"လျင်ချန်း အစားအစာ တစ်လပတ်လှုပ်ရှားမှု၊ ခရိုင်(ဒေသ) အစားအစာရက်သတ္တပတ်" မိတ်ဆက်ပွဲကို နိုဝင်ဘာလတွင် ကူမင်းမြို့၌ ကျင်ပ
2023-11-16 15:31|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) လျင်ချန်းမြို့ရှိ တိုင်းရင်းသားလူမျိုးများ၏ အစားအစာ ယဉ်ကျေးမှုများ၊ ညစ်ညမ်းမဲ့ အစိမ်းရောင် အရင်းအမြစ်များနှင့် ထူးခြားသော အစားအစာများကို ပြည့်ဝစွာ တူးဖော်ပြသရန်၊ လျင်ချန်းမြို့ရှိ အစားအစာများ၏ အတွင်းသဘောများကို ပေါများကြွယ်ဝစေရန်နှင့် လျင်ချန်းမြို့၏ ကျော်ကြားမှုနှင့် သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန် ကူမင်းအခြေစိုက် လျင်ချန်းမြို့ ပြည်သူ့အစိုးရရုံးနှင့် လျင်ချန်းမြို့ ကုန်သွယ်ရေးရေးဦးစီးဌာနတို့သည် နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ ကူမင်းမြို့၌ "လျင်ချန်း အစားအစာ တစ်လပတ်လှုပ်ရှားမှု၊ ခရိုင်(ဒေသ) အစားအစာရက်သတ္တပတ်" မိတ်ဆက်ပွဲကို ကျင်းပမည်။
ရှုပ်ထွေးသော ပထဝီအနေအထားနှင့် ရာသီဥတုအခြေအနေများ၏ အကျိုးသက်ရောက်မှုကြောင့် လျင်ချန်းမြို့တွင် ပေါများကြွယ်ဝသော တိရစ္ဆာန်နှင့် ရုက္ခပင် အရင်းအမြစ်များနှင့် ထွေပြားစုံလင်သောအစားအစာ ယဉ်ကျေးမှုများ ဖြစ်လာသည်။ လျင်ချန်းမြို့သို့ သွားရောက်ပြီး ပန်းများ၊ မှိုများ၊ ဆေးဖက်ဝင်အစားအစာများ၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဖြစ်သည့် အစားအစာများ စားခြင်း၊ ဖူအော်လက်ဖက်ရည် သောက်ခြင်းနှင့် တိုင်းရင်းသားလူနည်းစုများ၏ ဓလေ့ထုံးစံများကို ခံစားခြင်းတို့သည် ထူးခြားချက်တစ်မျိုး ဖြစ်လာပြီ။
ဤအကြိမ် မိတ်ဆက်ပွဲ ကျင်းပရာတွင် တိုင်းရင်းသားလူမျိုးများ၏ အစားအစာ ယဉ်ကျေးမှုများ ပြသခြင်း၊ ညစ်ညမ်းမဲ့ အစိမ်းရောင် အစားအစာများ မြည်းစမ်းခြင်း၊ ညစ်ညမ်းမဲ့ အစိမ်းရောင် စားသောက်ကုန်ပစ္စည်းများ ပြသခြင်း၊ ညစ်ညမ်းမဲ့ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ ရွေးချယ်အကဲဖြတ်ခြင်းနှင့် စိုက်ပျိုးရေး အထူးထုတ်ကုန်များ ရောင်းချခြင်း စသည့် လှုပ်ရှားမှုများကို ပြုလုပ်မည်၊ လျင်ချန်း ညစ်ညမ်းမဲ့ အစိမ်းရောင် အစားအစာများ ပြခန်းထဲတွင် လင်ဆန်မြို့ရှိ ခရိုင်(ဒေသ)များ၏ ထူးခြားသော အစားအစာများ မြည်းစမ်းခြင်းဧရိယာ (လူအယောက်ပေါင်း ၅၀ သည် တစ်ချိန်တည်း မြည်းစမ်းနိုင်)၊ ညစ်ညမ်းမဲ့ အစိမ်းရောင် စားသောက်ကုန်ပစ္စည်းများ ပြသခြင်းဧရိယာ၊ အနားယူပြီး စားသောက်စရာစားသောက်ခြင်းဧရိယာနှင့် လျင်ချန်းမြို့ရှိ ညစ်ညမ်းမဲ့ အစိမ်းရောင် အစားအစာများ ပြသရောင်းချခြင်းဧရိယာတို့ကို စီစဉ်ထား၍ လျင်ချန်း၏ "လက်ဖက်ခြောက်များ၊ ပန်းများ၊ သစ်သီးများနှင့် ဆေးဝါးများကို ဟင်းလျာဖြစ်အောင် ပြုတ်စားခြင်း" ဟူသော တိုင်းရင်းသားလူမျိုးများ၏ အစားအစာယဉ်ကျေးမှုများကို ပြသနိုင်ရန် ရည်ရွယ်ထားသည်။
ပြောရကျိုးနပ်သည်မှာ နိုဝင်ဘာလ ၁ ရက် မှစ၍ ရက်သတ္တတိုင်း တနင်္လာနေ့၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တို့တွင် လျင်ချန်းမြို့ရှိ ခရိုင်(ဒေသ) အသီးသီးမှ ထူးခြားသော အစားအစာများကို အလှည့်ကျ ပြသမည်ဖြစ်၍ လျင်ချန်းအစားအစာများကို ပိုများသောလူအား သိရှိစေရန် တွန်းအားပေးပြီး လျင်ချန်း၏ တိုင်းရင်းသားလူမျိုးများ၏ အစားအစာ ယဉ်ကျေးမှု နာမည်တံဆိပ်ကို နာမည်ကျော်ကြားစေမည် ဖြစ်သည်။
为充分挖掘和展现临沧民族饮食文化、绿色资源、特色美食,提升临沧美食内涵、扩大临沧的知名度和影响力,临沧市人民政府驻昆明办事处、临沧市商务局于11月1日至11月30日在昆明举办临沧市2023年“临沧美食月县(区)美食周”宣传推介活动。
临沧因受复杂的地形与气候条件的影响,形成了丰富的动植物资源,派生出丰富多彩的饮食文化。到临沧吃花、吃菌、吃药膳、吃果蔬、吃非遗美食、品陈香普洱、品少数民族风情已经成为一种特色。
本次推介活动将开展民族饮食文化展示、绿色美食品鉴、绿色食材展示、绿色健康美食评选、农特产品销售等活动,在临沧绿色食品馆内设县(区)特色美食品鉴区(可供50人同时品鉴)、绿色食材展示区、茶歇区、临沧绿色食品展示销售区,旨在展示临沧“以茶为菜、以花为食、以果为餐、以药为膳”的民族饮食文化。
值得一提的是,11月1日开始,每周一、三、五各县(区)特色美食将轮番登场,助推临沧美食“出圈”,擦亮临沧民族饮食文化这张名片。(云南网 记者期俊军 实习生易青娴)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ