ယူနန်ပြည်နယ် မန်စီမြို့ရှိ ဤမြို့နယ်သည် အလွန်လှပ

2023-07-31 22:16|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့ကျန်းတုံးမြို့နယ်သည် ယူနန်ပြည်နယ် တက်ဟုန်း တိုင်လူမျိုးနှင့် ဂျိန်ဖော့လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မန်စီမြို့၏ မြောက်ပိုင်းတောင်တန်းဒေသတွင် တည်ရှိပြီး မြို့နယ်တစ်ခုလုံးတွင် ဒေသသုံးဖက်မြင်ရာသီဥတု ထင်ရှားပေါ်လွင်လှသည်။ ကျန်းတုံးမြို့နယ်ရှိ ဘဝသည် သက်သောင့်သက်သာ စိမ်စိမ်ပြေပြေရှိ၍ လူများသည် ဤနေရာ၌ ထွန်ယက်စိုက်ပျိုးနေထိုင် သည့်အပြင် လူသားများနှင့် သဘာဝလောကကြီး အတူယှဉ်တွဲ နေထိုင်သည့် ပြေပြစ်မှုကိုလည်း ခံစာရပါသည်၊ ကျန်းတုံးမြို့နယ်သို့ ဝင်ရောက်လျှင် ထောင်ရွမ်းမင်မှာ ရေးသားဖော်ပြသည့် "လူ့လောက အပြင်ဘက် ငြိမ်းအေးသာယာသော မက်မွန်ပန်းရိပ်မြုံ" ထဲသို့ ဝင်ရောက်သကဲ့သို့ ဖြစ်ပါသည်။

ကျန်းတုံးမြို့နယ်တွင် ရှေးဟောင်းပိတ်ထည်ရက်နည်း၊ တောဘွဲ့၊ တူရိယာများဖြင့် တွဲဖက်သီဆိုတီးမှုတ်ပြီး ပုံပြင်များကို ဆိုခြင်း စသည့် ရိုးရာယဉ်ကျေးမှုများသည် အကြောင်းစုံ လေးနက်၍၊ ကွမ်းယင်းဘုရားကျောင်း၊ ကျန်းတုံးသောက်ဖော မိုပေါင်းသောင်းချီသည့် လက်ဖက်ဥယျာဉ်၊ နှစ်ပေါင်းထောင်ချီသည့် ရှေးဟောင်းလက်ဖက်ပင်များ၊ သိုစန်းဟယ်ရေတံခွန်တို့သည် ကျန်းတုံးမြို့နယ်၏ လှပရှုခင်းများကို ဖွဲ့စည်းဖြစ်လာ၍၊ ဂျုံပင်ပေါက်သကြား၊ ဆန်အရက်၊ လုံကျန်းငါး၊ အားချောင်ဘဲ စသည်တို့သည် ကျန်းတုံးမြို့နယ်တွင် အထူးရှိသည့် အစားအစာ ယဉ်ကျေးမှုများကို ဖွဲ့စည်းဖြစ်လာ၍၊ လက်ဖက်ခြောက်နှင့် သစ်ကျားသီး စသည့် အထူးထွက်ကုန်များသည် တောနက်တောင်နက်ကြီးမှ ထွက်သွားပြီး ကျန်းတုံးမြို့နယ်၏ အမည်ကတ်ပြား တစ်ချပ်ကို ဖြစ်လာခဲ့ပြီ။ ယခုနှစ်များတွင် နယ်ခံသည် ကျေးလက်ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်း အမှတ်တံဆိပ်ကို အဆက်မပြတ် ကောင်းမွန်စေခဲ့၍ ကျန်းတုံးမြို့နယ်၏ ကျော်ကြားမှုနှင့် နာမည်ကောင်းမှုကို မြှင့်တင်ခဲ့၍ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများကို နက်ရှိုင်းစွာ ပေါင်းစပ်စေခဲ့သည်။

江东乡位于云南省德宏傣族景颇族自治州芒市的北部山区,全乡地区性立体气候明显。江东乡的生活闲适自然,人们在这里耕种生活,也在这里享受着人与自然共处的和谐,走进江东乡,仿佛走进了陶渊明笔下的“世外桃源”。

江东乡古法织布、山歌、唱书等传统文化积淀深厚;观音寺、江东道坡万亩茶园、千年古茶树、夺山河瀑布,构成了江东乡的旖旎风光;麦芽糖、小锅米酒、龙江鱼、阿昌鸭等构成了江东乡独有的美食文化;茶叶、核桃等特产更是走出深山,成为江东乡的一张名片。近年来,当地不断提升乡村文化旅游品牌,提高江东乡的知名度、美誉度,助推文化、旅游产业的深度融合。(李波全)

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်