ဆက်ခံခြင်းသည် နီရှီးအနက်ရောင်မြေထည်ကို ဖွံ့ဖြိုးတိုးတက်စေ
2023-11-21 16:14|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ထန်းသွင်းရွာသည် ယူနန်ပြည်နယ် တီချင့် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ရှန်ဂရီလာမြို့ နီရှီးမြို့နယ် ထန်းမန်ရွာ၌ တည်ရှိ၍ နီရှီးအနက်ရောင်မြေထည်သည် ဤရွာကလေးကို ၄င်း၏ ထူးခြားသော ညှို့နိုင်စွမ်းများကို ထုတ်လွှတ်စေသည်။ နီရှီးအနက်ရောင်မြေထည်သည် နှစ်ပေါင်းထောင်ချီ ကြာမြင့်သော သမိုင်းကြောင်းရှိ၍ ၂၀၀၈ ခုနှစ် ဇွန်လတွင် "တိဗက်လူမျိုး၏ အနက်ရောင်မြေထည် ပြုလုပ်ခြင်း နည်းပညာ"ကို အမျိုးသားအဆင့် ဒုတိယအသုတ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးစာရင်းတွင် ထည့်သွင်းသတ်မှတ်ခဲ့၍ မရေမတွက်နိုင်သော မျိုးဆက်ပေါင်းများစွာ ဆက်ခံခြင်းနှင့် ဆက်တိုက်ဖြစ်စေခြင်းအားဖြင့် ဤရှေးဟောင်းသော လက်မှုအနုပညာသည် ထန်းသွင်းရွာ၌ ကောင်းမွန်လှသော ဆက်ခံခြင်းကို ရရှိခဲ့သည်။
ဤနှစ် အသက် ၆၆ နှစ်ရှိသည့် အနက်ရောင်မြေထည် လက်မှုအနုပညာရှင်အို ကဇုံဝန့်တွေးသည် အသက် ၁၂ နှစ်တွင် မြေထည်လုပ်နည်းကို စတင်သင်ကြားခဲ့၍ အသက် ၁၈ နှစ်မှစ၍ အပြင်သို့ ဘဝသက်တမ်းတစ်ဝက်ကြာ အသက်မွေးဝမ်းကျောင်းသွား ပြီးနောက် အသက် ၅၂ နှစ်တွင် ထန်းသွင်းရွာသို့ ပြန်လာပြီး မြဲမြဲကြီးနှလုံးသွင်းထားသည့် အနက်ရောင်မြေထည်လုပ်နည်းကို ပြန်လည်ကောက်ယူခဲ့သည်။ ထိုအချိန်မှစ၍ သူသည် နေ့စဉ်နေတိုင်း မြေထည်ပြုလုပ်ခြင်း၊ နည်းပညာ တိုးတက်ကောင်းမွန်အောင် သုတေသနပြုခြင်း၊ တပြည့်များအား မြေထည်လုပ်နည်းများ သင်ပေးခြင်းတို့ကို အမြဲတမ်းဆောင်ရွက် လျက်ရှိသည်။ နီရှီးအနက်ရောင်မြေထည်ပြုလုပ်ရာတွင် မြေတီလွှာတူးဖော်ခြင်း၊ အသွင်အပြင်ထုလုပ်ခြင်း၊ ပွတ်တိုက်အချောကိုင်ခြင်းနှင့် မီးလောင်ပြုလုပ်ခြင်း စသည့် လုပ်ငန်းအစီအစဉ် အများအပြားရှိသည်ဟု ကဇုံဝန့်တွေးက မိတ်ဆက်ပေးခဲ့သည်။ ယခုနှစ်များတွင် သူသည်လည်း သူ၏ သားနှင့် မြေးများ အပါအဝင် တပြည့်ပေါင်း ၁၁ ယောက်ကို ဤလုပ်ငန်းအစီအစဉ် အကုန်လုံးသင်ပေးခဲ့သည်။
လာဇုံဖီဇူသည် ကဇုံဝန့်တွေး၏ သားဖြစ်ကာ သူသည် နီရှီးအနက်ရောင်မြေထည်၏ ဆက်ခံသူဖြစ်ပြီး "ဖြစ်ထွန်းအောင် ဆောင်ရွက်သူ"လည်း ဖြစ်သည့်အပြင် ရွာထဲတွင် ချမ်းသာစေအောင် ဦးဆောင်သူလည်း ဖြစ်သည်။ သူ့အတွေ့အကြုံများသည် သူ့ဖခင်နှင့် တူညီသည်မှာ ငယ်စဉ်ကတည်းက အနက်ရောင်မြေထည်လုပ်နည်းကိုလည်း သင်ယူခဲ့ပြီး ကြီးပြင်းလာပြီးနောက် အပြင်သို့ အချိန်အတော်ကြာ အသက်မွေးဝမ်းကျောင်းသွား ပြီးနောက် ဇာတိသို့ ပြန်လာခဲ့သည် ဖြစ်သည်၊ မတူညီသည်မှာ သူသည် ဇာတိ တည်ဆောက်ရန် အရင်းငွေများနှင့် နီရှီးအနက်ရောင်မြေထည်များ မိတ်ဆက်ဖြန့်ချီရန် အယူအဆများကို ယူဆောင်လာသည် ဖြစ်သည်။
လာဇုံရှောင်ဘားသည် သူ့မိသားစုကြီးထဲမှ နီရှီးအနက်ရောင်မြေထည်ပြုနည်း၏ အဋ္ဌမမျိုးဆက် ဆက်ခံသူဖြစ်၍ သူ၏ဖခင် သန်းဇေဖီဇူသည် တိဗက်လူမျိုး၏ အနက်ရောင်မြေထည် ပြုလုပ်ခြင်း နည်းပညာ၏ ကိုယ်စားလှယ်ပြုနိုင်သည့် ဆက်ခံသူဖြစ်သည်။ ဖခင်၏ လက်ရာများနှင့် နှိုင်းယှဉ်ပါက လာဇုံရှောင်ဘားသည် အမျိုးအစားနှင့် အပြင်သဏ္ဍာန် စသည့်နယ်ပယ်များတွင် နီရှီးအနက်ရောင်မြေထည်များကို စတင် ဆန်းသစ်တီထွင်ခဲ့သည်။ လာဇုံရှောင်ဘားသည် တိဗက်လူမျိုး၏ ယဉ်ကျေးမှုများနှင့် ရောနှောပေါင်းစပ်သည့် နီရှီးအနက်ရောင်မြေထည် ကော်ဖီခွက်များ၊ အခင်းအကျင်းပစ္စည်းများနှင့် ပန်းအိုးများ စသည့် လက်ရာအသစ်စီးရီးများကို ဆန်းသစ်တီထွင် ထုတ်လုပ်ခဲ့၍ စျေးကွက်တွင် အလွန်ရေပန်းစား လျက်ရှိသည်။
လာဇုံရှောင်ဘားနှင့်တူသော လူများသည် နီရှီးအနက်ရောင်မြေထည်ပြုနည်းများ ရောနှောပေါင်းစပ်ခြင်းမှာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ၏ အနက်အဓိပ္ပါယ်များကို ပေါများကြွယ်ဝစေ ရုံသာမက မျက်မှောက်ခေတ် ယဉ်ကျေးမှုများအတွက် သစ်လွင်သော ညှိုနိုင်စွမ်းများလည်း တိုးဖြည့်ပေးခဲ့သည်။ ဤဆန်းသစ်တီထွင်မှုများ၏ ရောနှောပေါင်းစပ်ခြင်းသည် ရိုးရာအစဉ်အလာကို အလေးပြုခြင်းဖြစ် ရုံသာမက ဆန်းသစ်တီထွင်မှုကို စူးစမ်းရှာဖွေခြင်းလည်း ဖြစ်ကာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ယခုခေတ်ထဲတွင် ပိုမိုထွန်းလင်းတောက်ပ ရွှန်းလဲ့တင့်ဆန်းသော လင်းရောင်ခြည်များ ရှင်သန်တက်ကြွစေခဲ့သည် ဖြစ်သည်။
汤堆村位于云南省迪庆藏族自治州香格里拉市尼西乡汤满村,尼西黑陶让这座小山村绽放出属于自己的独特魅力。尼西黑陶有着长达千年的历史,2008年6月,“藏族黑陶烧制技艺”被列入国家级第二批非物质文化遗产保护名录,经过无数代的传承与延续,这项古老的工艺在汤堆村得到了很好的传承。
位于迪庆州香格里拉市尼西乡的汤满村。记者劳学丽/摄
今年66岁的黑陶老手艺人格茸汪堆从12岁就开始学习制陶,18岁外出闯荡了半生后,在52岁这年回到汤堆村重新拾起铭记于心的黑陶制作手艺。从此之后,他每一天都在制陶、研究技术改进、教徒弟们制作黑陶中度过。格茸汪堆介绍,制做尼西黑陶有采土、制坯、磨光、烧制等多道工序。这些年来,他也毫无保留地将每一道工序的工艺教给了包括他儿子和孙子在内的11个徒弟。
66岁的黑陶老手艺人格茸汪堆在制作黑陶。记者刘欣琳/摄
汤堆村黑陶制作体验馆内用黑陶制作的花瓶。记者刘欣琳/摄
拉茸批初是格茸汪堆的儿子,他是尼西黑陶的传承人,也是“发扬人”,同时还是村里的致富带头人。他的经历和父亲有相似之处,也是从小学习黑陶制作手艺,长大后外出闯荡了一段时间后又回到家乡。不同的是,他是带着建设家乡的资金和宣传尼西黑陶的理念回来的。
汤堆村致富带头人拉茸批初。记者刘欣琳/摄
拉茸肖巴是家族第八代尼西黑陶传承人,他的父亲当珍批初则是藏族黑陶烧制技艺代表性传承人。相比起父辈的作品,拉茸肖巴开始从种类、外形等对尼西黑陶进行创新。拉茸肖巴创新制作了融入藏族文化的尼西黑陶咖啡杯、摆件、花瓶等一系列新作品,在市场中很受欢迎。
陈列在拉茸肖巴家内的黑陶工艺品。记者刘欣琳/摄
拉茸肖巴融入藏族元素的黑陶茶杯。记者劳学丽/摄
类似拉茸肖巴对尼西黑陶技艺所做的融合不仅丰富了非遗的内涵,也为当代文化带来了新的魅力。这些创意的融合,既是对传统的致敬,也是对创新的探索,让非遗在当今社会中焕发出更加绚丽多彩的光芒。(昆明信息港 记者劳学丽 刘欣琳)
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ