နွေရာသီ ခြေလျင်လျှောက်ခြင်း အစီအစဉ်၊ ကူမင်းရှိ ခြေလျင်လျှောက်နေရာ ၅ ခုဟာ သင့်ကို မြို့က ထိုးဖောက်ပြီးထွက်စေ

2023-08-08 16:42|ရောင်စုံတိမ်တံတား

1

(ရောင်စုံတိမ်တံတား ကိုကိုမောင်အလုပ်သမားတို့ရဲ့ စနေ တနင်္ဂနွေမှာ "သံမဏိသစ်တောတွေ" ဖုံးလွှမ်းနေတဲ့ ကူမင်းမြို့မှာ နေတယ်နဲ့ယှဉ်ပြိုင်ရင် သွားလိုက်တာ ပိုကောင်းပါတယ်၊ စစ်မှန်တဲ့ အစိမ်းရောင်ဖြစ်တဲ့ ကျန်းမာတဲ့ ခြေလျင်လျှောက်ခြင်း ခရီးစဉ် တစ်ကြိမ်ကို သွားပါ၊ သစ်တောအစစ်ကို သွားကြည့်ပါ။ အယ်ဒီတာက သင့်အတွက် ကူမင်းမြို့တစ်ဝိုက်မှာ ၃ နာရီကြာအတွင်း ကားမောင်းရောက်နိုင်တဲ့ ရှုခင်း သာယာလှပတဲ့၊ လူအနည်းငယ်သိပြီး ဆိတ်ငြိမ်တဲ့ ခြေလျင်လျှောက်နေရာ ၆ ခုကို အကြံပေးပါမယ်။

2

ယိရှီးမြို့ မဘောချုံး

မဘောချုံးရွာဟာ ယိရှီးမြို့ ဟွာနင်ခရိုင် ထုံဟုန်တျန်မြို့နယ်ရဲ့ အနောက်တောင်ဘက်မှာ တည်ရှိပြီး ဒီနေရာမှာ တောင်တန်းမြင့်တွေ၊ ရေလှောင်ကန်တွေ၊ မြက်ခင်းတွေ၊ နွားသိုးတွေ၊ ကောင်းကင်ပြာပြာနဲ့ တိမ်ဖြူဖြူတွေနဲ့ လှုပ်ယမ်းတဲ့ လေရဟတ်တွေ ရှိပါတယ်။ ဒီမှာ အပင်တွေ ဝေဝေဆာဆာရှိပြီး လေတွေ သန့်စင်ပြီး မျက်လုံးအပြည့် အစိမ်းရောင်ဟာ ဝေလံတဲ့ နယ်စွန်နယ်ဖျားဆီ ပျံ့နှံ့သွားပြီး အပြာရောင် ကောင်းကင်နဲ့ အဝေးက မိုးကုတ်စက်ဝိုင်းမှာ ပေါင်းဆုံမိပါတယ်။

8

အန်နင်မြို့ ဟယ်ဖုန်စန်းတောင်

ဟယ်ဖုန်စန်းတောင်ဟာ အန်နင်မြို့တွင်းက အမြင့်ဆုံးတောင်ထွတ် ဖြစ်ပြီး တောင်တန်းဒေသတစ်ခုလုံးမှာ ဝေဝေဆာဆာရှိပြီး စိမ်းညိုတဲ့  အပင်တွေ၊ ကြည်လင်တဲ့ ချောင်းတွေနဲ့ မတ်စောက်တဲ့ တောင်အနေအထားတွေ ရှိပါတယ်။ တောင်ပေါ်မှာ ထင်းရှူးတောငယ် အများအပြားရှိပြီး တောင်ချိုင့်ဝှမ်းထဲမှာ အမြဲစိမ်းရွက်ပြန့်ပင်တောတွေနဲ့ ဆူးပင်တွေ များများပေါက်နေတဲ့ ပင်ပုအုပ်တေွရှိပါတယ်။ ဒီနေရာမှာ လေကောင်းလေသန့် ရှူရှိုက်နေပြီး မြို့ပြရဲ့ ဆူညံမှုတွေနဲ့ ခပ်ဝေးဝေးနေပြီး လူတွေကို လူ့လောက အပြင်ဘက် ငြိမ်းအေးသာယာသော မက်မွန်ပန်းရိပ်မြုံမှာ ရှိနေသလို ခံစားစေပါတယ်။ ပတ်လည်နားမှာ ချိုင့် ၁၀ ခုကျော် ဝန်းရံနေပြီး အခု တောရိုင်းမှိုတွေ ကြီးထွားတဲ့ ရာသီချိန်မှာ လမ်းတစ်လျှောက်ရှိ လှပသော ရှုခင်းတွေကို ကြည့်ရှုနိုင်ရင်း တောရိုင်းမှိုတွေကိုလဲ ရှာနိုင်ပါတယ်။

10

ကူမင်းမြို့ မိုထျန်တောင်တန်း

ကူမင်းမြို့ မြောက်ပိုင်းရှိ အမြင့်ဆုံးတောင်ဟာ ချန်ချုံစန်းတောင်အပြင် မြို့တွင်းရပ်ကွက်ကို ငို့ကြည့်နိုင်တဲ့ အခြားနေရာတစ်ခုလဲ ရှိသေးတယ်။ ပင်လယ်ရေမျက်နှာပြင်ထက် မီတာ ၂၄၅၀ ရှိတဲ့ ဒီတောင်ဟာ ပြင်ပအားကစားဝါသနာရှင်တွေက တက်ချင်တဲ့ ပန်းတိုင်ဖြစ်ပြီး ကူမင်းမှာ တောင်တက်ဖြတ်ကျော်တဲ့ ဂန္ထဝင်လမ်းကြောင်းလဲ ဖြစ်ပါတယ်။ ခြေလျင်လျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ကားမောင်းခြင်းတို့နဲ့ ဖြတ်သန်းရင် အကုန်လုံး ကောင်းမွန်ပါတယ်၊ တောင်ထိပ်ရောက်ပြီးတော့ မရေမတွက်နိုင်တဲ့ သာယာလှပတဲ့ ရှုခင်းတွေကို ကြည့်ရှုနိုင်ပြီး ကူမင်းမြို့တွင်းရပ်ကွက်နဲ့ ဆုံဟွာရေကာတာတို့ရဲ့ အခြေအနေတစ်ရပ်လုံးကို ငို့ကြည့်နိုင်ပါတယ်။

12

ကျန်ချွမ်းဒေသ လျန်ဝမ်စန်းတောင်

ကူမင်းတစ်ဝိုက်မှာ လျန်ဝမ်းစန်းလို့ ခေါ်တဲ့တောင် ငါးခုလောက် ရှိပေမဲ့ ဒီထဲမှာ နာမည်အကြီးဆုံးတာက ချန်ကျန်းခရိုင်ရဲ့ မြောက်ဘက်မှာ တည်ရှိတဲ့ တောင်ဖြစ်ပြီး ဖူရှန်းဟိုရေကန်ရဲ့ အနောက်ဘက်မှာ တည်ရှိတဲ့ တောင်လဲ ဖြစ်ပါတယ်။ ရာသီဥတု သာယာတဲ့အခါမှာ တိန်ချီးရေကန်၊ ဖူရှန်းဟိုရေကန်နဲ့ ရှင်းယူဟိုရေကန်တို့ အကုန်လုံးကြည့်နိုင်ပါတယ်။

13

ရှီလင်ခရိုင်ရှိ တာ့တျယ်ရွှေ ရေတံခွန်

တာ့တျယ်ရွှေ ရေတံခွန်ဟာ ကူမင်းမြို့ ရှီလင်ခရိုင်ရဲ့ အနောက်တောင်ဘက် ၂၅ ကီလိုမီတာအကွာမှာ တည်ရှိပါတယ်။ ဒီရေတံခွန်ဟာ အကျယ် မီတာ ၂၀ နဲ့ အမြင့် မီတာ ၁၂၀ ရှိတဲ့ အံ့ဖွယ်ကောင်းတဲ့ အချက်အလက်နဲ့ ယူနန်ပြည်နယ်ရှိ အကြီးဆုံး ရေတံခွန် ဖြစ်လာပါတယ်။ တာ့တျယ်ရွှေ ရေတံခွန်နဲ့ မိုင်အနည်းငယ် ကွားဝေးရာနေရာမှာသာ မိုးမြေကိုသိမ့်သိမ့် တုန်စေတဲ့ ရေသံကို ကြားရနိုင်ပါတယ်။

1

打工人的周末,与其宅在昆明城中被“钢铁森林”覆盖,不如说走就走,来一次真正的绿色健康徒步之旅,见识见识真正的森林。小编为你推荐,昆明周边3小时车程内风景绝美、小众清静的6个徒步胜地。

2

玉溪么波冲

么波冲村位于玉溪市华宁县通红甸乡的西南边,这里有高山、有水库、草地、牛羊和蓝天白云,还有悠悠风车。这里的植被茂密,空气清新,满眼绿色直接铺到天边和湛蓝的天空交汇在远处的地平线上。

8

安宁黑风山

黑风山是安宁地区最高峰,整个山区植被茂密苍翠,溪流清澈,山势陡峭。山上多为小松林,山谷内有常绿阔叶林和荆棘丛生的灌木林。在这里呼吸着清新的空气,远离城市喧嚣,让人仿佛置身世外桃源一般。周边围绕着十多条溪谷,在眼下野生菌生长的季节,你甚至可以一边欣赏沿途美景,一边努力寻找野生菌的身影。

10

昆明摩天岭

昆明北市区最高的山峰除了长虫山,还有另一个可以俯瞰城区的好地方。海拔2450米的这座山是户外运动爱好者攀登的目标,也是昆明越野穿越的经典路线。徒步、骑行、驾车穿越都非常棒,登顶后可以欣赏到无限美景,俯瞰整个昆明城区和松华坝水库全貌。

12

江川梁王山

昆明周边有四五座名为梁王山的山峰,其中最著名的是位于澄江县北面的一座,也就是位于抚仙湖西面的山峰。当天气晴朗时,可以将滇池、抚仙湖和星云湖尽收眼底。

13

石林大叠水瀑布

大叠水瀑布位于昆明市石林县西南25公里处。其宽20米、高120米的惊人数据使其成为云南最大的瀑布。在距离大叠水瀑布数里之外,便能听到隆隆水声震天动地,山谷回响。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်