှတ်ရောင်းဌာနမှာ မိမိရဲ့ လိုအပ်ချက်အရ ကေပယ်ကားလက်မှတ် (အသွားလက်မှတ် ဒါမှမဟုတ် အသွားအပြန်လက်မှတ်) ကို ရွေးချယ်ဝယ်ယူ နိုင်ပါတယ်။

1544681_700x393

၄။ယွမ်ထွန်းတောင်

နှစ်ကုန် ဒါမှမဟုတ် နှစ်ဦးပိုင်း ရောက်တိုင်း ယွမ်ထုန်းတောင်ရှိ ဆောင်းချယ်ရီပန်းတွေက ဝေဝေဆာဆာ ပွင့်ဖူးလေ့ရှိပြီး ယွမ်ထုန်းတောင်ကို ရိုမန်းတစ်ဆန်တဲ့ ပန်းနုရောင်ပင်လယ်ဖြစ်ဖို့ ဆေးဆိုးလေ့ရှိပါတယ်။

လမ်းညွှန်။ ။ ဘတ်စ်ကားနံပါတ် ၈၃၊ ၇၄၊ ၁၂၉၊ ၂၃၄၊ ၄၊ ၅၉၊ ၁၁၉ စတာတွေကို စီးလို့ ရပါတယ်။ မြေအောက်ရထားလမ်း အမှတ် ၅ ကို စီးရင် ယွမ်ထုန်းတောင်ဘူတာကနေ ဆင်းပြီးတော့ ၆ မိနစ်လောက်ကြာ ခြေလျင်လျှောက် ရောက်နိုင်ပါတယ်။

1544665_700x393

1544661_700x393

网友貌佐提问:小编,你好!我和朋友计划去看冬樱花,可以给我推荐几个昆明的赏樱地点吗?

小编解答:您好,昆明有很多看冬樱花不错的地方,下面我为您推荐几个。

1.云南大学(呈贡校区)

校内景色优美,新闻学院和中山邦翰楼前是不错的打卡地。要注意的是,进校要在“平安云大”公众号上预约,选择呈贡校区。在预约时间段内(9:00—17:00)刷脸或携带身份证即可进入。

交通指南:乘坐地铁1号线到大学城站下车。

1544663_700x393

2.红塔西路

红塔西路道路两侧种植了大量冬樱花树,形成了一条美丽的樱花大道。在红塔西路漫步,仿佛步入粉色世界。赏花后还可以到附近的海埂大坝喂红嘴鸥。

交通指南:可以乘坐94路、135路公交直达红塔西路公交站,或乘坐73路、44路、183路、24路公交到红塔东路口(滇池路)公交站下车,然后步行前往红塔西路。

1544664_700x393

3.西山

西山公园高峣片区入口路上的冬樱花同样值得一看。这里的樱花树与周围的景色相得益彰,构成了一幅美丽的画面。选择晴朗天气出行,出片率更有保障。

交通指南:乘坐地铁3号线到达西山公园站,下车后在昆明旅游索道处购买缆车票,游客可根据自身需求选择购买单程票或往返票。

1544681_700x393

4.圆通山

每当岁末年初,圆通山的冬樱花便会盛开,将圆通山染成一片浪漫的粉色花海。

交通指南:乘坐83路、74路、129路、234路、4路、59路、119路等公交线路皆可到达;地铁5号线可在圆通山站下车,步行6分钟左右即可到达。

1544665_700x393

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်