တရုတ် ဒေါင်းစိမ်းမွေးရပ်မြေ ၂၀၂၃ ခုနှစ် ဆွမ်ပိုင် ဒေါင်းစိမ်းယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများကို စတင်ကျင်းပခဲ့

2023-09-22 17:51|ရောင်စုံတိမ်တံတား

00305718524_96ebe9d1

(ရောင်စုံတိမ်တံတား ခင်ခင်စက်တင်ဘာလ ၁၉ ရက်နေ့ ညတွင် ချူရှုံနှင့် တွေ့ဆုံခြင်း- တရုတ်နိုင်ငံ ဒေါင်းစိမ်းမွေးရပ်မြေ ၂၀၂၃ ခုနှစ် ဆွမ်ပိုင်ဒေါင်းစိမ်းယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများ၏ ဖွင့်ပွဲအခမ်းအနားကို ဆွမ်ပိုင်ခရိုင် ချာမူယဉ်ကျေးမှုရင်ပြင်၌ ကျင်းပခဲ့သည်။

00305718525_1d52d52b

ဥဒေါင်းသည် ယူနန်ပြည်နယ် ချူရှုံ ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ၏ အရေးကြီးသော ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် စီးပွားရေးအရင်းအမြစ်များထဲမှ တစ်ခုဖြစ်၍ ၎င်း၏ ထူးခြားသော ဂုဏ်သိက္ခာနှင့် ရာထူးနေရာတို့သည် ယဉ်ကျေးမှု၊ သမိုင်းနှင့် အနုပညာ စသည့် အဖက်ဖက်များ၏ လေးနက်သော စုဆောင်းခြင်းများမှ ဆင်းသက်လာကြသည် ဖြစ်သည်။ ချူရှုံနှင့်တွေ့ဆုံခြင်း- တရုတ်နိုင်ငံ ဒေါင်းစိမ်းမွေးရပ်မြေ ၂၀၂၃ ခုနှစ် ဆွမ်ပိုင်ဒေါင်းစိမ်းယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများသည် "ဒေါင်းစိမ်းယဉ်ကျေးမှု"ဖြင့် ခေါင်းစဉ်အဖြစ်၊ ဒေါင်းစိမ်း ထိန်းသိမ်းကာကွယ်ခြင်း၊ ဒေါင်းစိမ်း ယဉ်ကျေးမှုတူးဖော်ခြင်းနှင့် ပြန့်ပွားစေခြင်း စသည့် အကြောင်းအရာများကို ဗဟိုပြု၍ "ချူရှုံနှင့်တွေ့ဆုံခြင်း" ဒေါင်းစိမ်း ထိန်းသိမ်းကာကွယ်ခြင်းနှင့် ဂေဟယဉ်ကျေးမှု တည်ဆောက်ခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲ၊ "နတ်သားလေးများ စူးစမ်းရှာဖွေခြင်း" အနုပညာတင်ဆက်ပြသပွဲ၊ "ဆွမ်ပိုင် ခံစားခြင်း" ဒြပ်မဲ့ယဉ်ကျေးမှုများ လှည့်လည်ပြသပွဲ၊ "အိုင်လောင် ရှာဖွေခြင်း" ဒေါင်းစိမ်း အနုပညာလက်ရာများပြပွဲ၊ "တီထွင်ဖန်းတီးမှုရှိ ဆွမ်ပိုင်" ဒေါင်းစိမ်း ယဉ်ကျေးမှုထုတ်ကုန်ပစ္စည်းများ ဆန်းသစ်တီထွင်ပြိုင်ပွဲ၊ "အလှဆုံးသော ဆွမ်ပိုင်" ဒေါင်းစိမ်းမင်းသမီးနှင့် မင်းသားကို အကဲဖြတ်ရွေးချယ်ခြင်း၊ "အစိမ်းရောင် စိတ်ကူးကြွယ်ခြင်း" ဂီတပွဲနှင့် "ဒေါင်းစိမ်းအိမ်" ထူးခြားချက်ရှိ ကုန်စည်ပြပွဲ စသည့် ပြောင်မြောက်သော လှုပ်ရှားမှုများကို ကျင်းပမည် ဖြစ်ကာ ဆွမ်ပိုင်ခရိုင်၏ ဂေဟယဉ်ကျေးမှု တည်ဆောက်ရေးရလဒ်များကို ဘက်ပေါင်းစုံမှ ပြသမည် ဖြစ်သည်။

00305718526_630bf850

တရုတ်ဗဟို၊ ပြည်နယ်နှင့် ပြည်နယ်ခွဲအဆင့် ၃ ဆင့်မှ အဓိကမီဒီယာ အခုပေါင်း ၃၀ ကျော်သည် ဆွမ်ပိုင်ခရိုင်ထဲသို့ ဝင်ရောက်ကြ၍ ဒေသခံရှိ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ရောနှောပေါင်းစပ်မှု၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ခရိုင်စီးပွားရေးနှင့် ဂေဟယဉ်ကျေးမှု စသည့် ကဏ္ဍများကို နက်ရှိုင်းစွာ စူးစမ်းလေ့လာခြင်းနှင့် ဘက်စုံမြင်ထောင့်မှ သတင်းပြန်ကြားခြင်းတို့ဖြင့် ပိုများသော လူများကို ဆွမ်ပိုင်ခရိုင်အား သိရှိစေ၊ ဝင်ရောက်စေနှင့် မျှဝေစေရန် ရည်ရွယ်ထားသည်။

00305718527_aff90db5

00305718528_368d8585

00305718529_92335545

00305718524_96ebe9d1

昆明信息港综合整理 9月19日晚,遇见楚雄——中国绿孔雀之乡2023双柏绿孔雀文化季开幕式在双柏县查姆文化广场举行。

00305718525_1d52d52b

据了解,孔雀作为楚雄重要的文化、旅游、经济资源之一,其独特的身份和地位来自其在文化、历史和艺术等方面的厚重积淀。遇见楚雄——中国绿孔雀之乡2023双柏绿孔雀文化季以绿孔雀文化为主题,围绕绿孔雀保护、绿孔雀文化挖掘和传播等内容,举办“遇见楚雄”绿孔雀保护与生态文明建设研讨会、“探秘精灵”文艺演出、“感受双柏”非遗文化巡演、“寻觅哀牢”绿孔雀艺术作品展、“创意双柏”绿孔雀文创产品大赛、“最美双柏”绿孔雀公主和绿孔雀王子评选、“绿色狂想”音乐节、“绿孔雀家园”特色商品展销等精彩活动,全面展示双柏县生态文明建设成果。

00305718526_630bf850

30多家中央和省、州主流媒体走进双柏,通过对当地文旅融合、乡村振兴、县域经济、生态文明等方面进行深度挖掘,多视角宣传报道,让更多的人认识双柏、走进双柏、共享双柏。(楚雄州融媒体中心 记者王媛媛 笪永麟 摄影 夏天彧 通讯员张琪)

00305718527_aff90db5

00305718528_368d8585

00305718529_92335545

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်