ကူမင်းမြို့ ထန်ဟွာဘုရားကျောင်းဥယျာဉ်ထဲတွင် စံကားဖြူများ ဝေဝေဆာဆာ ပွင့်ဖူးနေ
2024-01-31 17:24|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) အခုလောက ကူမင်းမြို့ ထန်ဟွာဘုရားကျောင်းဥယျာဉ်ထဲတွင် စံကားဖြူများ ယှဉ်ပြိုင်ပွင့်ဖူးနေကြ၍ မြို့သူမြို့သားများသည် ဥယျာဉ်သို့ သွားပြီး စံကားဖြူများ၏ အလှအပကို ခံစားနိုင်ကြသည်။
ယူနန် Magnolia delavayi Franch.ကို ရှေးခေတ်တွင် ယူထန်ပန်းဟု ခေါ်ခဲ့သည်၊ ထန်ဟွာဘုရားကျောင်းဥယျာဉ်သည် ဥယျာဉ်အတွင်း အသက် နှစ်ပေါင်း ၄၀၀ နီးပါး ရှိသည့် ယူထန်ပင်တစ်ပင် ရှိသောကြောင့် ထန်ဟွာဟူသော ဥယျာဉ်အမည် ရရှိခဲ့သည်၊ စံကားဖြူသည်လည်း ထန်ဟွာဘုရားကျောင်းဥယျာဉ်ထဲရှိ နာမည်ကျော်ပန်းများထဲမှ ကိုယ်စားလှယ်တစ်မျိုးအဖြစ် ယခုနှစ်များတွင် ကျယ်ပြန့်စွာ စိုက်ပျိုးပေးခဲ့သည်။ လက်ရှိအချိန်တွင် ထန်ဟွာဘုရားကျောင်းဥယျာဉ်ထဲ၌ အပင်ပေါင်း ရာနှင့်ချီသော စံကားဖြူကို စိုက်ပျိုးထား၍ ၎င်းတို့အနက် အသက် နှစ် ၄၀ ကျော် ရှိသည့် အပင်မှာ ၂၇ ပင် ရှိသည်။ Magnolia delavayi Franch. အပြင်၊ Michelia alba DC. နှင့် Magnolia Grandiflora Linn စသည်တို့လည်း ရှိ၍ ယခုတွင် ဝေဝေဆာဆာ ပွင့်ဖူးသည်မှာ အဓိကအားဖြင့် Magnolia Grandiflora Linn များ ဖြစ်သည်။
ထို့ပြင် ဥယျာဉ်ထဲမှ တရုတ်ဖယောင်းပန်းများသည်လည်း ရှေ့စဉ်နောက်ဆက် ပွင့်ဖူးလာနေသည်၊ စံကားဖြူများသည် ဇန်နဝါရီလကုန် သို့မဟုတ် ဖေဖော်ဝါရီလဆန်းအထိ ဆက်လက်ပွင့်ဖူးနိုင်မည် ဖြစ်၍ တရုတ်ဖယောင်းပန်းများကမူ ဖေဖော်ဝါရီလကုန်အထိ ဖွင့်ဖူးနိုင်မည် ဖြစ်သည်။ အားလုံး ထန်ဟွာဘုရားကျောင်းဥယျာဉ်သို့ လည်ပတ်ကြည့်ရှုရန် ချက်ချင်းလာကြပါ။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ


