ဗီယက်နမ် လူငယ်ဘလော့ဂါ ၁၉ ဦးသည် ယူနန့်ခရီးသွားလာရေးကို လက်တွေ့မိတ်ဆက်ပေးခဲ့
2023-08-23 17:51|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယခုတလော ဗီယက်နမ်နိုင်ငံ မှလာသည့် အွန်လိုင်းဗီဒီယိုတိုဘလော့ဂါ ၁၉ ဦးသည် ခရီးသွားလမ်းကြောင်းများကို ကြည့်ရှုလေ့လာရန်၊ ယူနန့်ခရီးသွားလာရေးကို လက်တွေ့မိတ်ဆက်ပေးရန် ယူနန်ပြည်နယ်သို့ လာရောက်ခဲ့ကြသည်။
ဤဗီယက်နမ်ခရီးသွားအဖွဲ့ကို ယူနန်ပြည်နယ် ဟယ်ခုတ် ယောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ ဒေသခံ ခရီးသွားလုပ်ငန်းကုမ္ပဏီမှ စီစဉ်ခဲ့ပြီး ၄င်းသည် ဟယ်ခုတ်ဆိပ်ကမ်း မှတစ်ဆင့် ပြည်ဝင်ပြီးနောက် ခရီးသွားလမ်းကြောင်းများကို ကြည့်ရှုလေ့လာရန် ယူနန်ပြည်နယ် ဟုံဟယ်ပြည်နယ်ခွဲ မီလေ့ခရိုင်၊ လူရှီးခရိုင်၊ ကျန့်ဆွေခရိုင်၊ ဖျင်ပျန်းခရိုင်၊ ချူကျင့်မြို့ မာလုံခရိုင်၊ ကူမင်းမြို့ရှိ ယီလျံခရိုင်နှင့် စီလင်ခရိုင် စသည့်နေရာများသို့ လာရောက်ခဲ့ကြသည်။ ဗီယက်နမ် လူငယ်ဘလော့ဂါများမှာ ခရီးစဉ်တစ်လျှောက်လုံးတွင် ခရီးသွားလမ်းညွှန်ဗီဒီယိုများကို ရိုက်ကူးခဲ့ကြပြီး ဗီဒီယိုတိုပလက်ဖောင်း မှတစ်ဆင့် ယူနန်ပြည်နယ်ရှိ မြို့များ၊ အစားအစာများ၊ အထူးထုတ်ကုန်ပစ္စည်းများနှင့် ထင်ရှားသော ရှုခင်းသာနေရာများ စသည်တို့ကို ဗီယက်နမ်ပရိသတ်များအား မိတ်ဆက်ပေးခဲ့ကြသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့








