တောင်တက်ခြင်းနှင့် ခြေလျင်လျှောက်ခြင်းစသည့် ပြင်ပအားကစားလှုပ်ရှားမှုများသည် တီချင့်မှ ခရီးသွားလုပ်ငန်းကို ရေပန်းစားစေ
2023-10-13 16:33|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ယခုနှစ် အမျိုးသားနေ့ရုံးပိတ်ရက်အတွင်း ရှန်ဂရီလာသို့ တောင်တက်ခြင်းနှင့် ခြေလျင်လျှောက်ခြင်းတို့ကို သွားရောက်ဆောင်ရွက်ခြင်းသည် အင်တာနက်တွင် အလွန်ရေပန်းစားသည့် အားလပ်ရက်အစီအစဉ် ဖြစ်လာခဲ့သည် ဖြစ်၍ ဟာဘာဆီးနှင်းတောင်၊ အဘူဂျီဆို၊ ဝူတီဟိုရေကန်နှင့် နီဇူစသည့် ရှုခင်းသာနေရာများ ရှိသည့် တီချင့်ပြည်နယ်ခွဲသည် ပြင်ပအားကစားဝါသနာရှင်များအတွက် ကောင်းကင်ဘုံတစ်ခု ဖြစ်လာခဲ့ပြီ။
တီချင့်ပြည်နယ်ခွဲသည် ကြွယ်ဝမျိုးစုံသော၊ ထူးခြားချက်ကွဲပြားသော ခြေလျင်လျှောက်ခြင်း အရင်းအမြစ်များဖြင့် တစ်ကမ္ဘာလုံး ဒေသအသီးသီးမှ ပြင်ပအားကစားဝါသနာရှင်များကို လာရောက်လည်ပတ်ရန် ဆွဲဆောင်လျက်ရှိသည်။ တီချင့်ပြည်နယ်ခွဲ ရောက်ရှိလျှင် လျှိုမြောင်ဖြတ်ကျော်ခြင်း၊ ဆီးနှင်းတောင်တက်ခြင်း၊ လိုဏ်ဂူထဲလျှိုးဝင်ခြင်းနှင့် သဘာဝသစ်တောရိုင်းအတွင်း ခြေလျင်လျှောက်ခြင်း စသည်တို့ကို လုပ်ဆောင်နိုင်သည့်အပြင် စက်ဘီးငှားပြီး ကန်ပတ်လည်စီးနင်းခြင်း၊ တိဗက်ဝတ်စုံတစ်စုံ ငှားပြီး မြင်းစီးပြီး မြက်ခင်းပြင်ပေါ်တွင် လမ်းလျှောက်ခြင်းနှင့် ဓာတ်ပုံရိုက်ခြင်းတို့ကိုလည်း လုပ်ဆောင်နိုင်သည်။ ဤနေရာ၌ သဲကန္တရမှလွဲ၍ အခြားရှုခင်းများ အားလုံးရှိသည်။ လှပသော ရှုခင်းများ ကြည့်ရှုသည့်အပြင် တိဗက်လူမျိုး၊ နာရှီလူမျိုးနှင့် လီဆူလူမျိုးစသည့် မတူသော တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုများကိုလည်း ခံစားနိုင်ကြသည်။
အခုနှစ်များတွင် ယူနန်ပြည်နယ်သည် ပြင်ပအားကစားလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထားလျက်ရှိသည် ဖြစ်သောကြောင့် တီချင့်ပြည်နယ်ခွဲသည် အခွင့်အလမ်းများ ဆုပ်ကိုင်ပြီး "ကမ္ဘာ့ခြေလျင်လျှောက်ခြင်း ရှုခင်းသာနေရာ" တည်ဆောက်သည့် အားကစားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွေးရေစီးကြောင်းကို တင်ပြခဲ့၍ ရှန်ဂရီလာ ပြင်ပအားကစားစည်းဝေးပွဲ နှစ်ကြိမ်နှင့် ပြင်ပြအားကစားပြိုင်ပွဲ အမျိုးပေါင်း ၁၀ ကျော်ကို ဆက်တိုက်ကျင်းပခဲ့သည် ဖြစ်ကာ တီချင့်မှ အရည်အသွေးမြင့်မားသော ပြင်ပခြေလျင်လျှောက်လမ်းကြောင်း ၁၀ ကြောင်းနှင့် ပြင်ပအားကစား အရင်းအမြစ်များကို ဘက်ပေါင်းစုံမှ တက်ကြွစွာ မိတ်ဆက်ပေးသည် ဖြစ်သည်။ ပြည်နယ်ခွဲပါတီကော်မတီနှင့် ပြည်နယ်ခွဲပြည်သူ့အစိုးရတို့၏ တွန်းအားပေးခြင်းဖြင့် တီချင့်မှ ပြင်ပအားကစားလှုပ်ရှားမှုများသည် တစ်နိုင်ငံလုံးနှင့် တစ်ကမ္ဘာလုံးရှိ ဒေသအသီးသီးမှ ပြင်ပအားကစားဝါသနာရှင်များ၏ နှစ်သက်မှုကို ပိုမိုရရှိလာပါသည်။
今年国庆假期,去香格里拉登山、徒步已经成为火爆全网的假期安排,哈巴雪山、阿布吉措、无底湖、尼汝……迪庆已经是户外运动爱好者的天堂。
迪庆凭着丰富多样、特色各异的徒步资源,吸引世界各地的户外爱好者到访。来迪庆,可以穿峡谷、登雪山、钻山洞、徒步原始森林,还可以租一辆自行车环湖骑行、租一套藏装骑着马在草原上遛弯、拍照……这里除了沙漠,啥都有。除了赏美景,还可感受藏族、纳西族、傈僳族等不同民族的文化。
近年来,云南省高度重视户外运动发展,迪庆乘势而上,提出了建设“世界徒步胜地”的体育产业发展思路,相继举办了两届香格里拉户外运动大会,各类户外运动赛事10多个,全方位大力宣传、推介迪庆十大户外精品徒步线路,宣传迪庆户外运动资源。在州委、州政府的推动下,迪庆的户外运动越来越受到全国乃至世界各地户外爱好者的追捧。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ