ဇီဝအမျိုးအစားသစ် လုံလင် Begonia grandis များသည် ဆောင်းဦးရာသီအစပိုင်းတွင် ဝေဝေဆာဆာ ပွင့်ဖူးနေ
2023-08-31 17:09|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) သြဂုတ်လ ၂၅ ရက်နေ့တွင် ယူနန်ပြည်နယ် ပေါင်စန်းမြို့ လုံလင်ခရိုင်ရှိ ရှောင်ဟင်းစန်း ပြည်နယ်အဆင့် သဘာဝထိန်းသိမ်းရေးဇုန်မှ ကျွမ်းကျင်သူပညာရှင်များသည် သစ်တောအရပ်၌ လှည့်လည်စစ်ဆေးခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းကို ဆောင်ရွက်ရာတွင် ဇီဝအမျိုးအစားသစ် လုံလင် Begonia grandis များ ဝေဝေဆာဆာ ပွင့်ဖူးသည့် အဖိုးတန် ဗီဒီယိုကို ရိုက်ကူးရခဲ့သည်။
လုံလင် Begonia grandis သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် လုံလင်ခရိုင်၌ တွေ့ရှိခဲ့သည့် ဇီဝအမျိုးအစားသစ်ကို ဖြစ်၍ ဤနှစ်ဆန်းတွင် အပြင်သို့ ထုတ်ပြန်ကျေညာခဲ့သည် ဖြစ်သည်။ လုံလင် Begonia grandis သည် အဆိုပါခရိုင်၌ ဇီဝအမျိုးအစားသစ် Hoya gaoligong ကို တွေ့ရှိခဲ့ပြီးနောက် တွေ့ရှိခဲ့သည့် ဒုတိယအမျိုး ဇီဝအမျိုးအစားသစ်လည်း ဖြစ်သည်။
လုံလင် Begonia grandis သည် နှစ်ကြာခံသစ်နုပင် တစ်မျိုး ဖြစ်၍ ၄င်း၏ ပန်းပွင့်ချိန်သည် နှစ်စဉ်နှစ်တိုင်း သြဂုတ်လ မှ စက်တင်ဘာလအထိ ဖြစ်ပြီး ပန်းပွင့်ဖတ်သည် ပန်းရောင်ဖျော့ ဖြစ်ပြီး အဝါရောင်ဖြစ်သည့် ပန်းဝတ်၏ ပုံစံသည် ရောင်စုံတိမ်ပုံနှင့် တူသည်။
ဤအကြိမ်တွင် လုံလင် Begonia grandis များ ပွင့်ဖူးသည့် အဖိုးတန် ဗီဒီယို၏ ရိုက်ကူးရခဲ့သည်မှာ ဤဇီဝအမျိုးအစား၏ အသက်ရှင်ပတ်ဝန်းကျင်နှင့် ရှင်သန်ကြီးထွားမှု အလေ့အထ စသည့် အခြေအနေများကို နောက်ထပ် သုတေသနပြုရန်အတွက် အရေးကြီးသော အကိုးအကား ထောက်ပံ့ပေးခဲ့သည် ဖြစ်ကြောင်း၊ ဤဇီဝအမျိုးအစား၏ သဘာဝကျသော ရှင်သန်ကြီးထွားမှု အနေအထားများသည် ကောင်းမွန်သည်နှင့် မူရင်းရှင်သန်ကြီးထွားမှု ပတ်ဝန်းကျင်၏ ကာကွယ်ရေး အကျိုးသက်ရောက်မှုများသည် ထင်ရှားပေါ်လွင်သည်ကိုလည်း ဖော်ပြနိုင်သည် ဖြစ်ကြောင်း တရုတ်သိပ္ပံပညာတံခွန်အသင်း ဆစ်ဆောင်ပန်းနား အပူပိုင်းဒေသ ရုက္ခပင်ဥယျာဉ်မှ လက်ထောက်အင်ဂျင်နီယာ တင်းဟုံဘောက မိတ်ဆက်ခဲ့သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ






