ကူမင်းမြို့ရှိ မေပယ်ရွက် ရှုစားရာနေရာများကို ဖော်ပြ

2023-10-12 16:10|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်နှင်းအေးရာသီချိန် ရောက်လာပြီ၊ ဆောင်းဦးရသ တဖြည်းဖြည်း ထူထပ်လာသည်။ တောတောင်အနှံ့ရှိသည့် မေပယ်ရွက်များသည် အနီရင့်ရောင်နှင့် ရွှေဝါရောင်တို့သို့ တဖြည်းဖြည်း ပြောင်းသွားသည်။ အကွက်လိုက် ချိတ်ဆက်ထား၍ ထွန်းလင်းတောက်ပပြီး ဟန်အမူအရာ မျိုးစုံရှိသည်။ ကူမင်းမြို့ရှိ မေပယ်ရွက်ရှုစားရန် ကောင်းမွန်သော အချိန်ကာလာသည် ရောက်လာပြီ။

1

ဟင်လုံထန်ဥယျာဉ်

ဟင်လုံထန်ဥယျာဉ်သည် ကူမင်းမြို့ရှိ နာမည်ကျော်သော မေပယ်ရွက်ရှုစားရန် ကောင်းမွန်သောနေရာတစ်ခု ဖြစ်သည်။ နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်ခြင်းအားဖြင့် ဟုံဖုန်းလင်သည် ဤဥယျာဉ်မှ ဆောင်းဦးရှုခင်းသာရပ်ကွက်၏ ဗဟိုနေရာ ဖြစ်လာနေပြီ ဖြစ်သည်။ 

2

အခုအချိန်တွင် ဟင်လုံထန်ဥယျာဉ်ရှိ မေပယ်ရွက်များသည် တဖြည်းဖြည်း နီလာသည်၊ အရွက်နီများသည် ဆောင်းဦးရာသီအတွက် အရောင်တိုးဖြည့်ပေးရုံသာမက လူတိုင်းအတွက် အံ့သြမှုနှင့် ရိုမန်တစ်ဆန်မှုကို ယူဆောင်လာသည်။

3

စက်တင်ဘာလ ၂၀ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ "လုံထန်ရှိ မေပယ်ရွက်ရှုခင်း" ဟူသော ၁၉ ကြိမ်မြောက် ကူမင်းမေပယ်ရွက်ပွဲကို ဤဥယျာဉ်၌ ကျင်းပနေသည်။

4

ဥယျာဉ်ထဲ၌ မေပယ်ပင် အပင် ၁ သောင်းကျော်ရှိသည်။ ဤနှစ်တွင် ဥယျာဉ်အုပ်ချုပ်သူသည် ဆောင်းဦးရှုခင်းသာနေရာများကို အဆင့်မြှင့်တင်ခဲ့၍ ရောင်စုံရုက္ခပင်များကို တိုးဖြည့်စိုက်ပျိုးခဲ့သောကြောင့် ခရီးသည်များသည် ပိုမိုလှပသော မေပယ်ရွက်ရှုခင်းများကို ရှုစားနိုင်မည်။

5

ဤအကြိမ်မေပယ်ရွက်ပွဲတွင် ဟင်လုံထန်ဥယျာဉ်သည် ကူမင်းမြို့ရုက္ခပင်ဥယျာဉ်နှင့် ပူးပေါင်းပြီး မေပယ်ရွက်ပွဲဆိုင်ရာ လှုပ်ရှားမှုများကို ဆောင်းဦးရာသီတစ်ခုလုံးတွင် တိုးချဲ့ကျင်းပမည်ဖြစ်ကာ မြို့သူမြိုးသားများနှင့် ခရီးသည်များကို သိပ္ပံပညာအသိပေးခြင်း၊ လေ့လာသင်ယူခြင်းနှင့် လက်လုပ်ခြင်း စသည့် လှုပ်ရှားမှုများဖြင့် ဆောင်းဦးထဲမှ ရိုမန်တစ်ဆန်သော သတိရချက်ကို ရရှိစေမည် ဖြစ်သည်။

6

မေပယ်တော တစ်ကွက်သည် ရောင်စုံရွှန်းတင့်သော ကမ္ဘာတစ်ခု ဖြစ်သည်၊ ကဗျာတစ်ပုဒ်၊ ပန်းချီတစ်ချပ်၊ သီချင်းတစ်ပုဒ်တို့နှင့် တူသည်။ မေပယ်ရွက်နီများသည် နေရောင်ခြည်နှင့်အတူ ဆောင်းဦးရသများကို ပြည့်စုံစေသည်။ ဟင်လုံထန်ဥယျာဉ်အပြင် ကူမင်းမြို့၌ မည်သည့်နေရာများတွင် မေပယ်ရွက် ရှုစားနိုင်သေးသနည်းဟူလျှင် အောက်ပါ လမ်းညွှန်ချက်ကို အမြန်စုဆောင်းပါ။

7

ကူမင်းရုက္ခပင်ဥယျာဉ်

ကူမင်းမြို့၏ မြောက်ဘက်ဆင်ခြေဖုံး၌ တည်ရှိသော ရုက္ခပင်ဥယျာဉ်သည် ဟင်လုံထန်ဥယျာဉ်နှင့် နယ်နိမိတ်ချင်းဆက်စပ်ပြီး မေပယ်ရွက်ရှုစားရန် ကောင်းမွန်သောနေရာတစ်ခုလည်း ဖြစ်သောကြောင့် ရုက္ခပင်ဥယျာဉ်၏ "မေပယ်လမ်းမကြီး" ဟူသော နာမည်ကို ရရှိခဲ့သည်။

8

မီတာ ၅၀၀ ကျော်အထိ ရှည်လျားသော လမ်းမကြီးနှစ်ဘက်၌ ရောင်စုံရွှန်းတင့်သော မေပယ်နီ အပင်ပေါင်း ၂.၅ ထောင်ကျော်ကို စိုက်ပျိုးထား၍ ၄င်း၏ အသက်သည် အများစုအားဖြင့် အနှစ် ၅၀ အထိ ရောက်ရှိပြီဖြစ်ကာ အနီရောင်နှင့် အဝါရောင်တို့သည် တစ်တန်းစီခြား၍ ကောင်းကင်ပြာနှင့် အပြန်အလှန် တန်ဆာဆင်၍ ပနံသင့်လှပေသည်။

9

လိပ်စာ ။ ။ ဖန်လုံရပ်ကွက် လန်ဟင်လမ်း နံပါတ် ၁၃၂

ဖွင့်လှစ်ချိန် ။ ။ ၈ နာရီမှ ၁၈ နာရီ အထိ

လမ်းပန်းဆက်သွယ်ရေး ။ ။ ဘတ်စ်ကား အမှတ် ၁၁၅၊ အမှတ် ၂၄၉ နှင့် အမှတ် ၉ တို့ဖြင့် တိုက်ရိုက်ရောက်နိုင်သည်

10

ကျောင်းယေဥယျာဉ်

ကျောင်းယေဥယျာဉ်၏ နောက်ဖေးပေါက်အနီးတွင် မေပယ်နီတော တစ်ကွက်ကြီးကို စိုက်ပျိုးထားသည်။ မေပယ်ရွက်များသည် တဖြည်းဖြည်း နီလာပြီး အထပ်ထပ်အဆင့်ဆင့်ဖြစ်ပြီး ရောယှက်တည်ရှိနေ၍ လှပသော ဆောင်းဦးပန်းချီကားလိပ် တစ်ချပ်ကို ဖြစ်လာသည်။

11

အခုအချိန်တွင် ဤဥယျာဉ်ထဲ၌ မေပယ်ပင် အပင်ပေါင်း ၃ ထောင်ခန့်ကို စိုက်ပျိုးထား၍ ကောင်းမွန်စွာ ကြီးထွားနေသည်။ အဝါရောင် တင်ထားသည့် ဂျင်ဂိုပင်နှင့် နံရံကပ်နွယ်ပင် စသည့် ရုက္ခပင်များနှင့်လည်း အချင်းချင်းအဖော်လုပ်ကာ ခရီးသည်များကို ရှေးဟောင်းလမ်းနှင့် မေပယ်နီများ အပြန်အလှန် တန်ဆာဆင်ထားသော၊ အနီရောင်မေပယ်ရွက်များနှင့် မိုးမခဂွမ်းမျှင်များ ပျံသန်းနေသော လှပသောရှုခင်းများကို ခံစားစေနိုင်ကြသည်။

12

လိပ်စာ ။ ။ ရှီးစန်းရပ်ကွက်၏ မြောက်ဘက်ဆင်ခြေဖုံးရှိ ယိအန့်စန်းတောင်

ဖွင့်လှစ်ချိန် ။ ။ ၈ နာရီမှ ၁၈ နာရီ အထိ

လမ်းပန်းဆက်သွယ်ရေး ။ ။ ဘတ်စ်ကား အမှတ် c ၆၁၊ အမှတ် c၆၂ နှင့် အမှတ် c၆၃ တို့ဖြင့် တိုက်ရိုက်ရောက်နိုင်သည်

13

ဟိုင်ခုတ်သစ်တောကွင်း

မြို့တွင်းရပ်ကွက်ရှိ ဥယျာဉ်များအပြင် ဟိုင်ခုတ်သစ်တောကွင်း၌ မြို့သူမြို့သားများ လာရောက်ကြည့်ရှုရန် စောင့်ဆိုင်းနေသည့် ပူပြင်းလှသောမီးကဲ့သို့ နီသော မေပယ်ရွက်များလည်း ရှိသည်။ မြို့တွင်းရပ်ကွက်ရှိ ဥယျာဉ်များနှင့် ယှဉ်ပြိုင်လျှင် ဟိုင်ခုတ်သစ်တောကွင်းရှိ မေပယ်ရွက်ရှုစားသည့် နေရာသည် ပိုမိုကျယ်ဝန်းသောကြောင့် မစည်ကားနှင့် ဖြစ်သည်။

14

လိပ်စာ ။ ။ ရှီးစန်းရပ်ကွက် ဟိုင်ခုတ်လမ်းရှိ လင်ဟိုင်အဝေးပြေးလမ်းမကြီးနံဘေး၌

လမ်းပန်းဆက်သွယ်ရေး ။ ။ ဘတ်စ်ကား အမှတ် ၃၃ ဖြင့် ရောက်နိုင်သည်

15

စွေ့ဟူဥယျာဉ်

ကူမင်းမြို့လယ်တွင်း မေပယ်ရွက်ရှုခင်းများကို ရှုစားချင်လျှင် စွေ့ဟူဥယျာဉ်သည် ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်ရမည်။ စွေ့ဟူဥယျာဉ်၏ အရှေ့ဘက်တံခါးမှ ဝင်ပြီး လမ်းတစ်လျှောက်လုံးတွင် လှပသော မေပယ်ရွက်ရှုခင်းများကို ရှုစားရန် အကြံပေးသည်။

16

လိပ်စာ ။ ။ ဝူဟွာရပ်ကွက် စွေ့ဟူမြောက်လမ်း အမှတ် ၃

ဖွင့်လှစ်ချိန် ။ ။ ၆ နာရီမှ ၂၄ နာရီ အထိ

လမ်းပန်းဆက်သွယ်ရေး ။ ။ ဘတ်စ်ကား အမှတ် ၆၉၊ အမှတ် ၂၊ အမှတ် ၂၃၅၊ အမှတ် ၅၄ နှင့် အမှတ် ၆၅ စသည်တို့ဖြင့် ရောက်နိုင်သည်

17

ချွင်းဇုံလမ်း

ဥယျာဉ်ထဲ၌ မေပယ်နီ ရှုစားနိုင်သည့်အပြင် ချမ်ကုမ်ရပ်ကွက်ရှိ ချွင်းဇုံလမ်းနှင့် ထော်ဖုန်းလမ်းတို့ အနီးရှိ နေရာသည် မေပယ်ရွက်ရှုစားသည့် နေရာကောင်းတစ်ခုလည်း ဖြစ်သည်။ ချွင်းဇုံလမ်းရှိ မြေအောက်ရထားဘူတာရုံမှ ထွက်လာလျှင် လမ်းတစ်လျှောက်လုံးတွင် နီရဲရဲဖြစ်သည့် မေပယ်ရွက်များကို တွေ့နိုင်သည်။

18

လိပ်စာ ။ ။ ကူမင်းမြို့ ချမ်ကုမ်ရပ်ကွက်

လမ်းပန်းဆက်သွယ်ရေး ။ ။ မြေအောက်ရထား အမှတ် ၁၊ ဘတ်စ်ကား အမှတ် ၁၇၀၊ အမှတ် ၂၀၁၊ အမှတ် ၂၀၃၊ အမှတ် ၂၁၅ နှင့် အမှတ် ၂၁၆ တို့ဖြင့် ရောက်နိုင်သည်

ဆောင်းဦးရသ တဖြည်းဖြည်း ထူထပ်လာသည်။ ဤနှစ်တွင် မေပယ်ရွက်ရှုစားသည့် ခရီးစဉ်ကို စီစဉ်ထားပါ။


寒露已至,秋意渐浓。漫山遍野的枫叶逐渐变得深红金黄,接连成片,绚丽多姿,昆明的赏枫好时节来啦。

1

黑龙潭公园

黑龙潭公园是昆明著名的赏枫胜地,经过多年的发展,红枫岭已成为公园的秋色景观核心区。

2

目前,黑龙潭公园的枫叶渐红,红叶不仅给秋天增添色彩,更为大家带来一份惊喜与浪漫。

3

公园有近一万余株枫树。今年,公园对秋色景观区进行了提升,增种了有色植物,游客将会欣赏到更美的“枫”景。

4

9月20日至10月31日期间,“龙潭枫情”第十九届昆明枫叶节正在公园举办。

5

本届枫叶节,黑龙潭公园与昆明市植物园联合,将枫叶季活动拉满整个秋天,让市民和游客朋友通过科普,研学,手工制作等活动,收获一份秋之浪漫记忆。

6

一片枫林就是一个五彩斑斓的世界,像一首诗,如一幅面,似一支歌。红枫叶同阳光一起,将秋天的氛围感拉满。除了黑龙潭公园,昆明还有哪些地方可以赏枫?快快收好这份攻略。

7

昆明植物园

位于昆明北郊的植物园与黑龙潭公园毗邻,也是赏枫好去处,植物园的“枫香大道”就是因此得名的。

8

长达500多米的大道两边种植有2500多棵色彩斑驳的红枫,且树龄大部分已达50年,红黄相间映衬蓝天,煞是好看。

9

【地址】盘龙区蓝黑路132号

【开放时间】8:00—18:00

【交通】可乘115路、249路、9路直达

10

郊野公园

在郊野公园后门附近,种植大片红枫林。枫叶渐红,层层叠叠,错落有致,形成一幅唯美的秋意画卷。

11

目前,公园内共栽植枫树近3千株,长势良好。还有染黄的银杏和爬山虎等植物相伴,让游客能感受到古道与红枫相映、霜叶与秋絮翻飞的美丽景致。

12

【地址】西山区北郊玉案山

【开放时间】8:00—18:00

【交通】可乘c61路、c62路、c63路均直达

13

海口林场

除了城市里的公园以外,在海口林场,也有红似烈火的枫叶等着市民前来观赏。和城市公园相比,海口林场的赏枫空间更大,不会显得拥挤。

14

【地址】西山区海口街道林海公路旁

【交通】可乘33路前往

15

翠湖公园

想要在市区一环内欣赏到枫叶美景,那翠湖公园一定是个不错的选择。建议从翠湖公园东门进入,沿途饱览枫叶美景。

16

【地址】五华区翠湖北路3号

【开放时间 】6:00—24:00

【交通】69路、2路、235路、54路、65路等公交车均可达公园

17

春融街

除了在公园中观赏红枫以外,在位于呈贡区春融街和驼峰街附近,也是欣赏枫叶的好地方。从春融街的地铁站走出,一路上枫叶火红。

18

【地址】昆明市呈贡区

【交通】地铁1号线、170路、201路、203路、215路、216路等

秋色渐浓,今年的赏枫之旅,安排!

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်