ယူနန်ပြည်နယ် လျင်ချန်းမြို့ရှိ ဖုန့်ချင့်ကျုံးဟယ်လေဆိပ်ကို တရားဝင် စတင်ဖွင့်လှစ်ခဲ့
2023-09-28 15:27|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) စက်တင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းတွင် ယူနန်ပြည်နယ် လျင်ချန်းမြို့ရှိ ဖုန့်ချင့်ကျုံးဟယ်လေဆိပ်ဆိုင်ရာ ဖွင့်လှစ်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။ ကူမင်းချန်ဆွေလေဆိပ်မှ စတင်ပျံသန်းခဲ့ပြီး ဖုန့်ချင့်ကျုံးဟယ်လေဆိပ်၌ ဆင်းသက်ခဲ့သည့် Colorful Yunnan general aviation Co., LTD ၏ Phenom 300 လေယာဉ်သည် ၁၀ နာရီနှင့် ၁၀ မိနစ်ခန့်တွင် "ရေစင်ရေပန်းများ ဖြန်းပက်ခြင်းဖြင့် ဖြစ်လာသည့် တံခါး"ကို တဖြည်းဖြည်း ဖြတ်သန်းခဲ့သည်ဖြစ်ကာ ၄င်းမှာ ဖုန့်ချင့်ကျုံးဟယ်လေဆိပ်ကို တရားဝင် စတင်ဖွင့်လှစ်ခြင်းနှင့် ဖုန့်ချင့်ခရိုင်သည် လေကြောင်းပို့ဆောင်ရေးခေတ်သစ်သို့ ဝင်ရောက်ပြီဖြစ်ခြင်းတို့၏ အမှတ်သင်္ကေတ ဖြစ်သည်။
ဖုန့်ချင့်ကျုံးဟယ်လေဆိပ်သည် တရားဝင် စတင်ဖွင့်လှစ်ခဲ့ပြီး Yunnan Aviation Industry Investment Group Co., Ltd. မှ လည်ပတ်အုပ်ချုပ်သည့် (၁၉) ခုမြောက် လေဆိပ်နှင့် (၄) ခုမြောက် general aviation aerodrome ဖြစ်လာသည့်အပြင် ၄င်းမှာလည်း လျင်ချန်းမြို့သည် ယူနန်ပြည်နယ်အတွင်း လေဆိပ် ၃ ခုကို တစ်ချိန်တည်းရှိသည့် ပထမဆုံးမြို့(ပြည်နယ်ခွဲ) တရားဝင် ဖြစ်လာခြင်း၏ အမှတ်သင်္ကေတ ဖြစ်သည်။ လေဆိပ်ကို စတင်ဖွင့်လှစ်ပြီးနောက် Yunnan Aviation Industry Investment Group Co., Ltd. သည် တရုတ်ကွန်မြူနစ်ပါတီ လျင်ချန်းမြို့ပါတီကော်မတီ၊ လျင်ချန်းမြို့ ပြည်သူ့အစိုးရတို့နှင့်အတူ "ပင်မလိုင်းနှင့် လိုင်းခွဲစလုံး အဟန့်အတားမရှိ တောက်လျှောက်ပေါက်ခြင်း၊ လေကြောင်းလိုင်းကွန်ရက် တစ်ခုလုံး အချင်းချင်းချိတ်ဆက်ခြင်း" ဟူသော တရုတ်နိုင်ငံ မြို့ပြလေကြောင်းလိုင်း စီမံခန့်ခွဲရေးဌာန၏ တည်ဆောက်မှု စမ်းသပ်ရေးလုပ်ငန်းများကို အခြေခံပြု၍ တာတိုသယ်ယူပို့ဆောင်ရေး၊ လေကြောင်းပို့ဆောင်ရေးနှင့် ခရီးသွားလာရေးတို့ ပေါင်းစပ်ခြင်း စသည့် လုပ်ငန်းများ နှင့်ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ပြီး ဒေသခံ ဖွံ့ဖြိုးတိုးတက်မှု၏ "လေထဲမှစင်္ကြံ"ကို ထုလုပ်ကြမည်ဖြစ်ကာ ဒေသခံ သယ်ယူပို့ဆောင်ရေး အခြေအနေများကို တိုးတက်ကောင်းမွန်လာစေပြီး ပြည်သူလူထု၏ အမျိုးမျိုးရှိသည့် ခရီးထွက်လိုအပ်ချက်များကို အဆက်မပြတ် ဖြည့်ဆည်းစေသည့်အပြင် ဒေသခံ စီးပွားရေးနှင့် လူမှုရေးကို ဖွံ့ဖြိုးတိုးတက်စေသည့်အတွက် ကူညီပေးကြမည် ဖြစ်သည်။
ဖုန့်ချင့်ကျုံးဟယ်လေဆိပ်သည် လျင်ချန်းမြို့ရှိ ဖုန့်ချင့်ခရိုင်၊ ယူခရိုင်၊ ယုံတယ်ခရိုင်တို့နှင့် ပေါင်စန်းမြို့ရှိ ချန်းနင်ခရိုင် စသည့် မြို့ ၂ မြို့နှင့် ခရိုင် ၄ ခရိုင်တို့ကို တိုက်ရိုက် ဝန်ဆောင်ပေးသည့်အပြင် တာ့လီပြည်နယ်ခွဲရှိ ဝေ့စန်းခရိုင်၊ ယုံဖျင်ခရိုင်နှင့် နန်ကျန့်ခရိုင်တို့ကို မျက်နှာမူဖြာထွက်ကာ လူဦးရေ စုစုပေါင်း ၂၀၈ သောင်းအတွက် ဝန်ဆောင်မှုပေးမည် ဖြစ်သည်။
9月26日上午,云南省临沧市凤庆中和机场举行通航现场会。一架由昆明长水机场起飞,降落凤庆中和机场的七彩通航飞鸿—300飞机,于10时10分许缓缓通过“水门”,标志着凤庆中和机场正式通航,凤庆县进入航空新时代。
凤庆中和机场正式通航运营,成为云南航产投集团运营管理的第19个机场暨第4个通用机场,同时也标志着临沧市正式成为全省首个同时拥用3个机场的州市。机场通航运营后,云南航空产业投资集团有限责任公司将与临沧市委、市政府一道,以民航局“干支通,全网联”建设试点为契机,在短途运输、航旅融合等业务方面深入合作,打造地方发展“空中走廊”,在改善地方交通运输条件,不断满足人民群众多样化出行需求的同时,助力地方经济社会发展。
凤庆中和机场将直接服务临沧市凤庆县、云县、永德县和保山市昌宁县等两市4县,同时辐射大理州巍山县、永平县、南涧县,服务区人口208万人。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ