လှပသောရှုခင်းများနှင့် လူမှုရေး သင့်လျော်သော ယူနန် နီဇူရွာတွင် လှပသည့်အရာများ များပြားလှ
2023-11-08 15:46|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဆောင်းဦးကုန်ဆုံးတော့မည့် အချိန်ကာလတွင် "စိတ်ထဲမှနေနှင့်လ"ဟုခေါ်သည့် ရှန်ဂရီလာသို့ ရောက်ရှိပါက အဝါရောင်ဖျော့ဖျော့ဖြင့် ဆိုးထားသည့် တောင်တန်းများနှင့် ကြည်လင်မိုးမြင့်သော ကောင်းကင်ပြာပြာကို တွေ့မြင်နိုင်သည်။ အောက်တိုဘာလ ၂၈ ရက်မှ ၂၉ ရက်အထိ "ဗဟိုတူစက်ဝိုင်းကို အတူဆွဲခြင်း၊ တီချင့်၏ တိုးတက်ရေးအိပ်မက်အသစ်ကို အကောင်အထည်ဖော်ခြင်း"ဟူသော ခေါင်းစဉ်ဖြင့် ယူနန်ပြည်နယ် တီချင့် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ရှန်ဂရီလာမြို့ လော့ကျီမြို့နယ် နီဇူရွာမှ ရိုးရာသော တောင်တန်းပူဇော်ခြင်း၊ မြင်းစီးခြင်းပွဲတော်နှင့် ကျေးလက်ဒေသ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာ မိတ်ဆက်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့သည်။
နီဇူရွာထဲတွင် ရွာသူရွာသားများသည် ကောင်းကင်နှင့်မြေကြီးကို ပိတ်ကားအဖြစ် သီချင်းဆိုပြီး အကကခဲ့ကြကာ မြင်းများကို ရောင်စုံပိုးချပ်ကြိုးဖြင့် တန်ဆာဆင်ခဲ့ကြသည် ဖြစ်၍ သီချင်းနှင့်အကများဖြင့် ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်နှင့် လူနေမှုဘဝကို ချီးကျူးသြဘာပြုသည့်အပြင် တောင်တန်းပူဇော်ခြင်းနှင့် မြင်းစီးခြင်းတို့ဖြင့် လာမည့်နှစ်တွင် ကောက်ပဲသီးနှံများ သီးထွက်ကောင်းခြင်းနှင့် လူသူတိရစ္ဆာန် များပြားခြင်းတို့ကို ဆုတောင်းခဲ့ကြသည်။ သာယာလှပသော ဆောင်းဦးရှုခင်းများနှင့် နီဇူမှ တိုင်းရင်းသားလူနည်းစု၏ ရိုးရာဓလေ့ထုံးစံများ အပြန်အလှန် အကျိုးကျေးဇူးဖြစ်ထွန်းလျက်ရှိသည် ဖြစ်၍ ပြေပြစ်သာယာလှသော ပန်းချီကားတစ်ချပ်ကို ဖွဲ့စည်းဖြစ်လာသည် ဖြစ်သည်။
နှစ်စဉ်နှစ်တိုင်း တိဗက်သက္ကရာဇ် ၉ လပိုင်း ၁၅ ရက်နေ့သည် နီဇူရွာသူရွာသားများ တောင်တန်းပူဇော်ခြင်းနှင့် မြင်းစီးခြင်းပွဲတော်ကို ကျင်းပလျက်ရှိသည့် နေ့ရက် ဖြစ်သည်၊ ဤပွဲတော်တွင် အုပ်စုလိုက် ထင်းရှူးပင်အကိုင်းအခက်များ လောင်ခြင်း၊ မြင်းစီးပြီး တောင်တန်းပူဇော်ခြင်း၊ အဖွဲ့လိုက်အစာစားပွဲနှင့် ကိုဇွမ်အကကပြခြင်း လှုပ်ရှားမှု ၄ ရပ်ကို ပါဝင်ပြီး လှုပ်ရှားမှုတစ်ရပ်စီသည် မတူညီသော အတွင်းသဘောနှင့် အဓိပ္ပါယ်များရှိသည်။ ထိုနေ့တွင် ရွာသားများသည် ထင်းရှူးပင်အကိုင်းအခက်များ လောင်ခြင်း၊ တောင်တန်းပူဇော်ခြင်းနှင့် မြင်းစီးခြင်းတို့ကို လုပ်ဆောင်လျက်ရှိပြီး ရွာသူများသည် မီးမွှေးပြီး လက်ဖက်ရည်ကျိုကာ ကလေးငယ်များသည် ဆော့ကစားလျက်ရှိကြသည်။ လူအားလုံးသည် ရှေးဟောင်းသော ကိုဇွမ်အကကို ကပြဖျော်ဖြေပြီး ဝမ်းသာပျော်မြူးကြသည်၊ ၎င်းဖြင့် တောင်စောင့်နတ်ကို ပူဇော်ရင်း စည်းလုံးညီညွတ်ပြီး ချောချောမောမောနေထိုင်ခြင်း၊ မိုးမှန်လေမှန် ရာသီမဖောက်ပြန် ဖြစ်ခြင်းနှင့် ကောက်ပဲသီးနှံများ သီးထွက်ကောင်းခြင်းတို့ကို ဆုတောင်းလျက်ရှိကြသည်။
暮秋时节,来到“心中的日月”香格里拉,群山染上渐变黄色,湛蓝天空清澈高远。10月28日至29日,“共画同心圆 逐梦新迪庆”云南省迪庆藏族自治州香格里拉市洛吉乡尼汝村传统祭山跑马节暨乡村文旅推介活动顺利举办。
尼汝村内,群众天地为幕载歌载舞,彩带鞍鞯扮靓骏马,用歌舞赞颂优良生态、美好生活,祭山跑马祈求来年五谷丰登、人畜兴旺。醉人秋景与尼汝少数民族风情相得益彰,构成一幅和美画卷。
据悉,每年藏历九月十五是尼汝村民举行祭山跑马节的日子,祭山跑马节有集体煨桑、跑马祭山、集体宴席、跳锅庄舞4项活动,每项活动都有不同的内涵和象征意义。当天,男村民煨桑祭山、跑马,女村民生火烧茶,小孩们嬉戏玩耍。大家跳起古老的锅庄舞,欢歌笑语,以此祭祀山神,祈求和谐平安、风调雨顺、庄稼丰收。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ