ပိဂူးထျန်ချီကန်၏ ရှုခင်းများသည် လူများကို မူးယစ်စွဲလန်းစေ
2023-08-31 16:18|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ပိဂူးထျန်ချီကန်သည် ရှန်ဂရီလာမြို့ ရှောင်ကျုံးတျန့်မြို့နယ် လျန်ဟယ်ရွာတွင် တည်ရှိပါသည်။ ဤနေရာ၌ ဧရိယာ ၂၁၀ စတုရန်းမီတာ ကျယ်ဝန်းသော ရေကန်တစ်ခု ရှိပြီး ရေကန်ပတ်လည်နား၌ ဧရိယာ ၃၀၀ စတုရန်းမီတာကျော်သည့် သဘာဝသစ်တောရိုင်း ရှိ၍ သစ်ပင်များသည် ကြီးလည်းကြီး မြင့်လည်းမြင့်ပြီး ငွားငွားစွင့်စွင့် ကြွားကြွားဝင့်ဝင့်ဖြစ်ကာ စည်စည်ဝေဝေ ပြွတ်ပြွတ်သိပ်သိပ်ရှိပြီး စိမ်းညိုပါသည်။ နှစ်တိုင်း နွေဦးရာသီနှင့် နွေရာသီတို့တွင် ပိဂူးထျန်ချီကန် ပတ်လည်နား၌ မြက်ခင်း မွေ့ရာကဲ့သို့ နူးညံ့ပျော့ပျောင်းပြီး ပန်းများ ပြင်လယ်ကဲ့သို့ ပွင့်ဖူးလျက်၊ ကန်ရေသည် အပြာရောင် ကောင်းကင်နှင့် အဖြူရောင်တိမ်၊ စိမ်းလန်းစိုပြည်သော တောတောင်ရေမြေများကို တန်းဆာဆင်လျက်၊ အလွန် အေးချမ်းသာယာစေပြီး ဤထဲတွင် နေလျှင် လူများကို ကြည်နူးဆွတ်မောစေလျက်ရှိသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့


