ဗီယက်နမ် လူငယ်ဘလော့ဂါ ၁၉ ဦးသည် ယူနန့်ခရီးသွားလာရေးကို လက်တွေ့မိတ်ဆက်ပေးခဲ့
2023-08-23 17:51|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယခုတလော ဗီယက်နမ်နိုင်ငံ မှလာသည့် အွန်လိုင်းဗီဒီယိုတိုဘလော့ဂါ ၁၉ ဦးသည် ခရီးသွားလမ်းကြောင်းများကို ကြည့်ရှုလေ့လာရန်၊ ယူနန့်ခရီးသွားလာရေးကို လက်တွေ့မိတ်ဆက်ပေးရန် ယူနန်ပြည်နယ်သို့ လာရောက်ခဲ့ကြသည်။
ဤဗီယက်နမ်ခရီးသွားအဖွဲ့ကို ယူနန်ပြည်နယ် ဟယ်ခုတ် ယောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ ဒေသခံ ခရီးသွားလုပ်ငန်းကုမ္ပဏီမှ စီစဉ်ခဲ့ပြီး ၄င်းသည် ဟယ်ခုတ်ဆိပ်ကမ်း မှတစ်ဆင့် ပြည်ဝင်ပြီးနောက် ခရီးသွားလမ်းကြောင်းများကို ကြည့်ရှုလေ့လာရန် ယူနန်ပြည်နယ် ဟုံဟယ်ပြည်နယ်ခွဲ မီလေ့ခရိုင်၊ လူရှီးခရိုင်၊ ကျန့်ဆွေခရိုင်၊ ဖျင်ပျန်းခရိုင်၊ ချူကျင့်မြို့ မာလုံခရိုင်၊ ကူမင်းမြို့ရှိ ယီလျံခရိုင်နှင့် စီလင်ခရိုင် စသည့်နေရာများသို့ လာရောက်ခဲ့ကြသည်။ ဗီယက်နမ် လူငယ်ဘလော့ဂါများမှာ ခရီးစဉ်တစ်လျှောက်လုံးတွင် ခရီးသွားလမ်းညွှန်ဗီဒီယိုများကို ရိုက်ကူးခဲ့ကြပြီး ဗီဒီယိုတိုပလက်ဖောင်း မှတစ်ဆင့် ယူနန်ပြည်နယ်ရှိ မြို့များ၊ အစားအစာများ၊ အထူးထုတ်ကုန်ပစ္စည်းများနှင့် ထင်ရှားသော ရှုခင်းသာနေရာများ စသည်တို့ကို ဗီယက်နမ်ပရိသတ်များအား မိတ်ဆက်ပေးခဲ့ကြသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ








