ဇီဝအမျိုးအစားသစ် လုံလင် Begonia grandis များသည် ဆောင်းဦးရာသီအစပိုင်းတွင် ဝေဝေဆာဆာ ပွင့်ဖူးနေ
2023-08-31 17:09|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) သြဂုတ်လ ၂၅ ရက်နေ့တွင် ယူနန်ပြည်နယ် ပေါင်စန်းမြို့ လုံလင်ခရိုင်ရှိ ရှောင်ဟင်းစန်း ပြည်နယ်အဆင့် သဘာဝထိန်းသိမ်းရေးဇုန်မှ ကျွမ်းကျင်သူပညာရှင်များသည် သစ်တောအရပ်၌ လှည့်လည်စစ်ဆေးခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းကို ဆောင်ရွက်ရာတွင် ဇီဝအမျိုးအစားသစ် လုံလင် Begonia grandis များ ဝေဝေဆာဆာ ပွင့်ဖူးသည့် အဖိုးတန် ဗီဒီယိုကို ရိုက်ကူးရခဲ့သည်။
လုံလင် Begonia grandis သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် လုံလင်ခရိုင်၌ တွေ့ရှိခဲ့သည့် ဇီဝအမျိုးအစားသစ်ကို ဖြစ်၍ ဤနှစ်ဆန်းတွင် အပြင်သို့ ထုတ်ပြန်ကျေညာခဲ့သည် ဖြစ်သည်။ လုံလင် Begonia grandis သည် အဆိုပါခရိုင်၌ ဇီဝအမျိုးအစားသစ် Hoya gaoligong ကို တွေ့ရှိခဲ့ပြီးနောက် တွေ့ရှိခဲ့သည့် ဒုတိယအမျိုး ဇီဝအမျိုးအစားသစ်လည်း ဖြစ်သည်။
လုံလင် Begonia grandis သည် နှစ်ကြာခံသစ်နုပင် တစ်မျိုး ဖြစ်၍ ၄င်း၏ ပန်းပွင့်ချိန်သည် နှစ်စဉ်နှစ်တိုင်း သြဂုတ်လ မှ စက်တင်ဘာလအထိ ဖြစ်ပြီး ပန်းပွင့်ဖတ်သည် ပန်းရောင်ဖျော့ ဖြစ်ပြီး အဝါရောင်ဖြစ်သည့် ပန်းဝတ်၏ ပုံစံသည် ရောင်စုံတိမ်ပုံနှင့် တူသည်။
ဤအကြိမ်တွင် လုံလင် Begonia grandis များ ပွင့်ဖူးသည့် အဖိုးတန် ဗီဒီယို၏ ရိုက်ကူးရခဲ့သည်မှာ ဤဇီဝအမျိုးအစား၏ အသက်ရှင်ပတ်ဝန်းကျင်နှင့် ရှင်သန်ကြီးထွားမှု အလေ့အထ စသည့် အခြေအနေများကို နောက်ထပ် သုတေသနပြုရန်အတွက် အရေးကြီးသော အကိုးအကား ထောက်ပံ့ပေးခဲ့သည် ဖြစ်ကြောင်း၊ ဤဇီဝအမျိုးအစား၏ သဘာဝကျသော ရှင်သန်ကြီးထွားမှု အနေအထားများသည် ကောင်းမွန်သည်နှင့် မူရင်းရှင်သန်ကြီးထွားမှု ပတ်ဝန်းကျင်၏ ကာကွယ်ရေး အကျိုးသက်ရောက်မှုများသည် ထင်ရှားပေါ်လွင်သည်ကိုလည်း ဖော်ပြနိုင်သည် ဖြစ်ကြောင်း တရုတ်သိပ္ပံပညာတံခွန်အသင်း ဆစ်ဆောင်ပန်းနား အပူပိုင်းဒေသ ရုက္ခပင်ဥယျာဉ်မှ လက်ထောက်အင်ဂျင်နီယာ တင်းဟုံဘောက မိတ်ဆက်ခဲ့သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ကူမင်းမြို့၌ ဂျင်ဂိုအရွက်များ ရွှေဝါရောင် ဖြစ်လာနေ၍ ရှုစားရန် အကောင်းဆုံးချိန်သို့ ရောက်ရှိလာပါပြီ
- "ကူမင်း" ဟူသော နယ်စပ်ဖြတ်ကျော် နိုင်ငံတကာ ခရီးသွားအထူးရထားကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် စတင်ပြေးဆွဲမည်
- ဟွေ့ကျယ်-ချောင်ကျား အမြန်လမ်းမကြီး တစ်ခုလုံး ယာဉ်ဖြတ်သန်းသွားလာနိုင်
- ၁၀ နှစ်ပြည့်၊ ၂၀၂၅ ခုနှစ် SCO ကူမင်းမာရသွန်အပြေးပြိုင်ပွဲ ပါဝင်ရန် ၁၀ လပိုင်း ၃၀ ရက်နေ့မှစ၍ နာမည်စာရင်းပေးသွင်း
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယခုနှစ် ပထမ ၁၁ လအတွင်း ယူနန့် လတ်ဆတ်သောဖြတ်ပန်းပွင့် တင်ပို့မှုအတန်ဖိုးသည် တရုတ်ပထမနေရာတွင် ရပ်တည်ခဲ့
- ပထမဆုံးအသုတ် မြန်မာ့ကျောက်စိမ်းသည် ယူနန်ရှိ မိန်းတိန် ချင်းရွှေဟော်ဂိတ်၌ အကောက်ခွန် အဆင်ပြေချောမွေ့စွာ ကျော်ဖြတ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့






