ကူမင်းမှာလည်ပတ်ဖို့ နည်းလမ်းအသစ်တွေ၊ "ပန်းချီကားလေး တစ်ချပ်ကို ဝှက်ထားပြီး ကောက်ယူဖို့ မင်းကို စောင့်နေတယ်"
2023-10-18 16:32|
(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) အခုလောက ယူနန်ပြည်နယ် နေရာအသီးသီးက ပန်းချီဆိုင်ရာ ဝါသနာပါတဲ့ ဘလော့ဂါအချို့က ဆိုရှယ်ပလက်ဖောင်းပေါ်မှာ"ပန်းချီကားလေး တစ်ချပ်ကို ဝှက်ထားပြီး ကောက်ယူဖို့ မင်းကို စောင့်နေတယ်"ဆိုတဲ့ ပို့စ်ကို ရေးသားဖော်ပြခဲ့ကြပြီး ပန်းချီကားလေးတွေပေါ်မှာ ယူနန်ပြည်နယ်ရဲ့ သဘာဝရှုခင်းနဲ့ အဆောက်အဦတွေကို အဓိကပြသထားပြီး ပန်းချီကားလေးကို ဝှက်ထားရာနေရာကို သဲလွန်စတစ်ခုလည်း ပူးတွဲပါရှိတယ်၊ ဥပမာ ကော်ဖီဆိုင်အပြင်ဘက်မှာ သစ်သားပုံးနောက်၊ ပန်းခြံထဲက ငှက်ပျောပင်အောက်၊ ပန်းချီကားလေး ဝှက်ထားရာနေရာရဲ့ ဓာတ်ပုံတွေကိုလည်း ပူးတွဲဖော်ပြထားပြီး အင်တာနက်သုံးစွဲသူတို့ဟာ ပန်းချီကားလေးကို ရှာဖွေရန် သဲလွန်စတွေကို လိုက်ခဲ့ကြတယ်။
"ပန်းချီကားလေးဝှက်ထားခြင်း"နဲ့ သက်ဆိုင်တဲ့ ပို့စ်တွေဟာ သေးငယ်တဲ့နယ်ပယ်မှာ စိတ်ဝင်စားစရာကောင်း ခရီးသွားပုံစံသစ်တစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး အင်တာနက်ပေါ်မှာ ဖော်ရွေတဲ့ အပြန်အလှန်ဆက်ဆံရေးတစ်ခု ဖြစ်လာခဲ့တယ်။
ဘလော့ဂါ မူချီ - လူသားတွေရဲ့ ခရီးစဉ်အတွက် အမှတ်တရတွေနဲ့ အံ့အားသင့်မှုတွေ တိုးဖြည့်ပေး
"ကျွန်တော် ယူနန်မှာ နှစ်လသုံးလလောက်နေခဲ့ပြီး အယ်ဟိုင်ရေကန်ရှိ ရှုခင်းတွေကို သဘောကျတာကြောင့် ပန်းချီဆွဲဖို့ ရေကန်ဘေးနားကို မကြာခဏ သွားလေ့ရှိပါတယ်။ ပန်းချီကားလေးတွေကို ဆွဲပြီးသားတဲ့အခါ ဒီနေရာမှာ ထားခဲ့ပြီး ခရီးသည်တွေ ရှာဖွေပြီး ယူသွားဖို့ သူတို့ရဲ့ ခရီးစဉ်အတွက် အမှတ်တရတွေနဲ့ အံ့သြစရာတွေ တိုးဖြည့်ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။" ဘေဂျင်းက လာတဲ့ ဘလော့ဂါ"မူချီINFP" (နောက်ပိုင်းတွင် မူချီဟု ခေါ်) က တရုတ်နိုင်ငံတွင် "ပန်းချီကားလေး တစ်ချပ်ကို ဝှက်ထားခြင်း" ပို့စ်ကို အစထုတ်ပြန်တဲ့ ဘလော့ဂါတို့ထဲက တစ်ဦးဖြစ်ပြီး သူရဲ့ ပို့စ်တွေက "ပန်းချီကားလေးဝှက်ထားခြင်း"ဘလော့ဂါတွေရဲ့ လှုံ့ဆော်မှုရင်းမြစ်လည်း ဖြစ်တယ်။
လှပရှုခင်းတွေ ဒါမှမဟုတ် စွဲမက်ဖွယ်ကောင်းတဲ့ အရာတွေကို ကြုံတွေ့ရတိုင်း မူချီက "ပန်းချီဆွဲခြင်း"ဖြင့် သူရဲ့မှတ်စုစာအုပ်ထဲမှာ မှတ်တမ်းတင်ထားကြသည်။ "လူတိုင်းဟာ ဒီဘဝမှာ ပစ္စည်းတစ်ခုခုကို ချန်ထားရမယ် ဖြစ်ပြီး အချိန်ရရင် ကြည့်လိုက်တော့ ပန်းချီကားတစ်ချပ်စီဟာ အမှတ်တရတစ်ခုနဲ့ ဆက်စပ်ပြီး ဟိုအချိန်မှာ ဖြစ်ပေါ်တဲ့အလှတရားတွေကို မှတ်တမ်းခဲ့လို့ အဲဒီအချိန်က အလှတရားတွေကို မှတ်တမ်းတင်ပြီး လက်ရှိဘဝထဲရှိ'ရတနာ'အစစ်အမှန်ကို မမေ့ဖို့ သတိပေးနေပါတယ်။"
သူက အလွန်ပြင်းထန်တဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို မသင့်တော်ကြောင့် ပြတ်ပြတ်သားသား နှုတ်ထွက်ပြီး ခရီးစဉ်ကို စတင်ခဲ့ကြောင်း မူချီက မိတ်ဆက်ခဲ့တယ်။ "ကိုယ့်ကိုယ်ကို မကန့်သတ်ချင်ဘူး၊ ကမ္ဘာကြီးကို စူးစမ်းချင်တယ်"လို့ မူချီပြောပါတယ်။
ဘလော့ဂါ ရှောင်ချီး - မျက်စိထဲမှာ အလှဆုံးဇာတိမြို့ကို သူစိမ်းတွေဆီကို ပေးအပ်
ဘလော့ဂါ"ရှောင်ချီး"ဟာ ယူနန်ပြည်နယ်ရဲ့ ဒေသခံဖြစ်ကာ ကူမင်းမှာ ကြီးပြင်းလာခဲ့ပြီး ကောလိပ်တက်တုန်းက ကူမင်းကနေ ထွက်သွားပြီး ဘွဲ့ရပြီးနောက် အလုပ်လုပ်ဖို့ ကူမင်းကို ပြန်လာခဲ့တယ်။ သူ့အမြင်မှာ မွေးရပ်မြေဟာ သူ့နှလုံးသားထဲမှာ အနူးညံ့ဆုံးနေရာဖြစ်တယ်။
ဒါကြောင့် သူဟာ ကူမင်းမြို့ရဲ့ ဒေသအလှနဲ့ သွင်ပြင်လက္ခဏာတွေကို သူ့နည်းသူ့ဟန်နဲ့ မှတ်တမ်းတင်ကာ သူစိမ်းတွေဆီကို ပေးအပ်ပြီး ဒီအလှတရားလေးတွေနဲ့ အံ့အားသင့်စရာလေးတွေကို မျှဝေပေးလိုက်ပြီး မွေးရပ်မြေအတွက် အချစ်ဇာတ်လမ်းနဲ့ အံ့အားသင့်စရာ အနည်းငယ်ကို ထည့်လိုက်ပါတယ်။
ဂွမ်ဒူးရှေးဟောင်းမြို့ ရှိ ဂျင်းကောင်းဘုရားမှ နန်ဖင်လမ်းရှိ ရုပ်ရှင်ရုံ၊ လမ်းဘေးရှိ ပန်းတွေနဲ့ အပင်တွေ၊ တိရစ္ဆာန်ရုံရှိ ကြံ့တို့၊ ဆင်တို့၊ သစ်ကုလားအုတ်တို့ စတာတွေအထိ ရှောင်ချီးက ကူမင်းမြိုးရဲ့ အဆောက်အဦတွေ၊ ပန်းတွေနဲ့ တိရိစ္ဆာန်စတာတွေကို မှတ်တမ်းတင်ဖို့ ဆေးသုတ်တံကို အသုံးပြုခဲ့တယ်။ "ကျွန်မဟာ လူသားအတွက် ပိုများတဲ့ ကူမင်းရှိရတနာတွေကို ရှာတွေ့နိုင်ဖို့ မျှော်လင့်ပါတယ်။"
ဘလော့ဂါ ဝမ်အို - ပန်းချီကားလေးတွေဖြင့် မွေးရပ်မြေပုံပြင်ကို ပြောပြ
ဘလော့ဂါ"ဝမ်အို"က ရှုခင်းဒီဇိုင်နာတစ်ဦးဖြစ်ပြီး အလုပ်ကြောင့် နိုင်ငံအသီးသီက သူငယ်ချင်းတွေနဲ့ မိတ်ဖွဲ့ကြပြီး ကူမင်းကို သူ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးချိန်မှာ သူမဟာ အဆက်မပြတ် စကားပြောလေ့ရှိတယ်။
ပန်းချီကားလေးတွေကို စတင်ဝှက်ထားချိန်မှာ ဝမ်အိုဟာ နန်ချန်လမ်းနဲ့ ကျင်မာပစ်ကျီရင်ပြင်စတဲ့ ကူမင်းထူးခြားချက်ရှိတဲ့ ရှုခင်းသာနေရာတွေ ပန်းခြံတွေနဲ့ ရပ်ကွက်တွေကို ရွေးချယ်ခဲ့ကြတယ်။ ပါဝင်သူများလာတာနဲ့အမျှ အင်တာနက်သုံးစွဲသူ စိတ်ဝင်စားတဲ့ နေရာတွေမှာ ပန်းချီကားတွေကို ဝှက်ထားခဲ့ပြီး ကူမင်းလမ်းပေါ်မှာ လမ်းလျှောက်ရင်း ဒီမြို့ကို ခံစားဖို့ လမ်းညွှန်ပေးကြတယ်။
"ပန်းချီကားလေးဝှက်ထားခြင်း"ဟာ ကူမင်းကို မိတ်ဆက်ပေးရုံသာမက အင်တာနက်သုံးစွဲသူတို့နဲ့ အဆက်အသွယ်ရစေပြီး မတူညီတဲ့ ပျော်ရွှင်မှုမျိုးကို ရရှိစေခဲ့တယ်။
ဘလော့ဂါ ယုကွိုင် - ယူနန်မှ လက်လုပ်လက်ဆောင်တစ်ခုအား မင်းကို ပေးလိုက်
"ကူမင်းကို ခရီးထွက်မယ့်သူတွေအတွက် ပန်းချီကားလေးတစ်ချပ် ပေးချင်ပါတယ်၊ ကူမင်းကို ကြိုက်မယ်လို့ မျှော်လင့်ပါတယ်။" ဒီနှစ် ဆောင်းဦးရာသီပွဲတော်နဲ့ အမျိုးသားနေ့အားလပ်ရက်တွေမှာ ဝှက်ထားတဲ့ ပန်းချီကားလေးတွေအကြောင်း ဘလော့ဂါ "ယုကွိုင်" ရေးခဲ့တဲ့ ပို့စ်ကို ကူးယူဖော်ပြပါသည်။ သူအတွက် ပန်းချီကားလေးတွေကို ဝှက်ထားခြင်းဟာ ခရီးသည်တို့အတွက် လက်ဆောင်တစ်ခုဖြစ်ပြီး သူတို့ရဲ့ ခရီးအတွက် အရောင်အနည်းငယ်ကို တိုးဖြည့်ပေးတယ်။
ယုကွိုင်ဝှက်ထားတဲ့ ပန်းချီကားလေးတွေထဲမှာ အုတ်ကြွပ်ကြောင်တွေနဲ့ ယုန်တွေ ပါဝင်ပြီး အများစုမှာ သူရေးသားတဲ့ စာညှပ်တွေ ဖြစ်တယ်။တာလီမှာ သူက လေ၊ ပန်း၊ နှင်း နဲ့ လ ဆိုတဲ့ စာလုံးလေးလုံးနဲ့ စာမှတ်ကတ်လေးခုကို ရေးခဲ့တယ်၊ ကူမင်းမှာ သူက "မွေးရပ်မြေ" ဆိုတဲ့ စာမှတ်ကတ်ကို ဝှက်ထားခဲ့ပြီး ကောက်ယူတွေ့ရှိသူတို့ဟာ ပြန်လာမယ်ကို မျှော်လင့်လျက်... စာမှတ်ကတ်က သူရဲ့ အကောင်းဆုံးဆန္ဒကို ပေးထားတယ်။
ဘလော့ဂါ မောင်မောင် - ပန်းချီကားလေးဖြင့် ခရီးစဉ်ရှိ ထူးခြားတဲ့ရှုခင်းတွေကို မှတ်တမ်း
"ကျွန်မ ပထမအကြိမ် ပန်းချီကားတစ်ချပ်ကို ဝှက်ထားပြီးနောက် ကောက်ကိုင်ရတဲ့ မိန်းကလေးက အရင်က တစ်ချို့ကိစ္စတွေကြောင့် ဝမ်းနည်းခဲ့ရတယ်၊ ဒါပေမယ့် ပန်းချီကားလေးကို မမျှော်လင့်ဘဲ ရရှိခဲ့တာက ကောင်းတဲ့ စိတ်ခံစားချက်ကို ရှိခဲ့ပါတယ်လို့ ကျွန်မအတွက် ပြောခဲ့ပါတယ်"လို့ မောင်မောင်မိတ်ဆက်ပေးတယ်။ ပန်းချီကားလေးတစ်ချပ်ကို ဖုံးကွယ်ထားတဲ့ အခြားလုပ်ငန်းစဉ်တစ်ခုမှာ ပန်းချီကားလေးကို ကောက်ကိုင်လိုက်တဲ့ အင်တာနက်အသုံးပြုသူဟာ ဓာတ်ပုံတစ်ပုံကို အရင်နေရာမှာ ထားရှိခဲ့တယ်။ "လူတွေကြားရှိ နွေးထွေးမှု လက်ဆင့်ကမ်းပေးခြင်းကို ခံစားရတယ်"လို့ မောင်မောင်ပြောခဲ့တယ်။
ရေကန်စိမ်း (Green Lake)ရှိ ငန်းဖြူကြီးဟာ မောင်မောင်ရဲ့ ပန်းချီကားလေးတွေမှာ မကြာခဏ တွေ့ရလေ့ရှိတဲ့ ဧည့်သည်ဖြစ်တယ်၊ "တစ်ချိန်က လူတစ်ယောက်က သစ်ပင်တစ်ပင်ရဲ့ ရာသီလေးခုကို မှတ်တမ်းတင်ဖို့ ဓာတ်ပုံတွေသုံးခဲ့တယ်၊ ဒါကြောင့် ငန်းဖြူကြီးတွေရဲ့ ရာသီလေးခုကို မှတ်တမ်းတင်ဖို့ ပန်းချီကားတွေကို ကျွန်တော်သုံးမယ်။" နွေရာသီနဲ့မတူ ဆောင်းရာသီမှာ ခေါင်းနီစင်ရော်ဟာ "နာမည်ကြီး ရုပ်ရှင်မင်းသား" ဖြစ်လာခဲ့တယ်။
"ကျွန်မရဲ့ ပန်းချီကားလေးတွေလိုက်ပြီး အားလပ်ချိန်တွေကို နှစ်နှစ်ခြိုက်ခြိုက် ခံစားနိုင်မယ်လို့ မျှော်လင့်ပါတယ်"လို့ မောင်မောင်က ပြောပါတယ်။
最近,云南各地一些有绘画爱好的博主在社交平台发布了“藏了张小画,等你来捡”的帖子,小画上主要是云南的自然景观与建筑物,帖子中还附上藏小画的地点线索,如某咖啡店门外的木桩后面、某花园池塘的芭蕉树下等,同时附上一张藏画位置的范围照片,很多网友跟随线索去找画。
“藏小画”的帖子在小范围内带动了一种有趣的新型旅行,并成为网络上一种友好的互动。
“木祺”:为游人的旅途增加回忆与惊喜
“我在云南停留了两三个月,经常去洱海边画画,因为喜欢那里的风景。小画作好以后,我便将小画留在那里,让游人发现并带走,为他们的旅途增加回忆与惊喜。”来自北京的博主“木祺INFP”(以下简称“木祺”)是国内较早开始发“藏小画”帖子的博主,他的帖子也是很多“藏小画”博主的灵感来源。
木祺每当遇到美丽的风景或是令人印象深刻的事,他便用“画”的方式将其记录在本子里。“人这一生总要留下点东西,有时间便翻一翻,每幅画都关联着一段回忆,记录着当时的美好,提醒着我不能忘却生活中真正的‘宝藏’”。
木祺说,或许自己不适合高强度的职场环境,所以毅然辞职踏上旅途。“我不想束缚自己,我想去探索世界。”
“小七”:把眼中最美的家乡带给陌生人
博主“小七”是云南本地人,从小在昆明长大,上大学时离开昆明,毕业后又选择回昆明工作。在她看来,家乡便是她心中最为柔软的地方。
于是,她把昆明本地的美景、特色用自己的方式记录下来,送给陌生人,把这份小美好、小惊喜分享给他们,为家乡增添一点小浪漫和小惊喜。
从官渡古镇的金刚塔、南屏街的电影院,到路边的缅桂花、栀子花、粉黛草,动物园里的犀牛、大象、长颈鹿等,小七用画笔将昆明的特色建筑、鲜花、动物等记录下来。“我希望能为大家挖掘昆明更多的宝藏。”
“顽偶”:通过小画讲述家乡的故事
博主“顽偶”是一名景观设计师,工作中她结识到了全国各地的朋友,每当向朋友们介绍昆明时,她总是滔滔不绝。
南强街巷、金马碧鸡广场……最开始藏小画时,她选择有昆明特色的景点、公园和街区。随着参与人数的增多,她便在网友呼声较高的地方藏画,引导他们在昆明走街串巷,感受这座城市。
“藏小画”不仅介绍了昆明,也让她与网友建立了联系,收获了别样的美好。
“鱼怪”:送你一份亲手制作的云南礼物
“来昆明旅行的朋友,送你一张小画或书签吧,希望你喜欢昆明。”这是博主“鱼怪”今年中秋国庆假期发布藏小画帖子时的文案。对她来说,藏小画就是把一份礼物送给游客,为游客的旅途添点色彩。
鱼怪藏的小画,画有瓦猫、兔子,更多的是她书写的书签。在大理,她以风、花、雪、月4字为题,写下4张书签;在昆明,她藏下写着“故乡”的书签,希望捡到的人能多回来看看……每一张书签都传递着她美好的祝愿。
“猫猫”:用小画记录旅途的别样风景
“我第一次藏小画的时候,有个捡到小画的女孩私信我说,她此前因为一些事情很难过,但意外获得小画,给了她难得的好心情。”在另一次藏小画的过程中,捡走小画的网友在原地放了一张照片,“我感受到了人与人之间温暖的传递。”
翠湖的大白鹅是猫猫小画中的常客,“曾经有人用照片记录一棵树的四季,那我就用画记录大白鹅的四季。”与夏天不同,冬日里红嘴鸥成了“大明星”。
“希望大家能跟着我的小画游一游,尽情享受闲暇时光。”猫猫说。
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ