ဟာအယ်ပင်း၏ ရေခဲသစ်တော်သီးများ နာမည်ကျော်ကြားလာ၍ တာ့လီသည် ၄င်းနှင့် ယှဉ်ပြိုင်ရန် ရေခဲငါးများကို တောက်ခံတင်သွင်း
2024-01-31 17:12|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) မကြာသေးမီက ဟာအယ်ပင်း၏ ခရီးသွားလုပ်ငန်းသည် ဆက်တိုက် ရေပန်းစားလာသောကြောင့် မြောက်ပိုင်းဒေသနှင့် တောင်ပိုင်းဒေသအကြား ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ယှဉ်ပြိုင်မှုကို ဖြစ်ပွားလာစေကာ ယူနန်ပြည်နယ်ရှိ နေရာအသီးသီးမှာလည်း ထူးခြားချက် အများဆုံးရှိသော ထုတ်ကုန်ပစ္စည်းများကို တောက်ခံတင်သွင်းပြီး ခရီးသည်များအား လာရောက်ခံစားရန် ဖိတ်ခေါ်ခဲ့ကြသည်။ ယူနန်ပြည်နယ် တာ့လီပြည်နယ်ခွဲသည် ပိုင်လူမျိုး၏ ထူးခြားချက်ရှိသော ဟင်းလျာဖြစ်သည့် ရေခဲငါးများကို တောက်ခံတင်သွင်းပြီး ယခုရက်များတွင် ချပ်ပြားလှီးခြင်း၊ ပန်းကန်ပြားထဲ ခင်းကျင်းခြင်းတို့ကြောင့် အင်တာနက်သုံးသူကို များစွာဆွေးနွေးစေသည့် ဟာအယ်ပင်း၏ ရေခဲသစ်တော်သီးများနှင့် ယှဉ်ပြိုင်၍ ခရီးသည်များကို တာ့လီသို့ ရေခဲငါးစားရန်နှင့် လည်ပတ်ကြည့်ရှုရန် ဖိတ်ခေါ်ခဲ့သည်။
အေးခဲငါးသည် တာ့လီပြည်နယ်ခွဲ ပိုင်လူမျိုး၏ ရိုးရာဟင်းလျာ တစ်ခုဖြစ်ပြီး သာမန်အားဖြင့် ဆောင်းရာသီထဲသာ ပြုလုပ်လျက်ရှိကာ ပိုင်လူမျိုးသည် ချက်ပြုတ်ခဲ့ပြီး ဖြစ်သည့် ဟင်းရည်နှင့် အသားပါရှိသော ချဉ်စပ်ငါးများကို ပန်းကန်လုံးထဲသို့ ထည့်သွင်းပြီး တစ်ညကြာသော သဘာဝကျသော အအေးစိမ်းခြင်းအားဖြင့် ပြန်လှန်နှိမ်ယူ ပြီးနောက် တစ်ပိုင်းအလင်းပေါက်သော ရေခဲငါး တစ်ပန်းကန်ကို ပြုလုပ်ပြီးဆုံးသွားပြီ ဖြစ်သည်။ စားလျှင် ချောမွေ့ချဉ်စပ်ပြီး အရသာအလွန်ရှိသည်၊ ၄င်းသည် ဒေသခံများ၏ စားပွဲပေါ် အမြဲတွေ့နိုင်သည့် ဟင်းလျာတစ်ခု ဖြစ်၍ ဆောင်းရာသီတွင် ဧည့်သည်များ ဧည့်ခံရန် ထူးခြားချက်ရှိ ဟင်းလျာတစ်ခုလည်း ဖြစ်သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ










