(၆) ကြိမ်မြောက် ဆုံမင် ပန်းမန်ပြပွဲကို စတင်ကျင်းပတော့မည်ဖြစ်၍ မင်းကို ဤ"ပန်းနှင့်ချိန်းဆိုခြင်း" အတူလုပ်ရန် ဖိတ်ကြား
2023-09-28 15:39|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) (၆) ကြိမ်မြောက် ဆုံမင် ပန်းမန်ပြပွဲကို စက်တင်ဘာလ ၂၈ ရက်နေ့မှ အောက်တိုဘာလ ၇ ရက်နေ့အထိ ကျင်းပတော့မည် ဖြစ်သည်။
ဤဆုံမင် ပန်းမန်ပြပွဲသည် "နွေဦးရာသီမှ ပန်းများနှင့် ဆောင်းဦးရာသီမှ အသီးများ၊ အစိမ်းရောင်အသစ်ကို ထပ်မံတွေ့ရှိခြင်း" ဟူသော ခေါင်းစဉ်ဖြင့် ယူနန်ပြည်နယ် ပန်းမန်စံပြဥယျာဉ်ခြံမြေ၌ အဓိကကျင်းပရာနေရာ တစ်ခုကို ထူထောင်သည့်အပြင် ဆုံယန်လမ်း၊ ယန်ချောင်လမ်း၊ ယန်လင်မြို့နယ်နှင့် နျူလန်ကျန်းမြို့နယ်တို့၌ နေရာခွဲကို ခွဲခြားထူထောင်မည် ဖြစ်သည်။ အဓိကကျင်းပရာနေရာရှိ အိမ်တွင်း၌ ဆုံမင်ခရိုင်၏ အဆင့်မြင့်တန်း ပန်းမန်အစေ့များ၊ မီးသီးများ၊ ပျိုးပင်များနှင့် မိုးဆန်းပန်းများ၊ ပန်းအိုးစိုက်ပန်း အမျိုးအစားများကို ပြသမည်ဖြစ်၍ ပြည်တွင်းပြည်ပ နာမည်ကျော်ကြားသော Phalaenopsis aphrodite Rchb. F.၊ Anthurium andraeanum Linden နှင့် ပန်းမန် အမျိုးပေါင်း ၁ ထောင်ကျော်ကို ရှုစားနိုင်မည် ဖြစ်သည်။ နေရာခွဲများ၌ ဂန္ဓမာပန်းများ၊ ပန်းခြောက်များ၊ မြက်ပွင့်များ၊ Eustoma grandiflorum(Raf.)Shinners၊ ကုန်းပြင်မြင့် ထူးခြားချက်ရှိသည့် ထွက်ကုန်ပစ္စည်းများနှင့် ပန်းအိုးစိုက်ဝါးများနှင့် ဝါးဖြင့် ပြုလုပ်သည့် ကုန်ပစ္စည်းများ စသည်တို့ကို ပြသမည်ဖြစ်သည်။
လှပသော ပန်းမန်များအပြင် (၆) ကြိမ်မြောက် ဆုံမင် ပန်းမန်ပြပွဲကို ကျင်းပရာတွင် "ပန်းတစ်ပွင့်၏ စိုက်ပျိုးခြင်းစီမံကိန်း" ဟူသော ခေါင်းစဉ်ဖြင့် "ပန်းခင်းထဲမှ ပျော်ရွှင်မှုကိစ္စ" ဟူသော မြက်ခင်းပြင်ပေါ် အပြင်ဘက်စျေးတန်း၊ "ပန်းစိုက်ပျိုးခြင်းကြောင့် ပန်းရရှိခြင်း" ဟူသော လုပ်ငန်းကုမ္ပဏီများ၏ ပန်းမန်ပြပွဲနှင့် ပန်းရောင်စျေး၊ "ပန်းများထဲတွင် ဆုံမင်ကို လည်ပတ်ခြင်း၊ စိတ်ကူးယဉ်အိပ်မက်အတွက် ကြိုးပမ်းအားထုတ်ခြင်း" ဟူသော ဂီတပွဲတော်၊ ပန်းစားပွဲနှင့် မီးပုံညပွဲ စသည့် လှုပ်ရှားမှုစီးရီးကို ကျင်းပဆောင်ရွက်မည် ဖြစ်၍ "မြို့တစ်ခုလုံး ပန်းပွင့်ခြင်း"၊ "ငယ်ငယ်တုန်းက Kaleidoscope"နှင့် "Monet ၏ ပန်းခြံ" စသည့် များပြားသော အင်တာနက်ပေါ်တွင် လူကြိုက်များသော ဓာတ်ပုံရိုက်ရာနေရာသည် မြို့သူမြို့သားများ၊ ခရီးသည်များကို ပန်းမန်ဆိုင်ရာ ရေပန်းစားအသစ်များအား ပျော်ပျော်ရွှင်ရွှင်ခံစားရန် ဖိတ်ကြားကြသည် ရှိသည်။
မိုဘိုင်းလ်ဖုန်းပေါ်ရှိ Wechat Mini Program ကို စကင်ဖတ်ပြီး ကြိုတင်ချိန်းဆိုထားပြီးနောက် အွန်လိုင်းတွင် လက်မှတ်ကို ရရှိပြီးမှ ဤပန်းမန်ပြပွဲကို ပါဝင်နိုင်မည် ဖြစ်သည်။
昆明信息港讯 第六届嵩明花博会(9月28日——10月7日)即将开幕。
今年嵩明花博会将以“春花秋实·又见新绿”为主题,在云南省花卉示范园区设1个主会场,同时在嵩阳街道、杨桥街道、杨林镇、牛栏江镇各设分会场。主会场室内将展示嵩明县高端花卉种子种球种苗和鲜切花、盆花品种,可欣赏到享誉海内外的蝴蝶兰、红掌以及超过1000多个花卉品种。分会场将展示菊花、干花、草花、洋桔梗、高原特色产品以及竹子盆栽和竹制品等展品。
除了精美的花卉,第六届嵩明花博会活动期间,还将以“一朵花的养成计划”为主题,开展“花田喜事”草坪户外市集、“种花得花”企业花卉展及花市、“花游嵩明·为梦一站”音乐节、鲜花宴和篝火晚会等系列活动,更有“一城花开”标识标牌、“童年的万花筒”“莫奈花园”等众多网红打卡装置邀请市民、游客乐享花卉新潮流。
扫描小程序手机预约,线上领票即可参加花博会。(供稿:嵩明县融媒体中心)
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ