တရုတ်-လာအို ရထားလမ်းသည် ပြောင်းလဲမှုအသစ်ကို ထပ်ရှိပြီး အမြန်ရထားဖြင့် လာအိုနိုင်ငံသို့သွားရန် ၁ နာရီကြာ အတိုချုံ့
2023-07-27 17:45|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) China Railway Kunming Group Co.,Ltd. မှ သတင်းအရ ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ တရုတ်-လာအို ရထားလမ်းသည် ရထားပြေးဆွဲခြင်း အစီအစဉ်သစ်ကို လက်တွေ့ဆောင်ရွက်ခဲ့ပြီး ကူမင်းတောင်ပိုင်းဘူတာရုံမှ ဗီယင်ကျန်းမြို့သို့ နိုင်ငံတကာ ခရီးသည်တင်ရထား အမှတ် D887/8 ၏ ခရီးစဉ်တစ်ခုလုံး ပြေးဆွဲချိန်ကို ယခင်က ၁၀ နာရီခွဲမှ ၉ နာရီခွဲအထိ အတိုချုံ့စေခဲ့သည် ဖြစ်၍ အမြန်ရထားဖြင့် လာအိုနိုင်ငံသို့သွားလျှင် ပိုမိုလျင်မြန်လွယ်ကူသွားမည် ဖြစ်ကြောင်း သိရှိရခဲ့သည်။
ယခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် တရုတ်-လာအို နှစ်နိုင်ငံတို့မှ ပြည်သူလူထုများ၏ တရုတ်-လာအို ရထားကို စီးခြင်းဖြင့် နယ်စပ်ဖြတ်ကျော် ခရီးထွက်နိုင်ပြီး ခရီးသွားလာရေး ပြုလုပ်နိုင်သည့် ကောင်းမွန်လှပသော ဆန္ဒများအား ပြည့်ဝစေရန်အတွက်တရုတ်နှင့် လာအို နှစ်နိုင်ငံတို့၏ တက်ကြွသော တွန်းအားပေးမှုအောက်တွင် တရုတ်-လာအို ရထားလမ်းမှ ကူမင်းတောင်ပိုင်းဘူတာရုံနှင့် ဗီယင်ကျန်းဘူတာရုံတို့သည် နိုင်ငံတကာ ခရီးသည်တင်ရထားကို အပြန်အလှန် ခုတ်မောင်းလာခဲ့သည်။ ရက်ပေါင်း တစ်ရာကျော် ပြေးဆွဲရာတွင် ပြည်တွင်းပြည်ပ ခရီးသည်များ၏ နှစ်သက်မှုကို များများရရှိခဲ့၍ ခရီးသည် စုစုပေါင်း အယောက် ၄.၂ သောင်းကို ပို့ဆောင်ခဲ့သည်။
တရုတ်-လာအို ရထားလမ်းမှ နိုင်ငံတကာခရီးသည်တင်ရထား စတင်ဖွင့်လှစ်ချိန်တွင် တရုတ်နိုင်ငံ မိုဟန်ရထားလမ်း နယ်စပ်ဂိတ်နှင့် လာအိုနိုင်ငံ ဘိုဒင်ရထားလမ်း နယ်စပ်ဂိတ်တို့၌ နှစ်နေရာတွင် စစ်ဆေးမှု နှစ်ကြိမ်ကို ဆောင်ရွက်ခဲ့ပြီး ခရီးသည်များအတွက် ပြည်ထွက်၊ ပြည်ဝင်ရန် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်သည့် အချိန် ၁ နာရီခွဲခန့် ခွဲခြားပြီး လိုအပ်ခဲ့ပြီး တစ်ကြိမ်တာ၏ အကောက်ခွန်ရှင်းလင်းရေး အချိန် စုစုပေါင်း ၃ နာရီခန့် လိုအပ်ခဲ့သည်။ တရုတ်-လာအို ရထားလမ်းမှ နိုင်ငံတကာခရီးသည်တင်ရထားများ၏ ပြေးဆွဲခြင်းအရည်အသွေးကို တစ်ဆင့်တိုးပြီး တိုးမြှင့်သည့်အတွက် China Railway Kunming Group Co.,Ltd. သည် အကောက်ခွန်ရုံး၊ နယ်စပ်စစ်ဆေးရေးဌာနများတို့နှင့် တက်ကြွစွာ ညှိနှိုင်းဆွေးနွေးခဲ့၍ စောစောပိုင်းကာလတွင် အကောက်ခွန်ရှင်းလင်းရေးဆိုင်ရာ ဝန်ဆောင်မှု အတွေ့အကြုံများနှင့် ခရီးသည်များ၏ ပြည်ဝင်ပြည်ထွက် လိုအပ်ချက်များ စသည်တို့အတိုင်း ဝန်ထမ်းများနှင့် ပစ္စည်းကိရိယာများကို ပိုမိုများပြားစွာ စီစဉ်ခဲ့ကာ လုပ်ငန်းစဉ်ကို တစ်ဆင့်တိုး၍ ကောင်းမွန်စေအောင် လုပ်ဆောင်ခဲ့ပြီး ခရီးစဉ်တစ်ခုလုံး၏ အကောက်ခွန်ရှင်းလင်းရေး အချိန်ကို ၂ နာရီခန့်သို့ လျှော့ပစ်စေခဲ့သည်။
နွေရာသီကျောင်းပိတ်ရက်အတွင်း တရုတ်-လာအို ရထားလမ်း၏ ခရီးသည်စီးဆင်းမှု များသောကြောင့် ရထားလမ်းဌာနသည် ခရီးသည်စီးဆင်းမှု၏ ပြောင်းလဲမှုအရ "တစ်နေ့စီ မြေပုံတစ်ချပ်စီ"ကို ကျင့်သုံးမည်ဖြစ်၍ ရထားပြေးဆွဲမှု ပမာဏကို အချိန်မကိုက် ပြန်လည်စီစဉ်မည် ဖြစ်သည်။ ခရီးထွက်လိုအပ်ချက် ရှိသည့်ခရီးသည်များအတွက် 12306 မိုဘိုင်းဖုန်း APP နှင့် ဘူတာရုံးတစ်ခုစီ၏ ကြေငြာချက်များကို အာရုံစိုက်ကာ ခရီးထွက်စီမံကိန်းကို ကြိုတင်ရေးဆွဲပါ ဖြစ်ကြောင်း ရထားလမ်းဌာနက သတိပေးခဲ့သည်။
新华网昆明7月26日电 来自中国铁路昆明局集团有限公司的消息,自7月25日起,中老铁路实施新的列车运行图,昆明南至万象D887/8次国际旅客列车的运行时间,全程从之前的10个半小时压缩至9个半小时左右,坐上动车去老挝,更快速、更方便!
今年4月13日,为满足中老两国民众乘坐中老铁路跨境出行和观光旅游的美好愿望,在中老两国的积极推动下,中老铁路昆明南站、万象站双向对开国际旅客列车。开行100多天来,中老铁路国际旅客列车深受中外旅客的青睐,累计发送旅客数量达4.2万人次。
中老铁路国际旅客列车开通初期,中国磨憨和老挝磨丁铁路口岸实行两地两检,旅客出境、入境通关时间各需1.5小时左右,单次口岸通关时间共需3小时左右。为进一步提升中老铁路国际旅客列车开行品质,中国铁路昆明局集团有限公司积极与海关、边检部门沟通协调,根据前期通关服务经验、旅客出入境需求等,相应地增加了人员和设备投入,进一步优化流程,将全程通关时间压缩至2小时左右。
暑运期间,中老铁路客流旺盛,铁路部门将根据客流变化,实行“一日一图”,动态调整列车开行对数。铁路部门提醒有出行需求的旅客,请密切关注12306手机APP和各车站公告,提前做好出行规划。(念新洪)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ