(၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို သြဂုတ်လ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကူမင်းမြို့တွင် ကျင်းပမည်

2023-07-31 16:29|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့(၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် တရုတ်နိုင်ငံနှင့် တောင်အာရှအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အကြောင်းအရာများကို မိတ်ဆက်ပေးရန် ဇူလိုင်လ ၂၅ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းနှင့်ပြန်ကြားရေးရုံးသည် သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့သည်။ "တက်ညီလက်ညီ စည်လုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွ ရှာဖွေဖန်းတီးခြင်း" ဟူသော ခေါင်းစဉ်ဖြင့် (၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို သြဂုတ်လ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပမည် ဖြစ်၍ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့သည် အတူတကွ ဦးစီးကျင်းပမည် ဖြစ်၍ ၄င်းသည် ယခုနှစ်တွင် တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများအကြား အရေးပါသော စီးပွားကုန်သွယ်မှု ဖလှယ်ရေး လှုပ်ရှားမှုတစ်ခု ဖြစ်ကြောင်း သိရှိရပါသည်။

၁၀ နှစ်ကြာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသည် ကုန်စည် ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုနှင့် ယဉ်ကျေးမှုဖလှယ်ရေးတို့ကို ပေါင်းစပ်ထားသည့် ဘက်ပေါင်းစုံ ကုန်စည်ပြပွဲတစ်ခု ဖြစ်လာခဲ့သည်။ (၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲတွင် ပြပွဲခန်းမကြီး ၁၅ ခုကို တည်ထောင်မည် ဖြစ်ကာ တောင်အာရှ၊ အရှေ့တောင်အာရှ၊ အိန္ဒိယသမုဒ္ဒရာ တစ်ဝိုက်ဒေသများ နှင့်အကြားမှ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူပေါင်းဆောင်ရွက်မှု၊ လူမှုရေး ဖလှယ်မှုများကို တိုးမြှင့်ရန် ဗဟိုပြု၍ တည်ထောင်သည့် တောင်အာရှပြခန်း၊ အရှေ့တောင်အာရှပြခန်းနှင့် နိုင်ငံခြားပြခန်း ပြန်ခန်း ၃ ခု၊ ပရော်ဖက်ရှင်နယ် ပြပွဲ၏ ပြသရေး အယူအဆများအတိုင်း တည်ထောင်သည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုပြခန်း၊ အရင်းအမြစ်နှင့် စီးပွားရေးပြခန်း၊ ဇုန်နယ်စီးပွားရေးပြခန်း၊ ဆိပ်ကမ်းစီးပွားရေးပြခန်း၊ ဇီဝဆေးပညာနှင့် ကျန်းမာရေးပြခန်း၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပြခန်း၊ ကုန်းပြင်မြင့် အထူး ခေတ်မီလယ်ယာစိုက်ပျိုးရေးလုပ်ငန်းပြခန်း၊ ဒစ်ဂျစ်တယ်စီးပွားရေးပြခန်းနှင့် ရှေ့တန်းကျ ကုန်ထုတ်လုပ်ငန်းပြခန်း ပရော်ဖက်ရှင်နယ်ပြခန်း ၉ ခုကို အဓိက ပါဝင်ထားသည်။

ပြပွဲဧရိယာသည် ၁၅ သောင်း စတုရန်းမီတာ ကျယ်ဝန်း၍ အော့ဖ်လိုင်း ပြခန်းများ၏ အကြောင်းအရာများကို အွန်လိုင်းတွင် တပြိုင်နက် ပြသမည် ဖြစ်သည်။ လက်ရှိတွင် ပြပွဲတွင် ပါဝင်ပြသမည့် နိုင်ငံနှင့် ဒေသပေါင်း ၆၀ ခုရှိပြီး တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် RCEP အဖွဲ့ဝင်နိုင်ငံများအား အပြည့်အဝ လွှမ်းခြုံနိုင်ခဲ့သည်။ တရုတ်နိုင်ငံရှိ ပြည်နယ် ၂၈ ခု (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများနှင့် မြို့ပြ) သည် ယင်းပြပွဲတွင် ပါဝင်တက်ရောက်ကာ ခင်းကျင်းပြသမည့် လုပ်ငန်းအဖွဲ့အရေအတွက်မှာ ၁၀၀၀ နီးပါးရှိသည်။ 

ဤအကြမ်ပြပွဲတွင် လှုပ်ရှားမှုပေါင်း ၁၄ ခုကို ကျင်းပမည် ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနား စသည့် အထူးလှုပ်ရှားမှု ၃ ခုအပြင် (၄) ကြိမ်မြောက် တရုတ်-တောင်အာရှ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်၊ ၂၀၂၃ ခုနှစ် မဲခေါင်မြစ်ဝှမ်းဒေသခွဲ စီးပွားရေးစင်္ကြံ ပြည်နယ်/တိုင်းအဆင့် ခေါင်းဆောင်များဖိုရမ်၊ (၁၆)ကြိမ်မြောက် တရုတ်-တောင်အာရှ စီးပွားရေးဖိုရမ်၊ (၄) ကြိမ်မြောက် တရုတ်-တောင်အာရှ နည်းပညာ လွှဲပြောင်းရေးနှင့် ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေး ညီလာခံ၊ (၉) ကြိမ်မြောက် တရုတ်-တောင်အာရှ အရှေ့တောင်အာရှ ဉာဏ်ကြီးရှင်များအဖွဲ့ဖိုရမ်၊ (၅) ကြိမ်မြောက် တရုတ်-အရှေ့တောင်အာရှ စီးပွားရေးဖိုရမ်၊ (၂) ကြိမ်မြောက် RCEP အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၊ (၄) ကြိမ်မြောက် ခေတ်သစ် နယ်စပ်တစ်လျှောက် တံခါးဖွင့်ခြင်းဖိုရမ် စသည့်  ပရော်ဖက်ရှင်နယ် ဖိုရမ် ၈ ခုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ၏ စာချုပ်ချုပ်ဆိုခြင်း အခမ်းအနား စသည့် ဆက်စပ်လှုပ်ရှားမှု ၃ ခုကိုလည်း ကျင်းပမည် ဖြစ်၍ အတူဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးသည့် သုတေသန အစီရင်ခံစာများနှင့် ပူးပေါင်းဆောင်ရွက်မှု အဆိုပြုချက်များ စသည့် အရေးကြီးသော အစည်းအဝေးရလဒ်များကို ထုတ်ပြန်မည် ဖြစ်သည်။

7月25日下午,国务院新闻办公室举行新闻发布会,介绍第7届中国—南亚博览会及中国与南亚经贸合作有关情况。以“团结协作,共谋发展”为主题的第7届中国—南亚博览会将于8月16日至20日在云南昆明举办,由商务部和云南省人民政府共同主办,是今年中国同南亚国家重要的经贸交流活动之一。

经过10年发展,南博会已成为集货物贸易、投资促进、旅游合作和文化交流于一体的综合性博览会平台。第7届中国—南亚博览会将设置15个展馆,主要包括:围绕促进与南亚、东南亚及环印度洋地区的经贸合作、人文交流,设置南亚馆、东南亚馆和境外馆3个展馆;按照专业展览展示理念,设置区域合作馆、资源经济馆、园区经济馆、口岸经济馆、生物医药和大健康馆、文化旅游馆、高原特色现代农业馆、数字经济馆、先进制造业馆9个专业展馆。

展览面积15万平方米,线上同步展示线下展馆内容。目前,已有60个国家和地区报名参展,南亚、东南亚国家和RCEP成员国实现全覆盖;国内已有28个省(区、市)报名参展。报名参展企业数已接近1000家。

本届展会共举办14场会期活动,除开幕式等3个专场活动外,将举办第4届中国—南亚合作论坛、2023年大湄公河次区域经济走廊省长论坛、第16届中国—南亚商务论坛、第4届中国—南亚技术转移与创新合作大会、第9届中国—南亚东南亚智库论坛、第5届中国—东南亚商务论坛、第2届RCEP国际贸易投资合作论坛、第4届新时代沿边开放论坛等8个专业论坛,以及经贸合作项目签约仪式等3个配套活动,将发布一批促进共同发展的研究报告、合作倡议等重要会议成果。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်