"မိုးသစ်တောထဲ ဆင်များရှိခြင်း၊ ဆစ်ဆောင်ပန်းနားနှင့် ဆင်များပြပွဲ"ကို တီချင့်ပြည်နယ်ခွဲပြတိုက်၌ ကျင်းပ
2023-08-31 16:17|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အခုတလော၊ ဆစ်ဆောင်ပန်းနား အမျိုးသားပြတိုက်နှင့် တီချင့်ပြည်နယ်ခွဲပြတိုက် တို့သည် ပူးတွဲကျင်းပသည့် "မိုးသစ်တောထဲ ဆင်များရှိခြင်း၊ ဆစ်ဆောင်ပန်းနားနှင့် ဆင်များပြပွဲ"ကို တီချင့်ပြည်နယ်ခွဲပြတိုက်၏ ဒုတိယထပ်ရှိ ယာယီပြခန်း၌ စတင်ကျင်းပခဲ့သည် ဖြစ်၍ အောက်တိုဘာလ ၁၅ ရက်နေ့အထိ ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။
ဤအကြိမ်ပြပွဲတွင် ဆင်များ အချင်းချင်း ချစ်ကြကြင်ကြမှုနှင့် ဆင်များ မိုးသစ်တောသို့ သွားရောက်မှု စသည့် အပိုင်း ၃ ပိုင်းဖြင့် ဆင်များ၏ "အလွန်ဆုံး"၊ ဆင်များ၏ "စိတ်ဝင်စားဖွယ်ရာ"၊ ရိုးရာပုံပြင်ထဲမှ ဆင်များ၊ ဆင်များ မွေးမြူးသည့် ကျေးရွာဖြစ်သည့် မန့်ဇန်၊ တရုတ်နိုင်ငံရှိ အာရှဆင်များ၏ နားနေရာနေရာဖြစ်သည့် ဆစ်ဆောင်ပန်းနား အပူပိုင်းဒေသ မိုးသစ်တော၊ ဆစ်ဆောင်ပန်းနားရှိ အာရှဆင်များ စသည့် အကြောင်းအရာများကို ပရိသတ်များသို့ မိတ်ဆက်ပေးသည်။ ပြသရေးပစ္စည်းများသည် တိုင်းရင်းသား ရှေးဟောင်း ယဉ်ကျေးမှုပစ္စည်းများ၊ ဆင်ဆိုင်ရာ လက်မှုအနုပညာပစ္စည်းများ၊ ဆင်ဆိုင်ရာ ယဉ်ကျေးမှု အဆန်းထွင်မှု ထွက်ကုန်ပစ္စည်းများ စသည်တို့ ၄၅ ခု (စုံ) ကို ပါဝင်သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- တျန်းချီရေကန်ဘေးမှ ကော်ဖီရနံ့သည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့ခြင်း၊ ယူနန်ကော်ဖီကို သိရှိခံစားရန် ကူမင်းမြို့သည် ကမ္ဘာအား ဖိတ်ခေါ်
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း


