ကူမင်းမြို့ အသံလွှင့်နှင့် ရုပ်မြင်သံကြား အစီအစဉ်များကို မိုဟန်မြို့နယ်တွင် တရားဝင် အကောင်အထည်ဖော်၍ စတင်ထုတ်လွှင့်ခဲ့
2023-07-31 00:57|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဇူလိုင်လ ၂၄ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ကူမင်းမြို့ပါတီကော်မတီ ပြန်ကြားရေးဝန်ကြီးဌာနမှ ညွှန်ကြားပြီး ကူမင်းမြို့ အသံလွှင့်နှင့် ရုပ်မြင်သံကြား ဦးစီးဌာနနှင့် ကူမင်းအသံလွှင့်နှင့် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာနတို့ ဦးစီးကျင်းပသည့် "ကူမင်းမြို့ အသံလွှင့်နှင့် ရုပ်မြင်သံကြား အစီအစဉ်များအား တရုတ် မိုဟန်-လာအို ဘိုဒင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်သို့ ပို့ခြင်းဆိုင်ရာ သတင်းထုန်ပြန်ရေးရှင်းလင်းပွဲ" ကို ကူမင်း ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာနမှ မီဒီယာပေါင်းစည်းမှု ကွပ်ကဲစင်တာ၌ ကျင်းပခဲ့၍ ကူမင်းမြို့ အသံလွှင့်နှင့် ရုပ်မြင်သံကြား အစီအစဉ်များကို မိုဟန်မြို့နယ်တွင် တရားဝင် အကောင်အထည်ဖော်၍ စတင်ထုတ်လွှင့်သည်ကို အမှတ်အသားပြုခဲ့သည်။
ဤစီမံကိန်းသည် ကူမင်းအသံလွှင့်နှင့် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာနမှ ကူမင်းသတင်း အထွေထွေ HD ချန်နယ်လိုင်း၊ ကူမင်းမြို့လူမှုရေး HD ချန်နယ်လိုင်းနှင့် ကူမင်းပညာရေး HD ချန်နယ်လိုင်း စုစုပေါင်း ရုပ်မြင်သံကြား အစီအစဉ် ၃ ခုကို မိုဟန်မြို့နယ်သို့ ပို့ပြီး ကေဘယ်လ် ရုပ်မြင်သံကြားကွန်ရက်ထဲတွင် ထုတ်လွှင့်မည် ဖြစ်သည်၊ ထို့ပြင် ကူမင်းအသံလွှင့်နှင့် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာနမှ အထွေထွေအသံလွှင့်၊ စာပေအနုပညာနှင့် ခရီးသွားလာရေး အသံလွှင့်၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဂီတအသံလွှင့်နှင့် သက်ကြီးရွယ်အို အသံလွှင့် စုစုပေါင်း အသံလွှင့်အစီအစဉ် ၄ ခုကို မိုဟန်မြို့နယ်သို့ ပို့ပြီး ကေဘယ်လ် ရုပ်မြင်သံကြားကွန်ရက်ထဲတွင် အရင်ထုတ်လွှင့်မည် ဖြစ်သည်။
ကူမင်းမြို့ အသံလွှင့်နှင့် ရုပ်မြင်သံကြား အစီအစဉ်များကို တရုတ် မိုဟန်-လာအို ဘိုဒင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်မှ မိုဟန်မြို့နယ်တွင် တရားဝင် အကောင်အထည်ဖော်၍ စတင်ထုတ်လွှင့်ခဲ့သည် နှင့်အမျှ မိုဟန်မြို့နယ်မှ ပြည်သူလူထုများသည် အများသုံးနေရာအသီးသီးတွင် ကေဘယ်လ် ရုပ်မြင်သံကြား မှတစ်ဆင့် ကူမင်းမြို့သူမြို့သားများ နှင့်အတူ ကူမင်းမြို့၏ အသံလွှင့်နှင့် ရုပ်မြင်သံကြား အစီအစဉ်များကို ဖမ်းယူကြည့်ရှု၊ နားဆင်နိုင်၍ ကူမင်းမြို့၏ လူမှုရေးဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုများနှင့် စိတ်အား၊ ယဉ်ကျေးမှုဆိုင်ရာ ဘဝများထဲသို့ တစ်ဆင့်တို့၍ ဝင်ရောက်နိုင်ကြသည်။ ကူမင်း ပညာရေး ရုပ်မြင်သံကြားဌာနသည်လည်း မိုဟန်မြို့နယ်သို့ သွားရောက်ကာ အင်တာဗျူးနှင့် သတင်းပို့အလုပ်ကို ဆောင်ရွက်ရမည် ဖြစ်၍ ဒေသခံ ပညာရေးရလဒ်များနှင့် ဆရာများ၊ ကျောင်းသူကျောင်းသားများ၏ သိမ်မွေ့သော ဟန်အမူအရာများကို ပြသရမည် ဖြစ်သည်။
昆明信息港讯 记者洪俊杰 7月24日,中共昆明市委宣传部指导,昆明市广播电视局、昆明广播电视台主办的“昆明市广播电视节目传送至中国老挝磨憨-磨丁经济合作区新闻发布会”在昆明电视台融媒体指挥中心举行,标志昆明市广播电视节目正式落地磨憨镇并开通播出。
本次项目将昆明广播电视台的昆明新闻综合高清频道、昆明春城民生高清频道和昆明教育电视台的高清频道共计3套高清电视节目传输至磨憨镇,并在有线电视网络中播出。将昆明广播电视台的综合广播、文艺旅游广播、交通音乐广播和老年广播共计4套广播节目传输至磨憨镇,先期在有线电视网络中播出。
随着昆明市广播电视节目正式落地中国老挝磨憨-磨丁经济合作区磨憨镇并开通播出,磨憨镇的广大居民和各类公共场所可以通过有线电视,与昆明市民一样,同步收听收看到昆明市的广播电视节目,进一步融入昆明市的社会公共服务和精神文化生活。昆明教育电视台也将适时到磨憨镇采访报道,展示当地教育教学的成果和师生们的风采。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ