တရုတ်နိုင်ငံ အွန်လိုင်းမီဒီယာလုပ်ငန်းမှ အောင်မြင်သူများသည် ဖူရှန်းမြို့မှ "ဖက်ရှင်အရှိဆုံး"သော သမိုင်းဝင်ယဉ်ကျေးမှုလမ်းသို့ လည်ပတ်ကြည့်ရှု
2023-09-15 18:08|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) စက်တင်ဘာလ ၁၃ ရက်နေ့တွင် "စပိန်လာလီဂါ" အသင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲဆိုင်ရာ တရုတ်တစ်နိုင်ငံလုံးရှိ အွန်လိုင်းမီဒီယာများ ဖူရှန်းမြို့သို့ ခရီးစဉ်နှင့် ဖူရှန်းမြို့၏ အွန်လိုင်းသရုပ်သကန်များ ရှာဖွေစုဆောင်းခြင်း လှုပ်ရှားမှုများကို စတင်ကျင်းပခဲ့သည် ဖြစ်၍ နိုင်ငံတစ်ဝှမ်းရှိ ဒေသပေါင်း ၃၀ ကျော်မှ အွန်လိုင်းမီဒီယာများ၏ အယ်ဒီတာချုပ်များ၊ တာဝန်ခံအယ်ဒီတာများနှင့် influencer များသည် ဖူရှန်းမြို့သို့ ဝင်ရောက်ခဲ့ကြပြီး သုံးရက်ကြာ သရုပ်သကန်ရှာဖွေစုဆောင်းခြင်း လှုပ်ရှားမှုများကို ဆောင်ရွက်ကြမည် ဖြစ်၍ ဖူရှန်းမြို့၏ ထက်သန်ပြင်းပြသော လူမှုရေးအခြေအနေမျိုးများ၊ လျင်နန်ယဉ်ကျေးမှုများနှင့် ခေတ်မီရေး အချင်းချင်း ရောနှောပေါင်းစပ်စွာ ဖွံ့ဖြိုးတိုးတက်သည့် ညှို့နိုင်စွမ်းများကို ခံစားကြမည် ဖြစ်သည်။
ပထမနေ့တွင် အဆိုပါ သရုပ်သကန်ရှာဖွေစုဆောင်းခြင်းအဖွဲ့သည် "ဖက်ရှင်အရှိဆုံး"သော သမိုင်းဝင်ယဉ်ကျေးမှုလမ်း ဖြစ်သည့် ဖူရှန်းမြို့ လျင်နန်ထျန်းတိသို့ ဝင်ရောက်ခဲ့ကြသည်။
မီးများ ထိန်လင်းလာသည့် အချိန်တွင် အနက်ရောင်ကျောက်ပြားများနှင့် မင်နက်အုတ်ခဲများကို ခင်းထားပြီး wok ear house များနှင့် မရေမတွက်နိုင်သော ပန်းပြောက်ထွင်းထုထားသည့် တံစက်မြိတ်များ ရှိသော လျင်နန်ထျန်းတိသည် တစ်မူထူးခြားသော အငွေ့အသက်များ ရှိသည်။ အမှတ်တံဆိပ် အရောင်းဆိုင် အမျိုးမျိုးရှေ့တွင် လူအများအပြားရှိ၍ နွေရာသီနှောင်းပိုင်းနှင့် ဆောင်းဦးအစောပိုင်းတွင် လျင်နန်၏ မီးရှူးမီးပန်း အခြေအနေများကို ထင်ဟပ်ပြသနိုင်သည်။
လျင်နန်ထျန်းတိသည် ချမ်ချိမ်ဒေသ ဇူမြောက်လမ်း၌ တည်ရှိ၍ ဖူရှန်း မြို့လယ်ခေါင်ဒေသအတွင်း ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများနှင့် ရှေးဟောင်းသမိုင်းဝင်နေရာများ အထူထပ်ဆုံးသော၊ အတိုင်းအတာ အကြီးဆုံးသော၊ ထိန်းသိမ်းကာကွယ်မှု အပြည့်စုံဆုံးသော သမိုင်းဝင်ယဉ်ကျေးမှုလမ်း တစ်ခု ဖြစ်ကာ ၄င်းကို နိုင်ငံတော်ကောင်စီသည် ပဉ္စမအသုတ် နိုင်ငံတစ်ခုလုံး အရေးကြီးသော ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း ကာကွယ်ထိန်းသိမ်းမှုနေရာ စာရင်းထဲသို့ အရွေးခံပြီး ထည့်သွင်းပေးခဲ့သည်။ ၄င်း၏ မူရင်းတည်နေရာသည် ယခုအထိ နှစ်ပေါင်း ၉၀၀ ကျော် သမိုင်းကြောင်းရှိသော ဇူမြောက် တုံးဟွာလီဧရိယာအပိုင်း ဖြစ်၍ ၄င်းထဲတွင် အဆောက်အအုံ ၁၀၀ ကျော် ရှိကြသည်။
ဤနေရာ၌ အထင်ရှားဆုံးသော လျင်နန် သမိုင်းဝင် ယဉ်ကျေးမှု အသွင်အပြင်များ ရှိ၍ ဧရိယာအပိုင်းအတွင်းမှ ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံ ၂၂ ဆောင်နှင့် သမိုင်းဝင် အဆောက်အအုံ အများအပြားကို ထိန်းသိမ်းကာကွယ်ပြီး သွက်လက်ချက်ချာစွာ အသုံးပြုခဲ့ကာ ယဉ်ကျေးမှုနှင့် ကုန်သွယ်ရေး ရောနှောပေါင်းစပ်ခြင်းအားဖြင့် သစ်လွင်သော သက်ရှိစွမ်းအားကို ထုတ်ဖော်ခဲ့သည်။
သရုပ်သကန်ရှာဖွေစုဆောင်းခြင်းအဖွဲ့သည် ကျိန်ကျောက်နန် တည်ဆောက်ခဲ့သည့် ရိပ်သာသို့ ရောက်ရှိခဲ့၍ လမ်းညွှန်ရှင်းပြသူ၏ လမ်းညွှန်မှုအောက်တွင် လျင်နန်၏ ထူးခြားချက်ရှိ အဆောက်အအုံ ယဉ်ကျေးမှုများကို သေသေချာချာ ခံစားခဲ့ကြပြီး ဖူရှန်းမြို့၏ အခြေအနေများ အပြည့်ရှိသည့် ပြသမှုများကို ကြည့်ရှုခဲ့ကြပြီး ဖူရှန်းမြို့၏ ရှေးဟောင်းရသများကို လက်တွေ့လေ့လာခဲ့ကြသည်။ ဤနေရာရှိ သမိုင်းဝင် လူမှုရေးအငွေ့အသက်များ အလွန်ပြင်းထန်သည် ဖြစ်ကြောင်း၊ ဖူရှန်းမြို့သည် ရှေးခေတ်ကတည်းက စက်မှုလုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်သည့် နေရာဖြစ်ကြောင်း သိမြင်နိုင်သည် ဖြစ်၍ "နာမည်ကျော်သော မြို့နယ် ၄ ခုကြီး"ဟု ခေါ်ထိုက်သည် ဖြစ်ကြောင်း သတင်းထောက်များအားလုံးက အလှိုက်တလှဲနှင့် သက်မချလိုက်ခဲ့သည်။
မိုးတဖြည်းဖြည်းချုပ်လာသည်နှင့်အမျှ လျင်နန်ထျန်းတိ၌ လူတဖြည်းဖြည်း များလာသည်၊ သာမန်ကုန်စျေးတန်းများနှင့် မတူသည်မှာ ဤနေရာ၌ မကြာခဏ တွေ့နိုင်သည့် စတားဘတ်နှင့် Nayuki စသည့် လူကြိုက်များသော ဆိုင်ခွဲများအပြင် စာပေအနုပညာရှိသည့် ဆိုင်များနှင့် ယခုနှစ်များတွင် ထွက်ပေါ်လာသည့် ဖက်ရှင်အမှတ်တံဆိပ်များလည်း အများအပြားရှိသည် ဖြစ်ကာ အဝတ်အစား၊ အစားအသောက်နှင့် အနုပညာလက်ရာများ၏ အလှဆင်မှုစတိုင်သည်လည်း တစ်မူထူးခြား၍ နော်ဒစ်စတိုင်၊ စက်မှုစတိုင်၊ ပန်းရောင်စတိုင် စသည့် မတူသော အလှဆင်မှုစတိုင်များကို အိမ်ဟောင်းများနှင့် ရောနှောပေါင်းစပ်ပြီး ထူးခြားသော လှပမှုတစ်မျိုးကို ပေါ်လွင်လာသည် ဖြစ်သည်။
လျင်နန်ထျန်းတိ၌ အလွန်စည်ကားပြီး ရှေးဟောင်းမြို့နယ်၏ ထူးခြားချက်များ ထူထပ်သည် ဖြစ်ကြောင်း၊ "လျင်နန်ထျန်းတိက ရိုးရာယဉ်ကျေးမှုတွေနဲ့ ခေတ်မီအသွင်အပြင်တွေကို ကောင်းမွန်စွာ ရောနှောပေါင်းစပ်ပြီး ဒေသခံမြို့သူမြို့သားတွေကို လာရောက်ကြည့်ရှုဖို့ ဆွဲဆောင်နိုင်ရုံသာမက အခြားဒေသက ခရီးသည်တွေရဲ့ ဖူရှန်းမြို့ကို လာရောက်လည်ပတ်တဲ့အချိန်မှာ မရောက်ရင်မဖြစ်နိုင်တဲ့နေရာလဲ ဖြစ်လာခဲ့ပြီး ဖူရှန်းမြို့ရဲ့ ယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်စေခဲ့တယ်" ဖြစ်ကြောင်း The Red Star News ၏ လက်ထောက်အယ်ဒီတာချုပ် ဝမ်ကျင့်စိမ်းက ပြောကြားခဲ့သည်။
သိုင်းပညာသည် ဖူရှန်းမြို့၏ လူကြိုက်များသော အဓိကအရာကိစ္စ အမြဲတမ်းဖြစ်၍ ယခုအခါတွင် ဖူရှန်းမြို့၏ စည်ကားသော ညစီးပွားရေးသည်လည်း ခရီးသည်များကို မပြတ်မစဲ တသဲသဲရောက်လာရန် ဆွဲဆောင်ထားကြသည်။ စာရင်းဇယားများအရ ၂၀၂၂ ခုနှစ် တစ်နှစ်ပတ်လုံးတွင် ဖူရှန်းမြို့သို့ ရောက်လာသည့် ခရီးသည်များ၏ အရေအတွက်သည် အယောက်ပေါင်း ၂၅ သန်းအထိ ရောက်ရှိခဲ့သည်ဟု သိရှိရခဲ့သည်။ ကောင်းမွန်သော ညနေထိုင်မှုဘဝ ပတ်ဝန်းကျင်ကို ဖန်တီးသည့်အတွက် ဖူရှန်းမြို့သည် ရည်မှန်းချက် ပိုမိုထင်ရှားပြီး အင်အားပိုမိုကြီးမားသော မူဝါဒများနှင့် ဆောင်ရွက်ချက်များကို ရေးဆွဲချမှတ်ခဲ့သည်။
လက်ရှိအချိန်တွင် လျင်နန်ထျန်းတိသည် ချမ်ချိမ်ဒေသနှင့် ဖူရှန်းမြို့၏ ကိုယ်စားပြုနိုင်စွမ်း အများရှိသည့် အထင်ကရနေရာ ဖြစ်လာနေပြီး ၄င်းသည် စံနှုန်းသင့်တော်သည့် ဖွင့်လှစ်ခြင်း ဟင်းလင်းပြင်ကို ဖန်တီးခဲ့၍ ဖူရှန်းမြို့၏ သမိုင်းဝင် ယဉ်ကျေးမှုအသွင်အပြင်များနှင့် မြို့ပြ၏ အစအနများကို ဆက်ခံရစေခဲ့၍ ၄င်းကို သက်ရှိစွမ်းအားအသစ် ပေးခဲ့သည် ဖြစ်သည်။
9月13日,“西甲”足球联赛全国网络媒体佛山行暨佛山城市网络形象采风行活动启动,来自全国30多个地区的网络媒体总编、主编、主播走进佛山,开展为期3天的采风活动,感受佛山浓厚人文氛围、岭南文化与现代化融合发展的魅力。
首日,采风团走进“最潮”历史文化街区——佛山岭南天地。
华灯初上,铺设青石板、水墨砖,拥有镬耳屋和数不胜收的雕花屋檐的岭南天地,显得格外有韵味。各式各样的品牌店铺前人头涌动,尽显末夏初秋的岭南烟火气。
岭南天地位于禅城区祖庙街道,是佛山中心城区内文物古迹最为密集、规模最大、保存最为完整的一处历史文化街区,被国务院列入第五批全国重点文物保护单位。其原址是迄今有900余年历史的祖庙东华里片区,里面有100多幢建筑物。
这里有最典型的岭南历史文化风貌,保护并活化利用片区内22幢文物建筑及众多历史建筑,通过文商融合焕发新的生命力。
采风团一行来到简氏别墅,在讲解人员引导下,细品岭南特色建筑文化,参观佛山元素满满的展览,体验佛山古韵。媒体记者纷纷感叹,这里的历史人文气息很浓厚,看得出佛山自古以来,就是工商业发达的地方,不愧是被称为“四大名镇”之一。
夜渐深,岭南天地的人流量逐渐增大,不同于一般的商业街区,这里除了常见的星巴克、奈雪的茶等人气连锁,还有不少文艺店铺和年轻的时尚品牌,从服装、餐饮到艺术品,装潢风格也别具一格,北欧风、工业风、粉红色……不同风格的装潢融进老宅,呈现出一种特别的美感。
红星新闻网副总编辑王晋升表示,岭南天地热闹非凡,古镇特色浓厚,“岭南天地很好地融合了传统文化和现代特色,不仅能吸引本地市民来打卡,也成为了外地游客来佛山的必选地,促进了佛山的文旅发展。”
一直以来,功夫是佛山首要的人气密码,而今繁华的夜经济也让佛山引得游客纷至沓来。据统计,2022年全年客流量达2500万人次。为营造良好夜生活环境,佛山出台针对性更强和力度更大的政策措施。
如今,岭南天地已成为禅城乃至佛山颇具代表性的地标打卡点,它创造尺度适宜的开放空间,使佛山的历史文化风貌与城市脉络得以传承,并赋予其新的生命力。
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
- ကမ္ဘာ့ ပထမဆုံး မြင်ကွင်းကျယ် တောတောင် ရှုခင်းကြည့်ရထားသည် လိကျန်းမြို့တွင် စတင်ပြေးဆွဲ
- ကမ္ဘာ့"ရှန်ဂရီလာ"မှ ပန်းခရီးစဉ် နွေဦးပန်းပြပွဲကို ကျင်းပနေ
- ကူမင်းမြို့ ဘတ်စ်ကားကုမ္ပဏီသည် နွေဦးရာသီခရီးစဉ်အတွက် ဘတ်စ်ကားလိုင်း ၂၆ လိုင်းကို စတင်ပြေးဆွဲ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကူမင်းမြို့ ကျင့်နင်ရပ်ကွက်တွင် Truffle ကို စိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးပွားစေ
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု