"ရှန်ဟိုင်း-ယူနန်၊ လန်ချန်း-မဲခေါင် ရထားလမ်းကြောင်း"မှ နိုင်ငံတကာ ကုန်တင်ရထားသည် တရားဝင် စတင်ပြေးဆွဲခဲ့
2023-10-11 17:02|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) အောက်တိုဘာလ ၈ ရက်နေ့ မနက်ပိုင်းတွင် "ရှန်ဟိုင်း-ယူနန်၊ လန်ချန်း-မဲခေါင် ရထားလမ်းကြောင်"မှ နိုင်ငံတကာ ကုန်တင်ရထား စတင်ပြေးဆွဲခြင်း အခမ်းအနားကို ကူမင်းမြို့ရှိ ဝမ်ကျားယင်အနောက်ပိုင်းဘူတာရုံ၌ ကျင်းပခဲ့သည်။ "ရှန်ဟိုင်း-ယူနန်၊ လန်ချန်း-မဲခေါင် ရထားလမ်းကြောင်" နိုင်ငံတကာ ကုန်တင်ရထားသည် တရုတ်-လာအို ရထားလမ်းနှင့် ရှန်ဟိုင်း-ကူမင်း ရထားလမ်းတို့ကို မှီခို၍ တည်ဆောက်ခဲ့ပြီး ရှန်ဟိုင်း-ကူမင်း-လာအိုနိုင်ငံ ဗီယင်ကျန်းအကြား အပြန်အလှန် ခုတ်မောင်းပြေးဆွဲမှုကို အကောင်အထည်ဖော်ခဲ့သည်။
ပထမဆုံး "ရှန်ဟိုင်း-ယူနန်၊ လန်ချန်း-မဲခေါင် ရထားလမ်းကြောင်"မှ နိုင်ငံတကာ ကုန်တင်ရထားသည် အသွားအပြန် ပြေးဆွဲသည့် နည်းလမ်းကို အသုံးပြုကာ ၄င်းအနက် ရှန်ဟိုင်းမြို့ရှိရထားသည် ရှန်ဟိုင်းမှ ထွက်ခွာပြီး ရှန်ဟိုင်း-ကူမင်း ရထားလမ်းနှင့် တရုတ်-လာအို ရထားလမ်းတို့ မှတစ်ဆင့် နောက်ဆုံးတွင် ဗီယင်ကျန်း တောင်ပိုင်းဘူတာရုံသို့ ရောက်ရှိပြီး တင်ဆောင်ထားသည့် ကုန်ပစ္စည်းများတွင် လျှပ်စစ်ပစ္စည်းများ၊ ရေခဲသေတ္တာများ၊ သိုးမွေးစောင်များ၊ ချိန်းကြိုးများ၊ ပလပ်စတစ်ပစ္စည်းများ စသည်တို့ကို အဓိကပါဝင်ကာ လာအိုနိုင်ငံရှိရထားသည် ဗီယင်ကျန်း တောင်ပိုင်းဘူတာရုံမှ ထွက်ခွာပြီး တရုတ်-လာအို ရထားလမ်းနှင့် ရှန်ဟိုင်း-ကူမင်း ရထားလမ်းတို့ မှတစ်ဆင့် နောက်ဆုံးတွင် ရှန်ဟိုင်းသို့ ရောက်ရှိပြီး တင်ဆောင်ထားသည့် ကုန်ပစ္စည်းများတွင် ရော်ဘာများ၊ ပီလောပီနံများနှင့် အပူပိုင်းသစ်သီးဝလံများကို အဓိကပါဝင်သည်။
တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်လည်ပတ်ပြီးနောက် "ရွှေရောင်လမ်း" အဖြစ် အကျိုးသက်ရောက်မှုများကို အဆက်မပြတ် ထုတ်ဖော်ခဲ့၍ အောက်တိုဘာလ ၃ ရက်နေ့အထိ ဖွင့်လှစ်လည်ပတ်ခြင်း ၂၂ လပြည့်ချိန်တွင် ကုန်စည် တန်ချိန် စုစုပေါင်း ၂၆.၈ သန်းကျော် ပို့ဆောင်ခဲ့၍ ၎င်းအနက် သွင်းကုန်ပို့ကုန် တန်ချိန် ၅.၅ သန်းကျော် ပို့ဆောင်ခဲ့ပြီး ကုန်စည်အမျိုး ၂၇၀၀ ကျော် ရှိခဲ့သည်။ "ရှန်ဟိုင်း-ယူနန်၊ လန်ချန်း-မဲခေါင် ရထားလမ်းကြောင်း"မှ နိုင်ငံတကာ ကုန်တင်ရထား၏ ပြေးဆွဲခြင်းသည် အရှေ့ပိုင်းဒေသနှင့် အနောက်ပိုင်းဒေသအကြား ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ လမ်းတစ်လျှောက်ရှိ ဒေသများအကြား အရင်းအမြစ်အားသာချက်များဖြင့် အပြန်အလှန် ဖြည့်ဆည်းပေးခြင်းကို တိုးမြှင့်ရန် ထိရောက်သော နည်းလမ်းဖြစ်ကာ လမ်းတစ်လျှောက်ရှိ ဒေသများအကြား စက်မှုလုပ်ငန်း ပူပေါင်းဆောင်ရွက်မှုကို ပို၍လျင်မြန်လာစေခြင်း၊ တရုတ်-လာအို ရထားလမ်း၏ "ရွှေရောင်လမ်း"အဖြစ် အကျိုးသက်ရောက်မှုကို ချဲ့ထွင်ခြင်း၊ ဒေသတွင်း ပြေပြစ်ညီညွတ်စွာ ဖွံဖြိုးတိုးတက်စေခြင်း စသည့်နယ်ပယ်များ၌ တက်ကြွသော အကျိုးသက်ရောက်မှုများကို ထုတ်ဖော်နေသည် ဖြစ်သည်။
新华网昆明10月8日电(念新洪 赵普凡)10月8日上午,“沪滇·澜湄线”国际货运班列开行首发仪式在昆明市王家营西站举行。“沪滇·澜湄线”国际货运班列依托中老铁路、沪昆铁路打造,实现了上海—昆明—老挝万象双向对开。
首趟“沪滇·澜湄线”国际货运班列采用双向对开的发车方式,上海方向班列从上海出发,经沪昆线、中老铁路,最终抵达老挝万象南站,搭载的货物主要为电器、冰柜、毛毯、链条、塑料制品等;老挝方向班列从万象南站出发,经中老铁路、沪昆线,最终抵达上海,搭载的货物以橡胶、木薯、热带水果为主。
中老铁路开通运营以来,“黄金通道”效应持续释放,截至10月3日,开通运营满22个月之际,已累计运输货物2680余万吨,其中进出境货运量达550万吨,货物品类达2700多种。“沪滇·澜湄线”国际货运班列的开行,是深化东西部协作,促进沿线地区资源禀赋优势互补的有效途径,在加快沿线地区产业合作、扩大中老铁路“黄金线路”效应、促进区域协调发展等方面都将发挥积极的作用。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
- ကဗျာဆန်မှုနှင့် တွေ့ဆုံခြင်း၊ ယူနန်ရထားလမ်းမှ ပန်းရှုစားခြင်း အထူးရထား စတင်ပြေးဆွဲခဲ့
- ကူမင်း-ယွိရှီး ရထားလမ်းရှိ ကူယန်ဘူတာရုံကို ပြန်လည်ပြုပြင်ပြီးနောက် ပြန်ဖွင့်ခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
တရုတ်-လာအို-ထိုင်း ပထမဆုံး ရထားလမ်းတစ်လျှောက် အအေးခန်း သစ်သီးတင်သီးသန့်ရထား ကူမင်းသို့ ရောက်ရှိလာခဲ့
- ရပ်ဝန်းနှင့် ပိုးလမ်းမ၊ ကူမင်းမြို့မှ စတင်ထွက်ခွာပြီး လာအိုသို့ ရထားဖြင့် အလည်သွားခြင်း
- ယူနန်ပြည်နယ်၏ ပန်းလုပ်ငန်းများကိုယ်စားလှယ်အဖွဲ့သည် အလယ်အာရှ ပရော်ဖက်ရှင်နယ်ပြပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ခဲ့
- တရုတ်နိုင်ငံ ကျင်ဟုန်မြို့- လာအိုနိုင်ငံ ပန်ရှန်ကော် နိုင်ငံတကာ ခရီးသည်တင် ဘတ်စ်ကားလိုင်းကို တရားဝင် စတင်ပြေးဆွဲ
- André Haspels က နယ်သာလန်-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် ပန်းကဲ့သို့ ဝေဆာပွင့်လန်းနေကြောင်း ပြောကြားခဲ့








